အိန္ဒိယ – ပလက်ဝ – ရခိုင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေကိုပြန်ဖွင့်ပေး
စက်တင်ဘာလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်၊ ရှာဟာမြို့က မရာလူငယ်အသင်း ( MTP ) ဌာနချုပ်မှာ အာရက္ခတပ်တော် ( ULA / AA ) နဲ့ MTP နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုအပြီး ယာယီပိတ်ထားတဲ့ အိန္ဒိယ – ရခိုင်ပြည်ကုန်သွယ်ရေးလမ်းတွေကို မနေ့စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ပြနလည်ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ရှာဟာခရိုင်ရှိ ခိုင်ခီ ကျေးရွာဆိပ်ကမ်းမှာ ရခိုင်လူမျိုး စက်လှေမောင်းသမားတချို့က ဆိပ်ကမ်းအတွင်း တာဝန်ယူထားတဲ့ ဒေသခံ MTP တာဝန်ရှိသူတွေနဲ့ စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာာခိုင်ခီဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့လို့ MTP တာဝန်ရှိသူတွေဘက်က ရခိုင်ဘက် ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေကို…

