လက်ဝါးကပ်တိုင် ထိမှန်ပျံလွန်တော်မူခဲ့တဲ့ အီကွေဒေါ ဘုန်းတော်ကြီးရဲ့ နောက်ဆုံးခရီး ဈာပနကို ဇာတိမြေမှာပြုလုပ်
အောက်တိုဘာလ ၂၁ ရက်။ ဘုရားကျောင်းမှာ မစ္ဆားတရားပွဲ ကျင်းပနေချိန် လက်ဝါးကပ်တိုင် ပြုတ်ကျထိမှန်ပြီး ပျံလွန်တော်မူခဲ့တဲ့ အီကွေဒေါ ဘုန်းတော်ကြီး Patricio ရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ဒီနေ့ အောက်တိုဘာလ ၂၁ ရက်မှာ မိသားစုဝင်တွေနဲ့ ဘာသာတူတွေက သူ့ရဲ့ မွေးရပ်ဇာတိမြေမှာ ကျင်းပပြုလုပ်ပြီး နောက်ဆုံး နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။ အသက် ၅၃ နှစ်အရွယ် ဘုန်းတော်ကြီး Patricio ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က အီကွေဒေါနိုင်ငံ၊ Guayaquil မြို့မှာရှိတဲ့ Perpetuo Socorro ဘုရားကျောင်းမှာ မစ္ဆားတရားပွဲကို လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့် ကျင်းပနေချိန် နံရံမှာ ချိတ်ဆွဲထားတဲ့ ကြီးမားတဲ့ သစ်သားလက်ဝါးကပ်တိုင်ကြီး ပြုတ်ကျထိမှန်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီကြေကွဲဖွယ်…

