၂၅ နှစ်ပြည့် Joshua Van ရဲ့ ဒုက္ခသည်ဘဝကနေ ကမ္ဘာ့ချန်ပီယံဆီသို့
ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ကိုယ်ခံပညာပေါင်းစုံ ကစားနည်းပြိုင်ပွဲ(UFC)ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာပြည်ဖွား ဖိုက်တာ Joshua Van (ခေါ်) Joshua Van Bawi Thawng ဟာ အသက် ၂၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်ဘဝကနေ ကမ္ဘာ့အဆင့်UFC ခါးပတ်ချန်ပီယံတစ်ဦး ဖြစ်လာတဲ့အထိ Joshua Van ရဲ့ ဘဝဖြတ်သန်းမှုဟာ ကြမ်းတမ်းခက်ခဲခဲ့သလို၊ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စံပြခရီးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Joshua Van ဟာ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူငယ်စဉ်ဘဝမှာ ချင်းပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ဘေးဒဏ်တွေကြောင့် အသက် ၁၀ နှစ်အရွယ်မှာပဲ မိသားစုနဲ့အတူ အိမ်နီးချင်း…

