တရုတ်အစိုးရက မှားယွင်းစွာ ဖမ်းဆီးထားတဲ့ ISP – Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို အမြန်ဆုံးလွှတ်ပေးဖို့ ISP – Myanmar တောင်းဆို
ဇွန်လ ၁၇ ရက်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက မှားယွင်းစွာဖမ်းဆီးထားခြင်း (wrongful detention) ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP – Myanmar က တောင်းဆိုတဲ့ကြောင်း ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ISP-Myanmar အဖွဲ့အစည်းဟာ လွတ်လပ်ပြီး ပါတီစွဲကင်းသော၊ အစိုးရမဟုတ်သည့် သုတေသနအဖွဲ့အစည်း (think tank)တခုသာဖြစ်ပြီး မြော်မြင်ချက်မှာ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသောလူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေရေး၊ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင်…

