Headlines

ဟားခါးမြို့မှာ ပြည်သူလုံခြုံရေးထိခိုက်စေတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို CDF-Hakha ဖမ်းဆီး

မေလ ၁၄ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်း ပြည်သူများအား ငွေညစ်တောင်းခံခြင်း၊ နေအိမ်များအား ဖောက်ထွင်းဓားပြတိုက်ခြင်း စတဲ့ ပြည်သူလုံခြုံရေးထိခိုက်စေသော လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးအား ဟားခါးမြို့အတွင်း မေလ (၁၃) ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha တပ်ဖွဲ့က ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိနေပြီး ပြည်သူအပေါ် အန္တရာယ်ပြုလုပ်ရပ်တွေကို ဆက်လက်ပြီးထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း CDF-Hakha က အသိပေးထုတ်ပြန်ထားပါတယ်။

လက်တလော စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်သည့် နေရာများနှင့် လူသွားလာမှုနည်းပါးသော ဒေသများသို့ ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ကိုလည်း CDF-Hakha တပ်ဖွဲ့က အသိပေး မေတ္တာရပ်ခံထားပါတယ်။

ဒါအပြင် ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများတွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

CDF-Hakha တပ်ဖွဲ့ဟာ ဟားခါးမြို့နယ်အတွင်း အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *