ဖလမ်းမြို့နယ်၊သီးဘွာလ်ရွာကို စစ်ကောင်စီက ဒရုံန်းဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့ သိရ
သြဂုတ်လ ၁၂ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ လေးလက်ရွာ (Leilet Khua) အနီးရှိ သီးဘွာလ်ရွာ ( Tibual khua) ကို စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့ ၊ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ဒရုန်းအသုံးပြုပြီး ဗုံး ၃ ကြိမ်ဖြင့် ကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ ဒီကနေ့ ညနေ ၃ နာရီ ၂၀ ဝန်းကျင်လောက်မှာ သီးဘွာလ်ရွာက စစ်ကောင်စီတပ်ဖွဲ့တွေ အရင်က တပ်စွဲခဲ့တဲ့ ရဲစခန်းဟောင်းအနီးတဝိုက်ကို ဒရုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်တာတွေ လုပ်တယ်လို့ သတင်းကြားရတယ် အရပ်သား ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့လည်း သိရတယ်” လို့ပြောပါတယ်။…

