
အောက်တိုဘာလ ၂၃ ရက်။
ချင်းပြည်နယ်မှာ ဒီနှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၂၂ ရက်နေ့အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၁၆ ဦး နဲ့ အမျိုးသား ၄၈ ဦး ၊ စုစုပေါင်း ၆၄ ဦး သေဆုံးခဲ့ရတယ်လို့ ကောက်ယူရရှိထားတဲ့အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေးအသင်း ( AAPP) က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကြောင့် ၁၀ လအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း ၆၄ ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲတွင် အသက် ၁၈ နှစ်အောက်ကလေး ၂၄ ဦး ပါဝင်တယ်ပြီး သေဆုံးသူတွေအနက် ၅၉ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
ဒီ ၁၀ လတာကာလအတွင်း အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား ၄၈ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံကုန်သွယ်ရေးလှေဆိပ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအမြောက်အများကြဲချ တိုက်ခိုက်ခဲ့လို့ ခြောက်လအရွယ်ကလေး တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦးအထိ ဗုံးစထိမှန်သေဆုံးခဲ့ရပါတယ်။
စစ်အာဏာသိမ်းမှုအလွန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈၆၀၀ ဦး ရှိခဲ့ပြီဖြစ်တယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

