Headlines

ကလေး -တီးတိန် – ဖလမ်း လမ်းပေါ်က ပေးဆောင်ရတဲ့ ဂိတ်ကြေးတွေကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းမြင့်တက်

အောက်တိုဘာလ ၂၉ ရက်။

ချင်းပြည်နယ်မြောက်ပိုင်း ကလေး – တီးတိန် – ဖလမ်း လမ်းကြောင်းပေါ်က ပေးဆောင်ရတဲ့ ဂိတ်ကြေးတွေကြောင့် ဒေသတွင်းမှာ ဆန်အပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ ဈေးတက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “ ကလေး – ဖလမ်း လမ်းမကြီးက ကောင်းလာပါပြီ ဒါပေမယ့် ကုန်တင်ကားတွေက ဂိတ်ကြေး ပေးဆောင်ရတာတွေ များတဲ့အခါကြတော့ ပစ္စည်းသယ်ယူခတွေလည်း ဈေးတက်လာတယ် အဓိကတော့ ဂိတ်ကြေးတွေကြောင့် ကုန်ဈေးနှုန်းတွေ တက်တာဖြစ်တယ်။ ဥပမာ ကလေးမှာ ဆန်တအိတ် ၁၆၀၀၀၀ – ၁၇၀၀၀၀ ရှိတဲ့ ဆန်အိတ်က ဖလမ်းရောက်ဆို ၂ သိန်းဝန်းကျင်လောက် ကျသင့်သွားတာမျိုးပါ ” လို့ပြောပါတယ်။

ကုန်ပစ္စည်းတင်ကြတဲ့ ကားတွေ ဂိတ်တွေမှာ ပေးဆောင်ရတဲ့ ဂိတ်ကြေးများရင် များလာသလို ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အပြောင်းအလဲဖြစ်တယ်လို့ တီးတိန် ဒေသခံတွေကလည်းေ ပြာပါတယ်။

တီးတိန်မြို့ဒေသခံတစ်ဦးက “ ကလေး – တီးတိန် – ဖလမ်းတို့က လမ်းကြောင်းအတူတူဘဲဆိုတော့ ဂိတ်ကြေးတွေကြောင့်တော့ ကုန်ပစ္စည်းသယ်ယူခတွေလည်း ဈေးတက်တယ် ၊ လူစီးကားတွေလည်း အရင်ကထက် ဈေးပိုတက်လာတယ်” လို့ပြောပါတယ်။

ကလေး – တီးတိန် ၊ ကလေး – ဖလမ်း – ဟားခါး အကြားရှိ လမ်းကြောင်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ရဲ့ တပ်စခန်း ၊ ဂိတ်ပေါင်း ၃၀ ကျော် ဝန်းကျင်လောက်ရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *