Headlines

နယူးဒေလီမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ ချင်းဒုက္ခသည်တွေ ပါဝင်ပတ်သက်တာတွေ မပြုလုပ်ကြဖို့ CRC သတိပေး

ဇူလိုင်လ ၂၂ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့အတွင်း လက်ရှိဖြစ်နေတဲ့ ဆန္ဒပြပွဲ၊ လူထုစုဝေးပွဲတွေကို နယူးဒေလီမြို့တွင် နေထိုင်တဲ့ ချင်းဒုက္ခသည်တွေအနေဖြင့် ပါဝင်ပတ်သက် ဆက်နွယ်ခြင်းမပြုလုပ်ကြဖို့ ချင်းဒုက္ခသည် ကော်မတီ – နယူးဒေလီ ( CRC) ကဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ “ ကျနော်တို့သည် ခိုလုံခွင့်လျှောက်ထားသူများနှင့် ဒုက္ခသည်များဖြစ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာကာ မိမိ လုံခြုံရေး၊ ဥပဒေရေးရာအခြေအနေနဲ့ အသိုင်းအဝိုင်းရဲ့ အကျိုးပွားထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ကြဉ်ဖို့ အထူးအရေးကြီးတယ်” လို့ ချင်းဒုက္ခသည် ကော်မတီ ( နယူးဒေလီ) က သတိပေးထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲတွေ လူစုလူဝေးများနဲ့ မငြိမ်မသက်မှုဖြစ်ပွားရာနေရာတွေကို သွားရောက်တာတွေ ရှောင်ကြဉ်ကြဖို့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့…

Read More

မီဇိုရမ်မှာ ဘိန်းဖြူရှားပါးလာပြီးဆေးခြောက်နဲ့ ချောင်းဆိုးပျောက်ဆေး သုံးစွဲမှု ပိုများလာ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဘိန်းဖြူ ရရှိနိုင်မှု လျော့ကျသွားပြီး ဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ဆေးခြောက် သုံးစွဲမှု ပိုမို ကျယ်ပြန့်လာသလို ချောင်းဆိုးပျောက်ဆေး အလွဲသုံးစွဲမှုပါ ဆက်လက် မြင့်တက်နေတယ်လို့ အိုင်ဇောလ်မြို့မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ မီဇိုရမ်ပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဓိက ကော်မတီက အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့၏ တင်ပြချက်အရ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှု ၃၁၉ မှု မှတ်ပုံတင်ခဲ့ပြီး လူပေါင်း ၄၈၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ် ဇွန်လအထိ ရဲတပ်ဖွဲ့က အမှုပေါင်း ၂၁၉ မှု မှတ်ပုံတင်ခဲ့ပြီး လူပေါင်း ၃၁၂ ဦးကို…

Read More

ပြည်ပရံပုံငွေပိတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ ဥပဒေကြမ်းကြောင့် မီဇိုရမ်တွင် ခရစ်ယာန်အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့များ ဆန္ဒပြမည်

ဇူလိုင် ၁၇ ရက်။ အိန္ဒိယဗဟိုအစိုးရက အဆိုပြုထားတဲ့ ၂၀၂၆ ခုနှစ် နိုင်ငံခြားထောက်ပံ့ငွေ (စည်းကမ်းထိန်းသိမ်းရေး) ပြင်ဆင်ချက်ဥပဒေကြမ်း (FCRA Amendment Bill, 2026) ဟာ ပြည်ပရံပုံငွေအပေါ် မှီခိုအားထားနေရတဲ့ ဘုရားကျောင်းတွေ၊ ခရစ်ယာန်အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း (NGOs) တွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ Mizoram Pradesh Congress Committee (MPCC) က စွပ်စွဲထောက်ပြလိုက်ပြီး၊ အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြည်နယ်လုံးကျွတ် ‘Black Day’ (လူမည်းနေ့) အထိမ်းအမှတ် ဆန္ဒပြပွဲ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ကြာသပတေးနေ့က Aizawl မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း MPCC ပါတီရဲ့ ဘဏ္ဍာရေးမှူး…

Read More

အိန္ဒိယ-မြန်မာနယ်စပ်တွင် ရေကြီးမြေပြိုမှုကြောင့် ဘုရားကျောင်းအပါအဝင်နေအိမ်များ ပျက်စီး

ဇူလိုင်လ ၁၅ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊Lawngtlai ခရိုင် အတွင်းရှိ Zochachhuah ကျေးရွာ မှာ ရက်ဆက်သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မုတ်သုံမိုးကြောင့် ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားပြီး ဆောက်လုပ်ဆဲ ဘုရားကျောင်းနဲ့ လူနေဆောင် အပါအဝင် ဒေသခံနေအိမ်တွေ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ Changhma Times သတင်းစာမှာ ဖော်ပြထားပါတယ်။ အဆိုပါ နယ်စပ်ကျေးရွာမှာ ပြင်းထန်တဲ့ ရေကြီးမှုကြောင့် နေအိမ် ၇ လုံး ရေမြုပ်ကာ အိမ်ထောင်စုသုံး ပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေ ရေထဲမျောပါ ဆုံးရှုံးခဲ့ရသလို၊ ကြီးမားတဲ့ မြေပြိုမှုကြောင့် ဘုရားကျောင်းဝင်းအတွင်း ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ သွပ်ပြား၊ ကြွေပြား၊ သစ်နဲ့ ကိရိယာတန်ဆာပလာတွေအားလုံး မြေစာပုံကြီးအောက် ပိမိသွားခဲ့ပြီး အများအပြား ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အခုလို…

Read More

မီဇိုရမ်ပြည်နယ်မှာ ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားပြီး အိမ်ထောင်စု ၈၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ

ဇူလိုင်လ ၁၂ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တစ်ဝှမ်း နေရာပေါင်း ၂၉ ခုထက်မကမှာ တစ်ပတ်နီးပါး မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီး ရေကြီးတာ၊ မြေပြိုတာနဲ့ ကျောက်တုံးတွေ ပြိုကျတာတွေဖြစ်ပွားခဲ့လို့ စုစုပေါင်း အိမ်ထောင်စု ၈၀ ကို ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ရပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။ တာဝန်ရှိသူတွေရဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ Lunglei ခရိုင်ထဲက Khawthlangtuipui မြစ်ရေ လျှံတက်လာတာကြောင့် အခုလို ဘေးကင်းတဲ့နေရာတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက Tlabung မြို့မှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး နေအိမ်တွေ ရေထဲလုံးဝမြုပ်တာ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း မြုပ်သွားတာကြောင့် မိသားစု ၄၂ စုကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဒါ့အပြင်…

Read More

မဲစာရင်းသစ်အရ မီဇိုရမ်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၈ သိန်းကျော်ရှိ

ဇူလိုင်လ ၇ ရက်။ India,Mizoram ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဇူလိုင်လ (၄) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ မဲဆန္ဒရှင် အကြမ်းဖျင်းစာရင်း (Draft Electoral Roll) အရ ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူ စုစုပေါင်း ၈ သိန်းကျော်ရှိပြီး မဲစာရင်းမှ ပြန်လည်ပယ်ဖျက်သူ ၅ သောင်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ မဲဆန္ဒရှင်စာရင်း အထူးအထူးတလည် ပြန်လည်စစ်ဆေးတည်းဖြတ်ခြင်း (Electoral Roll Special Intensive Revision – SIR) ၂၀၂၆ ခုနှစ် လုပ်ငန်းစဉ်အရ မီဇိုရမ်ပြည်နယ်တွင်းရှိ ခရိုင် (District) အသီးသီးမှာ မဲစာရင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့ အိုင်ဇောလ်မြို့အခြေစိုက် Vanglaini သတင်းဌာနက ဇူလိုင် (၆) ရက်နေ့မှာ ဖော်ပြပါတယ်။ စစ်ဆေးထုတ်ပြန်ရာမှာတော့…

Read More

မီဇိုရမ်သမိုင်းတစ်လျှောက် ပထမဆုံး အဂတိအစီရင်ခံစာ ထွက်ပေါ်၊ ၁၆ နှစ်အတွင်း လူ ၁၁၂ ဦး အရေးယူခံရ

ဇူလိုင်လ ၆ ရက်။ မီဇိုရမ် ပြည်နယ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB)က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး၊ အဂတိလိုက်စားမှု မှုခင်းပေါင်း ၃၅ မှု ရှိခဲ့တဲ့အနက် လူပေါင်း ၁၁၂ ဦးကို ထောင်ဒဏ်နဲ့ ပြစ်ဒဏ်တွေ ထိရောက်စွာ ချမှတ်နိုင်ခဲ့ပါတယ်။ ပြည်နယ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (ACB) က ထုတ်ပြန်တဲ့ အဆိုပါ နှစ်ပတ်လည်အစီရင်ခံစာကို ဇူလိုင်လ ပထမအပတ်အတွင်း ဝန်ကြီးချုပ်ရုံးမှာ တရားဝင် ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး၊ ၎င်းအစီရင်ခံစာအရ ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ ယခု ၂၀၂၆ ခုနှစ်အထိ ၁၆ နှစ်တာကာလအတွင်း အရေးယူမှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဝန်ကြီးချုပ် Lalduhoma က “လက်ရှိ မိမိတို့အစိုးရဟာ အဂတိလိုက်စားမှုကို လုံးဝ(လုံးဝ) သည်းခံခွင့်လွှတ်မှာမဟုတ်တဲ့ ‘Zero-Tolerance’ မူဝါဒကို ကိုင်စွဲထားတာဖြစ်ပြီး၊…

Read More

မလေးရှားလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ၅ နှစ်အတွင်း ချင်းလူမျိုး ၄ ဦး အပါအ၀င် မြန်မာနိုင်ငံသား ၆၁ ဦးသေဆုံး

ဇူလိုင်လ ၃ ရက်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲကနေ ချင်းလူမျိုး ၄ ဦးလည်း ပါဝင်တယ်လို့ မလေးရှား မြန်မာလူမူရေးအသင်းက တာဝန်ရှိသူတွေက Chin World Media ကိုပြောပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းတွင် ဖမ်းဆီးထိန်းသိန်းခံရသူ စုစုပေါင်း ၃သိန်းကျော်ရှိတဲ့ထဲကနေ ဖိလစ်ပိုင်နိုင်ငံကနေ ၂၂၂ ဦး၊ အင်ဒိုနီးရှား ၁၀၉ ဦးနဲ့ မြန်မာနိုင်ငံသား ၆၁ ဦး စုစုပေါင်း ၄၆၅ ဦး သေဆုံးခဲ့တယ်လို့ မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်ပြခဲ့တဲ့ စာရင်းတွေအရ သိရပါတယ်။…

Read More

မီဇိုရမ်ပြည်နယ်၊Aizawl ခရိုင်တွင် အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် HIV ကူးစက်မှုအများဆုံးဖြစ်ပြီး လိင်တူကူးစက်မှုနှုန်းလည်း မြင့်တက်လာ

ဇူလိုင် ၂ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Aizawl ခရိုင်အတွင်း တစ်နှစ်တာအတွင်း HIV ပိုးကူးစက်ခံရသူအသစ် ၁,၀၀၅ ဦး ရှိခဲ့ရာမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့် ကူးစက်ရတာက အများဆုံးဖြစ်နေပြီး၊ လိင်တူအချင်းချင်း ဆက်ဆံမှုကနေ ကူးစက်တဲ့နှုန်းကလည်း ပိုပြီး မြင့်တက်လာတယ်လို့ ခရိုင်အေ့ဒ်စ်ရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ ထိန်းချုပ်ရေးကော်မတီ (DAPCC) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ စစ်ဆေးမှုများကို ၂၀၂၅ – ၂၆ တစ်နှစ်အတွင်း အထွေထွေသွေးနမူနာပေါင်း ၃၆,၆၃၄ ခုကို စစ်ဆေးခဲ့ရာကနေ ပိုးတွေ့ရှိမှုနှုန်းဟာ ၂.၇၄ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ HIV ပိုးကူးစက်ခံရသူအသစ်တွေထဲမှာ အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်ပိုင်းတွေ အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၃၈၁ ဦးအထိ ရှိနေပါတယ်။ ဒါ့အပြင် အသက် ၁၄ နှစ်အောက်…

Read More

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်

ဇူလိုင်လ ၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။ IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ…

Read More