Headlines

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံပြန်ပို့ခံရသူတွေအထဲ ချင်းလူမျိုး ၁၀ ဦးခန့်ပါဝင်

ဇွန်လ ၁၆ ရက်။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား နိုင်ငံခြားသားအကျဉ်းသားတွေကို ဇွန်လ ၁၅ ရက်နေ့က သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့လိုက်တဲ့အထဲ ချင်းလူမျိုး ၁၀ ဦးခန့်ပါဝင်တဲ့ မြန်မာနိုင်ငံသား ၃၆ ဦး အပါအဝင် နိုင်ငံခြားသား ၁၃၂ ဦး ပါဝင်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ၊ ရန်ကုန်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး ထဲမှာ ချင်းလူမျိုးတချို့လည်း ပါဝင်ပြီး ပလက်ဝ နဲ့ တီးတိန်ဘက်က ချင်းအမျိုးသားတချို့နဲ့ ချင်းအမျိုးသမီးတချို့အပါအဝင် စုစုပေါင်း ၁၀ ဦးဝန်းကျင်ခန့် ပါဝင်နိုင်တယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီကနေသိရပါတယ်။ ဇွန်လ ဒုတိယပတ်အတွင်း လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ အကျဉ်းကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး၊…

Read More

ပွင့်လင်းမြင်သာမှုနဲ့ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ မီဇိုရမ်အစိုးရကို ကွန်ဂရက်ပါတီ စွပ်စွဲ

ဇွန်လ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က အတိုက်အခံ ကွန်ဂရက်ပါတီဟာ ဇွန်လ ၁၂ ရက် မှာ လက်ရှိအာဏာရ Zoram People’s Movement (ZPM) အစိုးရကို ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး၊ တာဝန်ခံမှုရှိမှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်နေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ အိုင်ဇောလ်မြို့ရှိ Congress Bhavan မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ ပြည်နယ်ကွန်ဂရက်ပါတီ ဒုတိယဥက္ကဋ္ဌ Lalnunmawia Chuaungo က ZPM အစိုးရဟာ သန့်ရှင်းတဲ့ အုပ်ချုပ်ရေးစနစ်ကို အခြေခံပြီး အာဏာရလာခဲ့တာ ဖြစ်ပေမဲ့လည်း ယခင် မီဇိုအမျိုးသားတပ်ဦး (MNF) အစိုးရရဲ့ လုပ်ထုံးလုပ်နည်း အတော်များများကို ဆက်လက် ကျင့်သုံးနေတယ်လို့ စွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။ “ZPM…

Read More

Mytel ရဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကြော်ငြာ Facebook စာမျက်နှာကို ဖယ်ရှား

ဇွန်လ ၁၃ ရက်။ Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် Mytel ပိုင်ဆိုင်တဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကြော်ငြာ TV360 Facebook စာမျက်နှာကို သောကြာနေ့တွင် ဖယ်ရှားလိုက်ကြောင်း Justice For Myanmar ကထုတ်ပြန်ပါတယ်။ အဆိုပါ စာမျက်နှာကို စစ်တပ်ပိုင်ကုမ္ပဏီဖြစ်သော Mytel က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာရန် အသုံးပြုနေခဲ့ခြင်းဖြစ်ကြောင်း၊ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ထားသည့် Mytel သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ဖီဖာ၏ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုသည့် လုပ်ရပ်လည်းဖြစ်ကြောင်း Justice For Myanmar ကဆိုပါတယ်။ “မြန်မာစစ်တပ်နှင့်…

Read More

မလေးရှားမှာ ၃ ထပ်တိုက်ပေါ်မှ ခုန်ချတဲ့ ချင်း အမျိုးသမီးငယ် ၁ ဦး အသက်ရှင်လွတ်မြောက်သော်လည်း ခြေထောက် ၂ ဖက် ကျိုး

ဇွန်လ ၁၁ ရက်။ ဇွန်လ ၁၀ ရက်နေ့က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်း (Senai) ဒေသရှိ ၃ ထပ်တိုက်ပေါ်ကနေ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားတယ်လို့ သံသယရှိရသည့် အသက် ၂၀ အရွယ် Lia Cing Khawl Nuam ဟာ အသက်ရှင် လွတ်မြောက် သော်လည်း ခြေနှစ်ဖက်စလုံး ကျိုးသွားခဲ့ကြောင်း မလေးရှားနေ ချင်းလူမျိုး တဦး ထံမှ သိရှိရ ပါတယ်။ “ဖြစ်ဖြစ်ချင်း ကူလိုင်းဆေးရုံ (Kulai Hospital) ကို အရေးပေါ် အမြန်ဆုံးပို့ဆောင်ခဲ့ရတယ်။ လက်ရှိ အချိန်မှာတော့ သတိပြန်လည်လာပါပြီ။ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူး လို့ သိရ ပါတယ်။ ခြေထောက် နှစ်ဖက်စလုံး ကျိုးသွားသည့်အတွက်…

Read More

မီဇိုရမ်-မြန်မာနယ်စပ် ဒရုန်းသင်တန်းပေးမှု အမှုတွင် ဖမ်းဆီးထားသည့် နိုင်ငံခြားသား ၇ ဦး၏ အသံနမူနာများကို ရယူရန်နှင့် စစ်ဆေးကာလတိုးမြှင့်ရန် NIA လျှောက်ထား

ဇွန်လ ၁၀ ရက်။ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို အခြေပြုပြီး မြန်မာနိုင်ငံတွင်းက တော်လှန်ရေးအင်အားစု တွေကို ဒရုန်းသင်တန်းပေးတယ်ဆိုတဲ့ အမှုတွဲနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးရဲ့ စုံစမ်းစစ်ဆေးမှု ကွင်းဆက် ပိုမိုခိုင်မာလာစေဖို့အတွက် ၎င်းတို့ရဲ့ အသံနမူနာ (Voice Samples) များ စုဆောင်းခွင့်နဲ့ စစ်ဆေးရေးကာလ တိုးမြှင့်ခွင့်တို့ကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က တစ်ပြိုင်နက်တည်း တောင်းခံလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ ပါဝင်တဲ့ အဆိုပါ ဖမ်းဆီးခံထားရသူတွေထံကနေ အသံနမူနာတွေ စုဆောင်းခွင့်ပေးဖို့ NIA က ဒေလီမြို့ ပတီးယားလားဟောက်စ် (Patiala House) တရားရုံးရှိ အထူးတရားသူကြီး ပရာရှန့်ရှာမာထံ ဘာရာတီယာ နာဂရစ် ဆူရက်ရှာ ဆန်ဟီတာ (BNSS)…

Read More

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရက ဆန်အခမဲ့ဖြန့်ဝေပေးမယ်လို့သိရ

ဇွန်လ ၁၀ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်များအပါအဝင် ဒုက္ခသည်များကို ဗဟိုအစိုးရက ယခုဇွန်လမကုန်မီ ဆန်အခမဲ့ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ မီဇိုရမ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါဆန်များကို အိန္ဒိယဗဟိုအစိုးရက ထောက်ပံ့ပေးမှာဖြစ်ပြီး စုစုပေါင်း မက်ထရစ်တန်ချိန် ၁,၂၉၁ တန်ကျော်ရှိကြောင်း ဖော်ပြထားပြီး ဆန်တွေကိုလည်း ခရိုင်အသီးသီးရှိ ဂိုဒေါင်များသို့ ပို့ဆောင်ထားပြီးဖြစ်ကာ ဇွန်လ ၃၀ ရက်မတိုင်မီ ဒုက္ခသည်များထံ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မီဇိုရမ်ပြည်နယ်မှာ လက်ရှိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၂၉,၇၀၂ ဦး ခိုလှုံနေပြီး အများဆုံးမှာ ချမ်ဖိုင် (Champhai) ခရိုင်တွင် ၁၂,၀၈၃ ဦးရှိတယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရပြီး လောင်တလိုင် (Lawngtlai) ခရိုင်မှာလည်း မြန်မာစစ်ဘေးရှောင် ၆,၃၂၈ ဦး နေထိုင်လျက်ရှိတယ်လို့…

Read More

မီဇိုရမ်-မြန်မာ မူးယစ်ဆေးဝါး သယ်ယူရာလမ်းကြောင်းမှ တရားမဝင်ငွေနှင့် ပိုင်ဆိုင်မှု ရူပီး ကုဋေ ၁၄၂ ကျော် စုံစမ်းဖော်ထုတ်

ဇွန်လ ၁၀ ရက်။ အိန္ဒိယနိုင်ငံ ပြည်နယ်အချင်းချင်းနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကွန်ရက်နဲ့ ဆက်နွှယ်နေတဲ့ ငွေကြေးခဝါချမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းကနေ လက်ရှိအချိန်အထိ (၁) နှစ်နီးပါး ကာလအတွင်း ရာဇဝတ်မှုကနေ ရရှိထားတဲ့ အိန္ဒိယရူပီးငွေ ကုဋေ ၁၄၂ ကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်) တန်ဖိုးရှိတဲ့ တရားမဝင်ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီလို့ အိန္ဒိယအမှုစုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (ED) ရဲ့ အရာရှိတွေက ပြောပါတယ်။ အဆိုပါ မူးယစ်မှောင်ခိုကွန်ရက်ကို ဖြိုခွင်းနိုင်ဖို့အတွက် ED ၏ Aizawl) ရုံးခွဲက အဖွဲ့စုံဟာ ဇွန်လ ၉ ရက် အစောပိုင်းအချိန်ကစတင်ကာ မီဇိုရမ်-မြန်မာနယ်စပ်ဒေသ၊ ထရီပူရ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အနောက်ဘင်္ဂလား (West Bengal)…

Read More

မလေးရှားရောက် မြန်မာအပါအဝင် ဒုက္ခသည်များကို စိစစ်၍ ယာယီအလုပ်အကိုင်များ ဖန်တီးပေးရန် မလေးရှားအစိုးရ စီစဉ်နေ

ဇွန်လ ၈ ရက်။ မလေးရှားနိုင်ငံအတွင်း ထိန်းသိမ်းရေးစခန်းများနှင့် ပြင်ပတွင် ခိုလှုံဝင်ရောက်နေထိုင်နေကြသော မြန်မာနိုင်ငံသားများအပါအဝင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံထားသူပေါင်း ၂၀၀,၀၀၀ ကျော်ကို စိစစ်ပြီး၊ အရည်အချင်းပြည့်မီသူများကို နိုင်ငံအတွင်း လုပ်သားပြတ်လပ်နေသည့် ကဏ္ဍများတွင် ယာယီအလုပ်အကိုင်များ ဖန်တီးပေးသွားရန် မလေးရှားအစိုးရက စီစဉ်နေတယ်လို့ စင်ကာပူအခြေစိုက် Channel NewsAsia (CNA) သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မလေးရှားအစိုးရဟာ ယခုနှစ်အစပိုင်းကတည်းက ဒုက္ခသည်များ၏ ဇီဝအချက်အလက် (Biometric Data) နှင့် ကိုယ်ရေးအချက်အလက်များကို စုဆောင်း၍ Database စနစ်တစ်ခု ပြုစုခဲ့ပြီး၊ “ဒုက္ခသည် မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်း” (DPP) အစီအစဉ်၏ စမ်းသပ်ကာလအဖြစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ဒုက္ခသည်များကို တရားဝင် စတင်မှတ်ပုံတင်ပေးနေပြီ ဖြစ်ပါတယ်။ လာမည့် ဇွန်လလယ်ပိုင်းတွင်လည်း…

Read More

မြန်မာနိုင်ငံအပါအဝင် ၃၉ နိုင်ငံအပေါ် ချမှတ်ထားသည့် ရွှေ့ပြောင်းနေထိုင်ခွင့် ကန့်သတ်ချက်များကို အမေရိကန်တရားရုံး အပြီးတိုင်ပယ်ဖျက်

ဇွန်လ ၆ ရက်။ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ကနေ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားပြီး ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခံစားခွင့်တွေကို ဆိုင်းငံ့ပိတ်ပင်ထားတဲ့ မူဝါဒတွေဟာ “တရားမဝင်ဘူး” လို့ အမေရိကန်နိုင်ငံဖက်ဒရယ်တရားရုံးက ဇွန်လ ၅ ရက် သောကြာနေ့မှာ ပြတ်ပြတ်သားသား အမိန့်ချမှတ်ပြီး အပြီးတိုင် ပယ်ဖျက်ပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံ Rhode Island ပြည်နယ်၊ Providence မြို့ရှိ ဖက်ဒရယ်ခရိုင်တရားရုံးရဲ့ တရားသူကြီးချုပ် ဂျွန် မက်ကောနယ် (John McConnell) က အမေရိကန်နိုင်ငံသားဖြစ်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ရဲ့ လုပ်ရပ်တွေဟာ အခြေခံဥပဒေကို ကျော်လွန်နေပြီး သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဘဝကို ဥပဒေကြောင်းအရ လမ်းစပျောက်အောင် လုပ်ဆောင်ခဲ့တယ်လို့ စာမျက်နှာ ၁၃၅ မျက်နှာပါရှိတဲ့ စီရင်ချက်နဲ့အတူ ပြင်းပြင်းထန်ထန် ဝေဖန်ပယ်ဖျက်လိုက်တာ…

Read More

မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေတာဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်လို့ ဝန်ကြီးချုပ်ပြော

ဇွန်လ ၅ ရက်။ မြန်မာနိုင်ငံက စစ်ဘေးရှောင် အစဉ်ဆက်မပြတ်ဝင်ရောက်နေခြင်းဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ဇွန်လ ၄ ရက်နေ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့တယ်လို့ အိန္ဒိယသတင်းများအရ သိရပါတယ်။ အိန္ဒိယနိုင်ငံ ၊ မေဂါလာယာပြည်နယ် ၊ shilling မြို့မှာ ကျင်းပတဲ့ အရှေ့မြောက်ဒေသကောင်စီ ( NEC) အစည်းအဝေးအတွင်း ဆွေးနွေးမှုတွေကို မီဒီယာတွေ မေးမြန်းခဲ့ရာမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာလို့ သိရပါတယ်။ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိမှာ မီဇိုရမ်ပြည်နယ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေ အများအပြားရောက်ရှိနေသလို လုံခြုံဘေးကင်းရေး ရှာဖွေဖို့အတွက် ရောက်ရှိနေနေတဲ့ ထပ်မံဝင်ရောက်လာမယ့်သူတွေလည်း ပိုများလာနိုင်ခြေရှိနေပြီး ဒါတွေဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ကမီဒီယာတွေမှာ…

Read More