ကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက အရပ်သားနေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ကျူးလွန်ခဲ့

စက်တင်ဘာလ ၂၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာ အနောက် လက်ပံခုံကျေးရွာက ဘုန်းကြီးကျောင်းအနီးရှိ အရပ်သားပြည်သူနေအိမ်တစ်အိမ်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ပြည်သူ့စစ်(ပျူစောထီး)တွေဟာ ကာဘိုင်သေနတ် ၁ လက်နဲ့စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ငွေကျပ် သိန်း ၂၀၀ ငွေညစ်တောင်းခံ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ လက်ပံခုံကျေးရွာဟာ သာစည်ရွာ အနောက်ဘက် စစ်ကောင်စီ ဂိတ်နဲ့ မလှမ်းမကမ်း အနီးဆုံးနေရာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပျူစောထီးတွေသာ ကိုင်ဆောင်ရတဲ့ ကာဘိုင် ၁ လက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃ ဦးက ငွေညစ်တောင်းခံ ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်က ဒေသခံတစ်ဦးက “ဓားပြတိုက်တဲ့သူတွေက သူတို့ရဲ့ ဆက်သွယ်ရေးစက် ဝေါ်ကီတော်ကီ ၁ ခုလည်း…

Read More

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို BRI တောင်းဆို

စက်တင်ဘာလ ၂၆ ရက်။ နေပြည်တော်အခြေစိုက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦးရဲ့ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်တာဖြစ်လို့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI) က တောင်းဆိုထားပါတယ်။ ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့်နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ…

Read More

ကလေးအကျဉ်းထောင်မှာ အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေပေမယ့် ဆေးကုသခွင့် မရ

စက်တင်ဘာလ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ များပြားတာ ခွခြားဆက်ဆံမှုတွေ နဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်တွင် ကလေးမြို ပြည်သူ့ဆေးရုံကြီးမှ ပါရဂူအထူးကု ဆရာဝန်တွေက ထောင်အတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ အကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ ၅၀…

Read More

ကလေးမြို့က ZYA ရုံးမှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကလေးတစ်ဦး ရုံးရဲ့မော်တော်ယာဉ် မတော်တဆ တိုက်မိပြီးသေဆုံး

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေ ကလေးမြို့ Zomi Youth Association (ZYA) ရုံးအတွင်းမှာ လာရောက်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေး တစ်ဦးဟာ စက်တင်ဘာလ ၂၃ ရက်နေ့က ZYAရုံးဝန်းအတွင်း ရုံးရဲ့ မော်တော်ယာဉ် တိုက်မိလို့ အခင်းဖြစ်ပွါးရာနေရာမှာ သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသူ Tg.Thang Lam Kiim နဲ့ သူအစ်ကို တို့ဟာရေချိုးနေစဉ် ZYA ရုံးကားတစ်စီးဟာ ရုံးဝန်းအတွင်း ဝင်ရောက်လာတဲ့ ရုံးကားက အရှိန်မထိန်းနိုင်ဘဲ ရေချိုးနေတဲ့ ညီအစ်ကို ၂ ဦးကို တိုက်မိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ အသက် ၁၁ နှစ်အရွယ် Tg.Thang Lam Kiim ဟာ သေဆုံးခဲ့ပြီး ၎င်း…

Read More

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့ ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် ဒေသခံတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေး ( ဗဟို) အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင်လတွေတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေခဲ့ရာကနေ နေရပ်ဒေသပြန်ရောက်တာ မကြာခင်မှာဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံ ပြည်သူအများစုက စိုးရိမ်ကြသလို တိုက်ပွဲဖြစ်လာမှာကို စိတ်ဆင်းရဲနေကြတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ တမူးမြို့နယ်က ဒေသခံတစ်ဦးက “လက်ရှိဒေသခံတွေက နားစွင့်နေကြတုန်း အခြေအနေမျိုးပါ တချို့ကြတော့လည်း စစ်ရှောင်တာကနေ ပြန်ရောက်တာ မကြာကြသေးတော့ စိတ်ဆင်းရဲတယ်လို့ ပြောကြပါတယ် တိုက်ပွဲတွေပြန်ဖြစ်ကိုလည်း…

Read More

မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ခံစားနေရတယ်လို့ HRM ဖော်ပြ

စက်တင်ဘာ ၁၅ ပြည်တွင်းပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေကြရပေမဲ့ နိုင်ငံတကာနဲ့ အကူအညီပေးရေး အစီအစဉ်တွေမှာတော့ စိတ်ကျန်းမာရေး ထောက်ပံ့ကူညီမှုအပိုင်း အားနည်းနေဆဲ ဖြစ်တယ်လို့ Human Rights Myanmar (HRM) အဖွဲ့က ကုလသမဂ္ဂဆီ တင်သွင်းတဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလထုတ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ အကူအညီပေးရေး အစီအစဉ် အများစုဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာနဲ့ ဥပဒေရေးရာ အကူအညီတွေကိုပဲ အဓိက ဦးစားပေးနေကြပြီး စိတ်ဒဏ်ရာ၊ စိတ်ကုန်ခန်းမှုနဲ့ နာတာရှည် စိတ်ဖိစီးမှုတွေကို ကုစားပေးဖို့ အလေးထားမှု နည်းပါးနေတာကြောင့် ဒါကို အကာအကွယ်ပေးရေး အစီအစဉ်တွေထဲ မဖြစ်မနေ ထည့်သွင်းပေးဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကြားမှာလည်း…

Read More

စမ်းချောင်း BAR4U မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆလိုင်းနေလင်းထက်ကို မနက်ဖြန်သဂြိုလ်မည်

စက်တင်ဘာလ ၁၄ ရက်။ ရန်ကုန််မြို့၊စမ်းချောင်း BAR4U ဆိုင်မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆိုင်ဝန်ထမ်း ချင်းလူငယ် ဆလိုင်းနေလင်းထက် ကိုမနက်ဖြန်စက်တင်ဘာလ ၁၅ ရက်မှာ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာသဂြိုလ်မည်လို့သိရပါတယ်။ ရန်ကုန်မြို့၊ စမ်းချောင်းလမ်းပေါ်က BAR4U စားသောက်ဆိုင်မှာ မနေ့စက်တင်ဘာလ ၁၃ ရက်ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်ထဲမှာပိတ်မိပြီး ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသား ဆလိုင်းနေလင်းထက်အပါအဝင် ဆိုင်ဝန်ထမ်း ၂ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဘေးနားက ဆိုင်၃ လောက်လည်း မီးဘေးသင့်ခဲ့ကြတယ်လို့သိရပါတယ်။ ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအသင်းတော်၊ တောင်ကုတ်မြို့နယ် ၏အသင်းသား၊ ဆလိုင်းနေလင်းထက် အသက်(၂၆)နှစ်၊သည်ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့်၊မနက်ဖြန်စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ၂:၀၀နာရီ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာ ဝတ်ပြုဆုတောင်းပြီးဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း၊…

Read More

လူငယ် ၁ သိန်း ၂ သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခဲ့ပြီး မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့အကျပ်အတည်းကိုဦးတည်နေကြောင်း​ ကုလသမဂ္ဂ သတိပေး

စက်တင်ဘာ ၄ ရက်။ စစ်ကောင်စီစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာလူငယ် ၁ သိန်း ၂ သောင်းကျော်ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းမှုများနှင့် တရားမဝင် သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းဆီကိုဦးတည်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးထုတ်ပြန်လိုက်ပါတယ်။ OHCHR ရဲ့၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အရပ်သားများဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှု၊ အစာရေစာပြတ်လပ်မှုနှင့် နေရပ် စွန့်ခွာထွက်ပြေးရမှုများကို…

Read More

ပဋိပက္ခကြားက သယံဇာတထုတ်ယူမှုတွေက လက်နက်ကိုင်အုပ်စုတွေရဲ့ စစ်စရိတ်ကို အားကောင်းစေလို့ HRM ထောက်ပြ

စက်တင်ဘာ ၁ ရက်။ မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ နယ်မြေအစိတ်စိတ်အမွှာမွှာ ထိန်းချုပ်ထားချိန်မှာ သယံဇာတ တူးဖော်ရေး စီမံကိန်းတွေကနေ ရရှိတဲ့ အခွန်အခနဲ့ ဝင်ငွေတွေဟာ လက်နက်ကိုင် အင်အားစုတွေဆီ ရောက်ရှိပြီး ပဋိပက္ခ စစ်စရိတ်စီးပွားရေး (Conflict Economy) ကို ပိုမိုအားကောင်း လည်ပတ်စေနေတယ်လို့ ကုလသမဂ္ဂရဲ့ သန့်ရှင်းကျန်းမာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး အထူးကိုယ်စားလှယ်ထံ Human Rights Myanmar (HRM) က တင်သွင်းတဲ့ ၂၀၂၆ ခုနှစ် သြဂုတ်လထုတ် အစီရင်ခံစာအရ သိရပါတယ်။ အစီရင်ခံစာပါ ဖော်ပြချက်အရ အဆိုပါ သယံဇာတ တူးဖော်မှုတွေဟာ စစ်ကော်မရှင်နဲ့ ဆက်နွှယ်တဲ့ ပြည်သူ့စစ်တွေအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ…

Read More

ကလေး – တမူး လမ်းမကြီးကို ပြန်ဖွင့်လှစ်ပြီး လမ်းတလျှောက် ရပ်ရွာပြည်သူ့စစ်ဖွဲ့တာတွေလုပ်ဖို့ ပြင်ဆင်နေ

စက်တင်ဘာလ ၁ ရက်။ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ကလေး – တမူး အာရှလမ်းမကြီးကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို ခမ်းပတ်မြို့မှာ တပ်ရင်းကြီးတစ်ခု တိုးချဲ့ နေရာချဖို့ နဲ့ လမ်းတလျှောက် ရပ်ရွာပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ဒေသခံတစ်ဦးက “ကလေး – တမူးကြားက ပျက်စီးသွားတဲ့ တံတားတွေလည်း အားလုံးနီးပါး ပြန်ပြင်လို့ပြီးပြီ တချို့ ဝိတုတ်တံတားတွေလောက်ဘဲ ပြင်နေတုန်းဖြစ်တယ် နာက်ပြီး စစ်ရှောင်နေကြတဲ့ မြို့ခံတွေလည်း အများစုတော့ ပြန်လာနေကြပြီ နောက်ပြီး သတင်းကြားရတာက စစ်ကောင်စီက ရပ်ရွာပြည်သူ့စစ်ပုံစံမျိုးတွေလည်း ဖွဲ့မယ်လို့ သတင်းကြားရတယ် ပြီးတော့ ခမ်းပတ်မြို့မှာ တပ်ရင်း…

Read More