နေပြည်တော်မှာ အရှိုချင်းမိသားစုဝင် ၄ ဦး နေအိမ်အတွင်း လက်နက်ကိုင်တစ်စုရဲ့ ပစ်သတ်ခံရ
အောက်တိုဘာလ ၉ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာမှာ နေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား မိသားစုဝင် ၄ ဦး ဟာ အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်အတွင်း မိသားစုအလိုက် သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက လက်နက်ကိုင်ဆောင်ထားသူ လူ ၆ ဦးက နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက်ကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ နီးစပ်သူတွေဆီကနေသိရပါတယ်။ အရှိုချင်းအမျိုးသားတစ်ဦးက “ လိုင်းပေါ် သတင်းထွက်လာမှ ကျေိနာ်လည်း သိရတာပါ နေအိမ်ထဲထိ ဝင်ပြီး သေနတ်နဲ့ မိသားစုဝင် ၄ ယောက်လုံးကို အနီးကပ် ပစ်သတ်သွားတယ်လို့ သိရတယ် သူတို့ မိသားစုက တောင်ယာလုပ်ကိုင်ကြတဲ့ မိသားစုတွေလည်း ဖြစ်တယ် ဘာကြောင့်…

