မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာနေတာဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်လို့ ဝန်ကြီးချုပ်ပြော
ဇွန်လ ၅ ရက်။ မြန်မာနိုင်ငံက စစ်ဘေးရှောင် အစဉ်ဆက်မပြတ်ဝင်ရောက်နေခြင်းဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ဇွန်လ ၄ ရက်နေ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့တယ်လို့ အိန္ဒိယသတင်းများအရ သိရပါတယ်။ အိန္ဒိယနိုင်ငံ ၊ မေဂါလာယာပြည်နယ် ၊ shilling မြို့မှာ ကျင်းပတဲ့ အရှေ့မြောက်ဒေသကောင်စီ ( NEC) အစည်းအဝေးအတွင်း ဆွေးနွေးမှုတွေကို မီဒီယာတွေ မေးမြန်းခဲ့ရာမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တာလို့ သိရပါတယ်။ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် လက်ရှိမှာ မီဇိုရမ်ပြည်နယ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာရသူတွေ အများအပြားရောက်ရှိနေသလို လုံခြုံဘေးကင်းရေး ရှာဖွေဖို့အတွက် ရောက်ရှိနေနေတဲ့ ထပ်မံဝင်ရောက်လာမယ့်သူတွေလည်း ပိုများလာနိုင်ခြေရှိနေပြီး ဒါတွေဟာ မီဇိုရမ်ပြည်နယ်အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လားလ်ဒူအောမ်မာ ကမီဒီယာတွေမှာ…

