Headlines

ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

မေလ ၁ ရက်။ အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ ဂျက်ဖိုက်တာတစ်စီးနဲ့ ကြဲသွားတယ် ရွာလယ်တည့်တည့်ကို ကြဲသွားတာမျိုးဖြစ်တယ် အဲဒီမှာကလေးငယ် တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးသွားတယ် ၉ ဦးလောက်ဒဏ်ရာရတယ်လို့သိရတယ် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာရှိတယ် တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ အခုလိုတိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်သင့်နေပြီ” လို့ပြောပါတယ်။ ဒီကနေ့ နေ့လည်မှာ စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်သွားတဲ့ Khawpuichhip ကျေးရွာမှာ…

Read More

စစ်ကော်မရှင်ဒရုန်းဗုံးကြဲမှုကြောင့် ဖလမ်းမြို့နယ်က ဒေသခံ အသက် (၁၇) နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရ

မေလ ၁ ရက်။ ချုင်းပြည်နယ် ၊ဖလမ်းမြို့နယ်၊ Thlanrawn ကျေးရွာနေ အသက် (၁၇)နှစ်အရွယ် ဒေသခံအမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ မနေ့ဧပြီလ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ Lungrang ကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းတွေ အသုံးပြုကာ Thlanrawn ကျးရွာ တောင်ယာဘက်ရှိ စစ်ဘေးရှောင်တဲတွေပေါ် မနေ့မနက်ပိုငး ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်မှုကြောင့် Thlanrawn ဒေသခံ အမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ သေဆုံးခဲ့ရတာလို့လည်း…

Read More