နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲကာလ ၂ လအတွင်း CDF – Asho ဘက်က ၂ ဦးကျဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်
နိုဝင်ဘာလ ၂ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း စခန်းကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲကာလ ၂ လ အတွင်း ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho) တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ခြေလက်အင်္ဂါဆုံးရှုံးသူနှစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင် ၇ ဦး ရှိခဲ့တယ်လို့ CDF – Asho က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလဆန်းကစလို့ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာရောက်တဲ့ စစ်ကော်မရှင်မရှင် စစ်ကြောင်းတွေကို အခြားတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလျှက် ကြားဖြတ်တိုက်ခိုက်ခြင်းဖြင့် ခုခံ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေတဲ့ကြောင်းကိုလည်း ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ကလည်း နတ်ရေကန်ဗျူဟာကုန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊…

