Headlines

မျက်နှာမူရာဆီသို့ အရောက်လှမ်းခဲ့သူ ချင်းသတင်းသမား Pu Tui Dim ( ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ)

ရေး – DonBosco Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌ စတင်တည်ထောင်ရာတွင်ပါ၀င်သူဖြစ်ကာ ချင်းပြည်နယ်၏ ပထမဆုံးသတင်းဌာနဖြစ်သော ခေါနူးသုမ် (Khonumthung News) ၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားမီဒီယာများစုဖွဲ့သည့် ကွန်ရက် (BNI) ကို တည်ထောင်သူ၊ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A)ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်၌ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ အခြားသော အရပ်သား ၉ ဦးနှင့်အတူ လူသားဒိုင်းအဖြစ် အသုံးပြုခံရကာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကာ ယခု ၂၀၂၅…

Read More

အတင်းပုံဖော်ထားသော ကိုယ်စားပြုမှုအကျပ်အတည်းနှင့် ၂၀၂၅ ချင်းပြည်နယ် ရွေးကောက်ပွဲရလဒ်

(Special Analysis Report on 2025 Chin State Election) ရေးသားသူ – DonBosco မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပခဲ့သော ၂၀၂၅ ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွက် အကြီးမားဆုံးသော တရားဝင်မှု၊ကိုယ်စားပြုမှုအကျပ်အတည်း (Legitimacy Crisis) ကို ဖြစ်ပေါ်စေခဲ့ပါသည် ။ ချင်းပြည်နယ်၏ ၉ မြို့နယ်အနက် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ စစ်ကော်မရှင် ထိန်းချုပ်ထားသော ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့တို့တွင်သာ ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ချင်းပြည်နယ် ရှိ စစ်တပ်မှ ထိန်းချုပ်ထားသည့် ဟားခါး…

Read More

လွှတ်တော်အမတ် အယ်လ်မန်တလင်း (၁၉၃၀-၂၀၀၀)

မှတ်တမ်းစုဆောင်းသူ – Lindy Meipaw Khithie ဦးမန်တလင်းသည် “နိုင်ငံရေးကို ကျွန်တော် သင်ယူခဲ့သည်မဟုတ်၊ မွေးရာပါဖြစ်သည်”ဟု ပြောကြားခဲ့သူ၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာလူမျိုးနွယ်စုများထဲမှ ပထမဦးဆုံးသော ပါလီမန်အမတ်နှင့် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဦးမန်တလင်းသည် ၁၉၃၀ ခုနှစ်၊ ဇွန်လ ၁ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခိလှို (ဆဘောင်းပီ၏ မူလမူရင်းရွာနာမည်သည် ခိလှိုဖြစ်သည်။) ကျေးရွာ၌ အဘဦးတယ်မား၊ အမိဒေါ် လိုင်တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၈) ယောက်အနက် ခြောက်ဦးမှာ ကွယ်လွန်သွားကြပြီး၊ သူ့အစ်မ တစ်ဦးနှင့် ဦး မန်တလင်းတို့ နှစ်ဦးသာအသက်ရှင် ကျန်ရစ်ခဲ့ကြသည်။ သူသည် သေလွန်ပြီး သောသူ၏ အစ်ကို အစ်မများကဲ့သို့မသေပဲ အသက်ရှင်စေချင်၍ သူအားနတ်ဆိုးများက ရွံ့ရှာဖယ်ခွာပြီးမထိ ခိုက် စေရန် မွေးမွေးချင်းသူ့ကို…

Read More

လေးစားရသော ချင်းနိုင်ငံရေးခေါင်းဆောင် John Mang Tling အကြောင်း အကျဉ်းချုပ်

By Shendus R.Lakher မရာ (ချင်း) လူငယ်တစ်ဦး၊ တော်လှန်ရေးလမ်းကြောင်းပေါ်တွင် ရှိနေသူတစ်ဦးအနေဖြင့် မရာ (ချင်း) လူမျိုးအတွင်း လေးစားအားကျရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို စဉ်းစားမိတိုင်း ဦး မန်တလင်း (John Mang Tling) ကို အရင်ဆုံး သတိရမိသည်။ သို့သော်လည်း သူ့အကြောင်းကို ကျနော်ကိုယ်တိုင်လည်း နက်နက်ရှိုင်းရှိုင်း မသိခဲ့ဘဲ နာမည်ကိုသာ ကြားဖူးနားဝ ရှိခဲ့ခြင်းသာ ဖြစ်သည်။ မရာလူငယ်များသာမက ချင်းလူငယ်အများစုလည်း ထိုနည်းတူ ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။ အကြောင်းမှာ John Mang Tling အကြောင်းကို ရေးသားထားသော စာပေမှတ်တမ်းများ အလွန်ရှားပါးနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လက်လှမ်းမီသလောက် သူ့အကြောင်းကို လေ့လာကြည့်ရာတွင် John Mang Tling သည် CNF ပေါ်ပေါက်မလာမီ၊…

Read More

၅ နှစ်တာ လွမ်းဆွတ်မှုနှင့် ရှင်သန်နိုးထလာသော ချင်းတောင်တန်းက ခရစ္စမတ်တေးသံ

============ Five Years of Longing and the Reawakening Christmas Melodies of the Chin Hills(Summary) In Chin State, where the majority of the population is Christian, Christmas has long been regarded as the most significant day of the year and the December Christmas season is observed with deep reverence. However, in 2025, as in previous years,…

Read More

တချိန် ချင်းပြည်မှာ ခရီးသွားလုပ်ငန်းပြန်လည်စတင်သည့်အခါ

Shein Gei Ngai ယခုမျက်မှောက်ကာလ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစု၌ နိုင်ငံခြားဝင်ငွေရရှိစေသည့်လုပ်ငန်းများအနက်လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသောလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ခရီသွားလုပ်ငန်းအဖွဲ့(WTO)၏ဖေါ်ပြချက်အရ ၂၀၁၀ ခုနှစ်၊အပြည်ပြည်ဆိုင်ရာခရီးသွားဦးရေ နှစ်စဉ်သန်း(၁၂၀၀)ခန့်ရှိကြောင်းဖေါ်ပြခဲ့ရာမှ ၂၀၃၅ ခုနှစ်တွင်ခရီးသွားဦးရေ ၃၀ ဘီလီယံထိတိုးတက်လာမည်ဖြစ်ကြောင်းကမ္ဘာ့ကုလသမဂ္ဂခရီးသွားလုပ်ငန်း UN Tourism ကခန့်မှန်းထားပြီး ခရီးသွားကဏ္ဍကနေနှစ်စဉ် ဝင်ငွေ အမေရိကန်‌‌ ဒေါ်လာ ၆ ထရီလီယံထိရရှိမည်ဟု‌ ဖေါ်ပြ ပါရှိပါသည်၊စီးပွားရေးအရ အလွန်အရေးပါလာသောခရီးသွားလုပ်ငန်းသည် နိုင်ငံအများစုအကြားရေပန်းစားလာခဲ့ပါသည်။ သို့ရာတွင်ကမ္ဘာအနှံ့အပြား၌ဖွံ့ဖြိုးလာသောခရီးသွားလုပ်ငန်းသည်ဇီဝမျိုးစုံမျိုးကွဲများနှင့်ယဉ်ကျေးမှုအမွေအနှစ်များပျက်စီးဆုံးရှုံးမှုအတွက်ခြိမ်းခြောက်နေသောအရာတစ်ခုလည်းဖြစ်လာကြောင်းသုတေသနပြုတွေ့ရှိထားကြရပါသည်၊သဘာဝအ‌ခြေခံခရီးသွားလုပ်ငန်း(Ecotourism)သည်ခရီးသွားလုပ်ငန်းများအနက် ရေရှည်ဖွံ့ဖြိုးမှုကိုအဓိကပိုင်ဆိုင်ထားသည့် ဈေးကွက်စီးပွားရေးတစ်ခုဖြစ်ကြောင်း World Conservation Union- IUCN )ကယုံကြည်လက်ခံပါသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် အခြားခရီးသွားဝန်‌ဆောင်မှုလုပ်ငန်းများနှင့်လုံးဝခြားနားသည်မှာ သဘာဝဂေဟစံနစ်ကို ထိန်းသိမ်းကာကွယ်ပြီးဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာအကျိုးအမြတ်များရရှိစေရန်စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဖြစ်ပါသည်၊ အပြည်ပြည်ဆိုင်ရာသဘာဝအခြေခံခရီးသွားလုပ်ငန်းအဖွဲ့မှ Ecotourism ဆိုသည်မှာမိမိကိုယ်တိုင်တာဝန်ယူပြီးသဘာဝနယ်မြေအတွင်းသို့သွားရောက်ရာ၌ဒေသခံပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးရေးနှင့်အသိပညာဗဟုသုတကိုမြှင့်တင်ပေးနိုင်သည့်အပြင် ၎င်းဒေသရှိသဘာဝပတ်ဝန်းကျင်အားထိန်းသိမ်းဆောင်ရွက်ပေးသည့်ခရီးဟုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ကမ္ဘာတွင် ခရီးသွားအမျိုးအစားအဓိက(၃)မျိုးသုံးစားရှိပါသည်၊ ၁-သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Ecotourism) ၂-ယဉ်ကျေးမှုကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Cultural Tourism) ‌၃-ကျေးလက်ဒေသကိုအခြေခံသည့်ခရီးသွားလုပ်ငန်း(Community Based Tourism)ဖြစ်ပါသည်။ Ecotourism ချင်း‌‌တောင်တန်းးသည် ဟိမဝန္တာတောင်စွယ်နှင့်အင်ဒိုချိုင်းနားကျွန်းဆွယ်တို့ဆုံဆည်းထိစပ်ရာ…

Read More

ချင်းတော်လှန်ရေးအဖွဲ့များ ကွဲခြင်းနှင့် ချင်းစစ်ရှောင်ပြည်သူများအပေါ်သက်ရောက်တဲ့ ကယက်

DonBosco “ICNCC နဲ့ ချင်းပြည်ကောင်စီ မကွဲခင်တုန်းက အခြေအနေဟာ အေးအေးဆေးဆေးရှိတယ်။ကျနော်တို့လည်း အဖွဲ့အစည်းတွေဆီက ပညာရေးနဲ့ လူသားစာနာအထောက်အကူနှစ်မျိုးလုံးပုံမှန်ရတယ်။ အကွဲအပြဲဖြစ်ပြီးကတည်းက အထောက်ပံ့တွေ လုံး၀ရပ်ဆိုင်းသွားတယ်” အဆိုပါစကားကတော့ လောင်တလိုင်စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူဦးဇေယျရဲ့ ဒုက္ခသည်များကြုံတွေ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောတဲ့စကားဖြစ်ပါတယ်။ ချင်းတော်လှန်ရေး အဖွဲ့နှစ်ဖွဲ့ကွဲပြီးနောက်ပိုင်းမှာ ချင်းပြည်ကောင်စီကို ထောက်ခံတဲ့စခန်းတွေက အထောက်အပံ့ရ နေသေးတာမျိုးရှိလျှင် ချင်းညီနောင်အဖွဲ့နဲ့နီးစပ်တဲ့ နေရာမျိုးမှာမည်သည့်အထောက်ပံ့မှ မရတော့တဲ့အနေအထားမျိုး စသည်ဖြင့် ကြုံလာရပြီး ၂၀၂၄ခုနှစ်နောက်ပိုင်း ဒုက္ခသည်စခန်းတွေ အတွက် အများကြီးအကြပ်အတည်းပိုဖြစ်လာတယ်လို့သူကဆိုပါတယ်။ အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ရတဲ့ဒုက္ခသည်များရဲ့ အထောက်အပံ့ရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တဲ့ Exile Hub အဖွဲ့ကတော့ထောက်ပံ့ကူညီမှုကိစ္စများ ဟာ နိုင်ငံရေးဆန်လာတယ်လို့ထောက်ပြပါတယ်။ ဒုက္ခသည်နှင့်နေရပ်စွန့်ခွါပြည်သူနှစ်ရပ်လုံးရဲ့ အနေအထားမှာ ချင်းပြည်နယ်အတွင်းရှိ လူတစ်ဦးတစ်ယောက်၏ ဇာတိရပ်ရွာကို ကြည့်ခြင်းအားဖြင့် ၎င်းပုဂ္ဂိုလ်သည် ချင်းညီနောင်အဖွဲ့ ( Chin Brotherhood) (သို့)…

Read More

လေးမြို့ချင်း ရှင်းတမ်း

By အောင်မြင့် လေးတူချင်းနဲ့ လေးမြို့ချင်းမတူကြောင်း ရေးသားခဲ့ပြီးဖြစ်ပါတယ်။ လေးမြို့ချင်း ဆိုတာကို စာအုပ်စာတမ်းများမှာ တွေ့လာရပါတယ်။ ရခိုင်မှာ “လေးမြို့” ၊ ချင်းမှာ “လည်မျို” အစ။ ဒီနေ့မှာတော့ “လေးမြို့ချင်း” နဲ့ပတ်သက်ပြီး အနည်းငယ် တင်ပြပါမယ်။ ချင်း(၅၃)မျိုး ထဲမှာ “လေးမြို့”(Laymro) ဆိုပြီး အမှတ်စဉ်(၄၀)မှာ ပါဝင်တာကို အားလုံးသိကြ ပါတယ်။ လေးမြို့ဆိုတာက ရခိုင်လူမျိုးတွေက မြောက်ဦးမြို့နဲ့ (၅)ခန့်အကွာ မြစ်ရဲ့ ဟိုဘက်၊ ဒီဘက် အနီးအနားမှာ ရခိုင်ရှင်ဘုရင်တစ်ပါးက မြို့လေးမြို့ကို တည်ဆောက်ခဲ့လို့ လေးမြို့မြစ်ဆိုပြီး ခေါ်သွင်ခြင်းခံရသလို၊ လေးမြို့ခေတ်ဆိုပြီးလည်း ရခိုင်ဘုရင်ခေတ် တစ်ခေတ် ပေါ်ထွန်းခဲ့ပါတယ်။ ဒါပေမဲ့ မတူပီမြို့နယ်က ချင်းတွေကတော့ ဗမာလို “လည်မျို” လို့ပဲ ခေါ်ကြပါတယ်။ အဲဒီချောင်းမှာ ရှိတဲ့ သတ္တဝါ…

Read More

ကလေးမြို့မှ ချင်းတောင်သို့ ဆန်တင်ပို့ခွင့် စစ်ကောင်စီကန့်သတ်မှု ၁ နှစ်ကျော်ကြာလာသောအခါ

ကိုဇံ (ချင်းတောင်) ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီ စစ်တပ်ကနေ ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန် သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့တာ ၁ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ မနှစ်၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က စပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း စတာတွေကို ကလေးမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များကနေ ချင်းပြည်နယ်ဘက်သို့ သယ်ဆောင်ခွင့် စတင် ပိတ်ပင် ခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြား ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် ပိတ်ပင် တာမျိုး မလုပ်တော့ ပေမယ့် ဆန်ကိုတော့ ဆက်လက် ပိတ်ပင်ခဲ့ ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ…

Read More

ထန်တလန်မြို့မှာ ကမ္ဘာ့အကြာရှည်ဆုံးနေ့တစ်နေ့ စက်တင်ဘာလ ၁၈ ရက်။

Chaw Suh ( ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ထန်တလန်မြို့အခြေအနေကို Chaw Suh (Nau Te) လိုင်(ချင်း) ဘာသာဖြင့် ရေးသားမှုကို ဗမာဘာသာဖြင့် စီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ) နေ့ခင်းကတည်းက သေနတ်ပစ်ခတ်သံများနှင့် ဗုံးကြဲသံများဆက်တိုက်ကြားနေရသည်။ အရင်ခေါက် များလိုပင် အချိန်မကြာလောက်ဘူးလို့သာယူဆပြီး ပိုမိုလုံခြုံသည်ဟု ယူဆရသည့် အိမ်အောက်ထပ်ရှိ အိပ်ခန်းထဲတွင်သာ နေခဲ့ကြသည်။ အချိန်ကား နေ့ခင်း ၂ နာရီကျော်ကျော်၀န်းကျင်ခန့်ဖြစ်မည်။ မိမိတို့နေအိမ်အောက်ဖက်ရှိ အိမ်များတွင် စစ်ကောင်စီတပ်သားများ၏ တစ်အိမ်၀င်တစ်အိမ်ထွက် အော်ဟစ်ဆဲဆိုသံများသည် မိမိတို့အိမ်နှင့်နီးသထက်နီးလာလေသည်။ ကျမတို့နေအိမ်ရောက်လာပြီး တံခါးထုထောင်းသံများထွက်ပေါ်လာသည့်အချိန်မှာတော့ အလွန်အမင်းကြောက်နေသည့်တိုင် သတ္တိမွေးပြီး တံခါးကိုဖွင့်ပေးလိုက်သည်။ “ အားလုံးထွက်၊ လမ်းပေါ်မှာ ထိုင်နေကြ” ဟု ဆိုသဖြင့် အိမ်ရှေ့ထွက်ထိုင်ခဲ့ကြရသည်။ စစ်ကောင်စီတပ်စစ်သားများမှ “ငါတို့ကို မကြောက်ကြနဲ့၊ နင်တို့အိမ်နားတစ်၀ိုက်ကအနေ…

Read More