Headlines

မီဇိုရမ်ပြည်နယ်သီချင်းအဖြစ် ‘Ro Min Rel Sak Ang Che’ ကို အတည်ပြုရန် လွှတ်တော်မှာ ဆွေးနွေးမယ်

ဩဂုတ်လ ၁၈ ရက်။

Mizoram ပြည်နယ်ရဲ့ နှစ်ပေါင်းများစွာ ထင်ရှားခဲ့တဲ့ ‘Ro Min Rel Sak Ang Che’ သီချင်းကို တရားဝင် ပြည်နယ်ကိုယ်စားပြု သီချင်းအဖြစ် သတ်မှတ်ဖို့ လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

ဒီသီချင်းကို တရားဝင် ပြည်နယ်သီချင်းအဖြစ် သတ်မှတ်ဖို့ Mizoram ပြည်နယ် အစိုးရအဖွဲ့က ဩဂုတ်လ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် လွှတ်တော် အစည်းအဝေးမှာတော့ တရားဝင် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းအတည်ပြုသွားမှာပါ။

‘Ro Min Rel Sak Ang Che’ ဆိုတာ “ကျွန်ုပ်တို့ကို အုပ်စိုးလမ်းပြတော်မူပါ” လို့ အဓိပ္ပာယ်ရပြီး ၁၉၄၇ ခုနှစ်က ထင်ရှားတဲ့ မီဇို တေးရေးဆရာကြီး Rokunga ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ မီဇိုရမ် လက်နက်ကိုင် ပုန်ကန်မှု ကာလတုန်းက မြေအောက် MNF အစိုးရရဲ့ အမျိုးသားရး သီချင်းအဖြစ် အသုံးပြုခဲ့သလို၊ မီဇိုလူထုကြားမှာလည်း ပြည်နယ်ရဲ့ သီချင်းသဖွယ် ဆယ်စုနှစ်ပေါင်းများစွာ တန်ဖိုးထား သီဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ပြီး ပြည်နယ်တစ်ဝန်းက စာသင်ကျောင်းတွေမှာပါ အမြဲမပြတ် သီဆိုဖို့ ညွှန်ကြားထားခဲ့ရာကနေ အခုအခါမှာတော့ တရားဝင် ပြည်နယ်သီချင်းအဖြစ် သတ်မှတ်ခံရတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *