UFC သတင်းစာရှင်းလင်းပွဲကို ချင်းရိုးရာဝတ်စုံဖြင့် တက်ရောက်တဲ့ Joshua Van
မေလ ၈ ရက်။ မနက်ဖြန် မေလ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Newark မြို့ရှိ Prudential Center မှာကျင်းပမယ့် UFC 328 ပြိုင်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲကို UFC ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာနွယ်ဖွား ချင်းလူငယ်ဖိုက်တာ Joshua Van က ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ၎င်း၏ ပထမဆုံး ချန်ပီယံဆုကာကွယ်ပွဲအဖြစ် အဆင့် (၃) နေရာမှ စိန်ခေါ်သူ Tatsuro Taira နှင့် ရင်ဆိုင်သွားမှာဖြစ်ပြီး Joshua Van အတွက်တော့ ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ရမယ့် ပွဲလည်းဖြစ်ပါတယ်။ Tatsuro Taira ဟာ UFC ဖလိုင်းဝိတ်တန်းမှာ အဆင့်…

