ဟားခါး – ထန်တလန် လမ်းကြောင်း ပြန်ထိန်းချုပ်လိုက်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ထုတ်ပြန်
ဇွန်လ ၁၁ ရက်။ ချင်းပြည်နယ် ဟားခါးမြို့- ထန်တလန်မြို့အကြား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဟားခါး – ထန်တလန် ကြားက ဆက်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီလို့ သတင်းထုတ်ပြန်ပေမယ့် မြေပြင် အခြေအနေနဲ့ပတ်သက်ပြီး ဘာသတင်းမှ အသေးစိပ်မသိရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး(CNF / CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။ စစ်ကောင်စီဘက်တော့ နေရပ်စွန့်ခွာ ဒေသခံပြည်သူတွေ မိမိအရပ်ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနိုင်ရေးနဲ့ မိုင်းအန္တရာယ်ကင်းရှင်းစေဖို့တို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပျက်စီးယိုယွင်းသွားတဲ့ အဆောက်အအုံတွေကိုလည်း…

