Headlines

တီးတိန်မြို့နယ် လိုင်တွီး ကျေးရွာနားမှာ CDF-Hualngoram အဖွဲ့နဲ့ ZRA အဖွဲ့ အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့

ဇွန်လ ၄ ရက်။

တီးတိန်မြို့နယ် ၊ လိုင်တွီး ( Laaitui) ကျေးရွာနားမှာ CDF-Hualngoram အဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ် (ZRA )အဖွဲ့ အကြား ဒီကနေ့ ဇွန်လ ၄ ရက်နေ့မနက်ပိုင်း (၇) နာရီခွဲလောက် ကစလို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံလူထု စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့သွားရာ လမ်းမပေါ်မှာတည်ရှိတဲ့ လိုင်တွီး ( Laaitui) ကျေးရွာအထွက် မီးသတ်ရုံး အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေက “ ဒီကနေ့ မနက်ပိုင်းကစလို့ လွိုင်တွီးကျေးရွာအနားမှာ ပစ်ခတ်သံတွေ ကျယ်လောင်စွာ ထွက်နေတာကြောင့် ဒေသခံတွေ အပြင်ထွက်သွားလာတာတွေ မရှိသလောက်နည်းသွားခဲ့တယ် ကျောင်းသူ၊ ကျောင်းသားတွေလည်း ကျောင်းကနေ အိမ်ပြန်ခိုင်းလိုက်ရတယ်လို့ ပြောကြတယ် နောက်ပြီး တိုက်ပွဲအတွင်း ZRA ဘက်က ထိခိုက်မှုများလို့ နောက်ပြန်ဆုတ်ခွာသွားကြတယ်လို့လည်း ပြောတယ် ” လို့ပြောပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေးတပ် ( ZRA) အဖွဲ့ဟာ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကိုစစ်ကောင်စီနဲ့ ပူးပေါင်းပြီး မေလ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လိုင်တွီး ( Laaitui) ကျေးရွာဟာ အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့သွားရာ လမ်းမပေါ် တည်ရှိတာဖြစ်တာကြောင့် ဇိုမီးတော်လှန်ရေးတပ် ( ZRA) အဖွဲ့ဟာ ရိခေါဒါရ်မြို့ကို စစ်ကောင်စီက ပြန်လည် ရရှိရေးအတွက် ရှေ့ပြေးအနေဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *