ကျင်ဒွေး – လောင်းရှည်လမ်းပိုင်းက ငွန်းစိုင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ
အောက်တိုဘာလ ၉ ရက်။ ချင်းပြည်နယ်၊ ကျင်ဒွေး – လောင်းရှည် လမ်းပိုင်းမှာတည်ရှိတဲ့ ငွန်းစိုင်ကျေးရွာကို အောက်တိုဘာလ (၇) ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသား (၁) ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ (၇) ရက်နေ့က ညနေပိုင်း ၄ နာရီမှာ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ် ၊ ၇ နာရီမှာ Y 12 တစ်ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ သိရတယ် ၊ အသေးစိတ်ကိုတော့ စီစစ်နေဆဲပါ” လို့ပြောပါတယ်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ ထိုးစစ်မှာ…

