Headlines

စစ်အာဏာသိမ်းပြီး မိုင်းဒဏ်ကို အပြင်းအထန် ခံနေရတဲ့ ချင်းပြည်

ရေး – DonBosco ချင်းပြည်နယ်အတွင်းက ဟားခါးမြို့နဲ့ တီးတိန်မြို့၊ ခိုင်ကမ်းမြို့ပေါ်များမှလွဲပြီး မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက်၊ တွန်းဇံနဲ့ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို အလုံးစုံ တိုက်ထုတ်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်ခဲ့ပေမယ့် ချင်းပြည်သူတွေအတွက်တော့ နောက်ထပ် “အသံတိတ်စစ်ပွဲ” တစ်ခုကတော့ လက်ရှိအချိန်သာမကရေရှည်ဖြေရှင်းရမယ့် အန္တရယ်အဖြစ် ရောက်ရှိလာတယ်လို့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေက သက်သေပြလို့နေပါတယ်။ အဲဒါကတော့ မြို့ရွာတွေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကော်မရှင်ဟာ လေကြောင်းအန္တရာယ်ကိုပါ မထင်ရင်မထင်သလို အမြဲတမ်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း BNI ရဲ့ Myanmar Peace Monitor အစီရင်ခံစာအရ ချင်းပြည်နယ်အတွင်း…

Read Full News

CHRO ကို လက်ခံတွေ့ဆုံလို့ အရှေ့တီမောနိုင်ငံသံတမန်ကို မြန်မာစစ်ကော်မရှင်နှင်ထုတ်ကာ တုံ့ပြန်

DonBosco မြန်မာနိုင်ငံ၊ အာဏာသိမ်းစစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေ (အရှေ့တီမော)နိုင်ငံ သံရုံးယာယီတာဝန်ခံ မစ္စတာ အယ်ဗီလို ဒီ ရီဆားရီယို ဒီ ဆော်ဆာ (Mr. Avelino de Rosario de Sousa) ကို “လက်မခံနိုင်သောပုဂ္ဂိုလ်” (Persona Non Grata) အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံကနေ (၇) ရက်အတွင်း ထွက်ခွာသွားဖို့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဆင့်ခေါ်ညွှန်ကြားလိုက်ပါတယ်။ တီမောလက်စ်တေ (အရှေ့တီမော) အစိုးရဟာ မြန်မာနိုင်ငံရဲ့ သတိပေးချက်ကို လေးစားလိုက်နာခြင်းမရှိဘဲ ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခြင်း မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဆက်လက်စွက်ဖက်နေတယ်လို့ ယူဆရတဲ့အတွက် အခုလို ဒုတိယအကြိမ်မှာတော့ သံတမန်ကို နှင်ထုတ်တဲ့အဆင့်အထိ ပြင်းထန်စွာ…

Read Full News

မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပထမဦးဆုံးအမျိုးသမီးဝန်ကြီး “Women Icon Award 2026” ဆုရှင် Pi Lalrinpuii

ရေး – DonBosco “အမျိုးသမီးတွေအနေနဲ့အခွင့်အရေးကို စောင့်ဆိုင်းနေရုံနဲ့မရပါဘူး။ကျွန်မတို့ကိုယ်တိုင် မြေပြင်မှာအလုပ်လုပ်ပြပြီး ကျွန်မတို့ရဲ့အရည်အချင်းနဲ့ပဲ နေရာယူရပါလိမ့်မယ်” မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပထမဦးဆုံးအမျိုးသမီးဝန်ကြီး “Women Icon Award 2026” ဆုရှင် Pi Lalrinpuii အမျိုးသားတွေပဲ အစဉ်အဆက် လွှမ်းမိုးကြီးစိုးခဲ့တဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ Pi Lalrinpuii ဟာ သမိုင်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပထမဦးဆုံး အမျိုးသမီး Cabinet ဝန်ကြီးအဖြစ် ခန့်အပ်ခံရုံတင်မကဘဲ၊ အခုအခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးတွေအတွက် ဂုဏ်အရှိဆုံး နိုင်ငံအဆင့်ဆုတစ်ခုဖြစ်တဲ့ “Women Icon Award 2026” ကိုပါ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ Pi Lalrinpuii တစ်ဦးတည်းအတွက်သာမကဘဲ ဒေသတွင်းက အမျိုးသမီးတွေအတွက်ပါ နိုင်ငံရေးတံခါးကို…

Read Full News

ရွေးကောက်ပွဲအလွန် ချင်းပြည်ကိုမကြာခဏ လေကြောင်းကနေ တိုက်ခိုက်လာတဲ့ စစ်ကော်မရှင်

ရေး – DonBosco ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကို ပုံစံအမျိုးမျိုးနဲ့ အသုံးချဖို့ ကြိုးစားနေပေမဲ့၊ မြေပြင်မှာတော့ မြေလှန်စနစ် (Scorched Earth Policy) နဲ့ လေကြောင်းဗုံးမိုးတွေကို အရှိန်မြှင့်ပြီး အရပ်သားတွေကိုပါ စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်တွေဟာ မြေပြင်စစ်ရေးမှာ အကြီးအကျယ် အရေးနိမ့်နေတာကို လေကြောင်းအင်အားနဲ့ ဖုံးဖိဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆိုထားပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ “စနစ်တကျ လုပ်ဆောင်နေတဲ့ ပုံစံတစ်ခု (Systematic pattern)” ဖြစ်ပြီး၊ အရပ်သားလူထုကို ထိတ်လန့်တုန်လှုပ်စေဖို့ (Terrorize communities)…

Read Full News

မီဇိုရမ်ပြည်နယ်ရဲ့အိန္ဒိယဘတ်ဂျက်ရရှိမှုနှင့် စစ်ဘေးရှောင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ

DonBosco အိန္ဒိယဗဟိုအစိုးရက ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် မီဇိုရမ်ပြည်နယ်ကို အခွန်ဝေစု ရူပီး ၈,၆၀၈ ကုဋေ ခွဲဝေချထားပေးလိုက်ပေမဲ့ ဒီရန်ပုံငွေတွေဟာ ပြည်နယ်အတွင်းက လမ်းတံတား၊ ရထားလမ်းနဲ့ လေဆိပ်တွေလိုမျိုး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း မြေပြင်မှာ အခက်တွေ့နေရတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက်တော့ ဗဟိုအစိုးရဆီကနေ သီးသန့်ဘဏ္ဍာငွေ ထောက်ပံ့မှုဟာ အင်မတန် နည်းပါးနေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဗဟိုအစိုးရကနေ စစ်ဘေးရှောင်တွေအတွက် ပံ့ပိုးပေးထားတဲ့ ပမာဏဟာ ရူပီး ၁၀ သန်း (၁ ကုဋေ) ဝန်းကျင်လောက်ပဲ ရှိနေသေးတာကြောင့် ပြည်နယ်အစိုးရရဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ကွာဟနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်နှစ်ကျော် ကာလအတွင်းမှာ…

Read Full News

CHRO တင်တဲ့အမှု တီမောတရားရုံးက မြန်မာစစ်ခေါင်းဆောင်တွေကို အမှန်တကယ် အပြစ်ပေးနိုင်မှာလား?

DonBosco အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ တီမော(Timor Leste ) နိုင်ငံကတရားရုံးမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကနေ မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုလိုက်တဲ့အမှုဟာ ဒေသတွင်းမှာတင်မကဘဲ ကမ္ဘာ့ဇာတ်ခုံမှာပါ အစိုးရချင်းအချင်းချင်း အရေးယူမှု (State-to-State Action) ထက် ကျော်လွန်တဲ့ တရားမျှတမှု ရှာဖွေရေးခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။ Timor Leste ကို အာဆီယံအဖွဲ့ဝင်ဖြစ်လာရေးအတွက် လုပ်ဆောင်တဲ့နေရာမှာလည်း စစ်ကော်မရှင် ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ အခုလို သံတမန်ရေးရာ ဖိအားတွေနဲ့ အခက်အခဲတွေကြားကနေ မြန်မာစစ်ခေါင်းဆောင်တွေကို အမှုဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ Timor Leste ရဲ့ တရားမျှတမှုအပေါ် ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ Timor Leste တရားရုံးက အခုလို အမှုလက်ခံလိုက်တာဟာ အာဆီယံအဖွဲ့ထဲမှာ…

Read Full News

အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်ကြားက အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ရေး အားပြိုင်မှု ဘယ်လိုဖြစ်လာနိုင်သလဲ

ရေး – DonBosco မီဇိုရမ်ပြည်နယ်အတွင်းက အင်အားကြီးအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု တွေ ရှိနေပေမဲ့ အိန္ဒိယဗဟိုအစိုးရကတော့ နယ်စပ်ခြံစည်းရိုးခတ်မယ့် စီမံကိန်းအတွက် မြေပြင်ကွင်း ဆင်းတိုင်းတာမှုတွေကို လက်တွေ့စတင်နေပြီ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်နယ်စပ်၊ တီအိုချောင်းအနီးမှာရှိတဲ့ Thingsai ကျေးရွာဝန်းကျင်ကို အိန္ဒိယဗဟိုအစိုးရရဲ့ နယ်စပ်လမ်းအဖွဲ့အစည်း (BRO) နဲ့ Assam Rifles အဖွဲ့တွေက ၅ ရက်ကြာ ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်ခဲ့တာပါ။ အခုလို မြေပြင်မှာ လက်တွေ့တိုင်းတာမှုတွေ လုပ်ဆောင်နေချိန်မှာပဲ မီဇိုရမ်ပြည်နယ်ရဲ့ အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုမီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်တွေကတော့ နယူးဒေလီအထိ သွားရောက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီးဌာနကို ကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့က CYMA…

Read Full News

ကုလသမဂ္ဂ(UN)မှ အာဆီယံအထိ တစ်သံတည်းထွက်လာသည့် မြန်မာရွေးကောက်ပွဲ အသိအမှတ်မပြုရေး အကျပ်အတည်း

DonBosco အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာစစ်ကောင်စီကို “Junta” (အာဏာသိမ်းအဖွဲ့) လို့ တရားဝင် စတင်သုံးနှုန်းလာတာဟာ သံတမန်ရေးအရ တကယ့်ကို ထူးခြားပြင်းထန်တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရုံတင်မကဘဲ သူတို့ရဲ့ တရားဝင်မှုကိုပါ အာဆီယံက အကြီးအကျယ် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ တကယ့်ကို အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးသံတမန် Ms. Theresa Lazaro က စစ်ကောင်စီကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအဆင့်ဆင့်ကို အာဆီယံအနေနဲ့ လုံးဝအသိအမှတ်မပြုဘူးလို့ ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့သံတမန်တွေနဲ့ ကုလသမဂ္ဂ (UN) ဟာ မြန်မာ့အရေးကို ဆုံးဖြတ်တဲ့အခါ “အာဆီယံ ဘယ်လိုရပ်တည်သလဲ” ဆိုတာကိုပဲ အဓိက ကြည့်လေ့ရှိတာကြောင့် အခုလို…

Read Full News

ပညာရေးအပြင်ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတဲ့ မင်းတပ်မြို့နယ်က ကလေးငယ်များဘဝ

ရေး – DonBosco “စာသင်နေတဲ့ ကလေးတွေအတွက် ရေသန့်စက် အသေးစားလေးပဲဖြစ်ဖြစ် တကယ်ကို လိုအပ်နေပါတယ်။ အခုက ချောင်းရေကို ပိုက်နဲ့သွယ်ပြီး အဲဒီအတိုင်းပဲ တိုက်ရိုက်သောက်နေကြရတာပါ” ဒီစကားကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ခွဲလုံကျေးရွာအုပ်စုမှာရှိတဲ့ ဒေသခံကလေးငယ်တွေနဲ့ စစ်ဘေးရှောင်ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးနေတဲ့ ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောကြားတာ ဖြစ်ပါတယ်။ လက်ရှိ ကိုယ်ထူကိုယ်ထ ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးအကြောင်းကို အလေးပေး ပြောပြခဲ့တာ ဖြစ်ပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိဘဲ ချောင်းရေကိုသာ တိုက်ရိုက်သောက်သုံးနေရတာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိပြီး ကျန်းမာရေးအတွက် အမြဲစိုးရိမ်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ “သောက်ရေသန့်ကိစ္စက…

Read Full News

လူသိနည်းတဲ့ တွန်းဇံမြို့နယ်က ဘိန်းခင်းတွေဆီကို သွားရောက်ခဲ့သူ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ခရီးစဥ်

ကိုဇံ(ချင်းတောင်) မြေပြင် ကွင်းဆင်း မှတ်တမ်းတင်နိုင်မှု အားနည်းနေသေးတဲ့ လူသိနည်းတဲ့ ချင်းပြည်နယ်၊တွန်းဇံမြို့နယ်က ဘိန်း စိုက်ခင်းတွေမှာ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ Father Andrew Go Lian ဦးဆောင်တဲ့ နယ်လှည့် ဒေသနာဟောကြား တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဘိန်းစိုက်ပျိုးရာ ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဘိန်းခင်းမှာ အလုပ်လုပ်နေသူ အသင်းသားများအတွက် နှစ်သစ်ကူး ဝတ်ပြုပွဲ ဦးဆောင်ပေးခဲ့ပါတယ်။ Father Andrew Go Lian မှ ဘိန်းစိုက်ရာ ဒေသရဲ့ အခြေအနေ အသီးသီးကို လည်း ဗီဒီယို မှတ်တမ်း နှင့် ဓာတ်ပုံ မှတ်တမ်းများ ရိုက်ကူးပြီး Social Media ပေါ် တင်ခဲ့ရာ…

Read Full News