CDF – Hakha တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်
ဇွန်လ ၃၀ ရက်။ တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ CDF – Hakha Support Team of North America က “အသက်အန္တရာယ်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်စေဖို့ CDF -–akha ဘက်က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နေထိုင်ရေး၊ တကိုယ်ရေလုံခြုံရေးနဲ့ မိမိသွားလိုသည့် နေရာအထိ ပို့ဆောင်ပေးရေးတို့ကိုလည်း တာဝန်ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ထုတ်ပြန်ထားပါတယ်။ အခြားအလင်းဝင်ရောက်လိုတဲ့…

