Zokhawthar သင်္ချိုင်းက ကျောက်စာကို မီဇိုဘာသာစကားဖြင့် ပြင်ဆင်ခိုင်းတဲ့အပေါ် CYLA ကန့်ကွက်
စက်တင်ဘာလ ၂၉ ရက်။ ချင်းစစ်ဘေးရှောင်တွေ ထောင်နဲ့ချီရှိတဲ့ အိန္ဒိယ – မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ သင်္ချိုင်းကျောက်စာတွေကို ပြန်လည်ပြင်ဆင်ဖို့ Zokhawthar Branch YMA ထုတ်ပြန်ထားတဲ့အပေါ် မီဇိုရမ်ပြည်နယ်အခြေစိုက် Central Young Lai Association ( CYLA) က ကန့်ကွက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ကျောက်စာတွေကို တစ်ပတ်အတွင်း ပြန်လည်ပြင်ဆင်ဖို့ နဲ့ သတ်မှတ်ရက်အတွင်း ပြင်ဆင်တာမရှိရင် လိုအပ်သလို ဆောင်ရွက်ဖို့ Zokhawthar Branch YMA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။…

