Headlines

ဒရုန်းသုံး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို ကြိုတင်ကာကွယ်သတိထားရန် မီဇိုရမ်ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။

မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဒရုန်း (Drone) နည်းပညာလိုမျိုး အဆင့်မြင့်နည်းပညာသစ်တွေကို အသုံးပြုပြီး မှောင်ခိုကူးလာနိုင်မယ့် အခြေအနေတွေကို ကြိုတင်ပြင်ဆင် သတိထားကြဖို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က တိုက်တွန်းသတိပေးလိုက်ပါတယ်။

Dawrpui Multipurpose Hall မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးချုပ်က တက်ရောက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အစိုးရအရာရှိတွေနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို အခုလိုမျိုး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူက ဆက်လက်ပြောကြားရာမှာ မူးယစ်ဆေးဝါးကုန်သွယ်မှု ကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုခေတ်မီဆန်းပြားလာသလို၊ ချက်လုပ်ထားတဲ့ စိတ်ကြွဆေးဝါးတွေ (Synthetic drugs) အပြင် သယ်ယူပို့ဆောင်ရေးအတွက်ပါ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာကြတာကြောင့် အနာဂတ်မှာ ဒရုန်းတွေနဲ့ပါ မူးယစ်ဆေးဝါး သယ်ဆောင်လာနိုင်မယ့် ဘေးအန္တရာယ်ကို အာဏာပိုင်တွေအနေနဲ့ ကြိုတင်ပြင်ဆင် တွန်းလှန်ရမယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရာ နယ်စပ်ဒေသတွေနဲ့ နီးစပ်လွန်းတာကြောင့် ယခုကဲ့သို့ ပြောင်းလဲလာမယ့် မှောင်ခိုကူးမှု ပုံစံသစ်တွေကို မျက်ခြေမပြတ် ကြိုတင်သတိထားဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

မီဇိုရမ်ရဲ့ တရားဝင်မှတ်တမ်းတွေအရ ၁၉၈၄ ခုနှစ်ကနေ စတင်ပြီး မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁,၈၀၀ ကျော် (၁,၈၀၄ ဦး) အထိ တရားဝင် ရှိခဲ့ပါတယ်။ တစ်နှစ်ကို ပျမ်းမျှ လူနာ ၄၀ မှ ၇၀ ကျော်အထိ မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ The Hindu သတင်းဌာနကမှာ ဖာ်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *