တီးတိန်မြို့နယ်ရှိ တွီးထန်ကျေးရွာကို မြို့အဆင့်သို့ တိုးမြှင့်
ဇူလိုင်လ ၁၇ ရက်။ တီးတိန်မြို့နယ် ရှိ တွီးထန်ကျေးရွာကို ဇူလိုင် ၁၇ ရက်နေ့မှာ မြို့ အဆင့်သို့ တိုးမြှင့်ပေးလိုက်တယ် လို့ ဒေသခံတွီးထန်ရွာသား များထံမှ သိရှိရ ပါတယ်။ “တွီးထန်ရွာကို ကျေးရွာ အဆင့်ကနေ မြို့ အဆင့် သို့ တိုးမြှင့် ပေးလိုက်ပါတယ်။ ဒီနေ့ ဇူလိုင် ၁၇ နေ့မှာ တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ကနေ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖတွေ ခေါ်ယူပြီး လက်မှတ် ရေးထိုး စေခဲ့ ပါတယ်။ မြို့ အဆင့် တိုးမြှင့်ပြီ ဆိုတာ အတည်ပြုလုပ် ရပါပြီ” လို့ ရွာသား တဦးက Chin World Media ရဲ့ မေးမြန်းချက်ကို…

