Headlines

ဟားခါးမြို့နယ်က CDF -Hakha ရဲ့လုံခြုံရေးဂိတ်ကို စစ်ကော်မရှင်တပ်အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF -Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရ

နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၉ မိုင်ခန့်အကွာ Loklung ကျေးရွာအနီးရှိ CDF -Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို မနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF –Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကသိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ စစ်ကော်မရှင်ဘက်က ထိခိုက်၊ သေဆုံးတာမျိုးတော့ မကြားမိဘူး ၊ CDF – Hakha ဘက်က တစ်ဦးကျတယ်လို့ သိရတယ် နှစ်ဖက်ပစ်ခတ်မှုတွေလည်း သိပ်မကြာလိုက်ဘူးလို့ သိရတယ်” လို့ပြောတယ်။ ဟားခါး – မတူပီလမ်းပိုင်းမှာတည်ရှိတဲ့ Loklung ကျေးရွာအနီးက CDF – Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို ဟားခါးမြို့…

Read Full News

ကလေး – ဂန့်ဂေါ လမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရ

နိုဝင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းတလျောက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် မွလ်ဇောလ်ရွာကို မနေ့ နိုဝင်ဘာလ ၃ ရက်နေ့က ဝင်ရောက်ခဲ့ပြီး ဝေဘူလမြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကော်မရှင်တပ်ဖွဲ့တွေ မနေ့နေ့လည် ၁၂ ဝန်းကျင်လောက်မှာ မွာလ်ဇောလ် ရွာထဲ ဝင်ရောက်ခဲ့ကြတယ် ဝေဘူလဘက်ကိုလည်း မကြာခင်အတောအတွင်း ဝင်ရောက်နိုင်တဲ့ အနေထားမှာရှိကြတယ် ကလေး – နတ်ချောင်းကနေ ချင်းပြည်နယ်ထဲ ဆက်သွယ်ထားတဲ့ ဝေဘူလလမ်းပိုင်းကို ထိန်းချုပ်ချင်တာလည်းဖြစ်မယ်” လို့ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေး…

Read Full News

Junta troops torch houses in Harkharlay Village during operations on Kale-Gangaw Road

Photo credit – CJ Junta troops conducting operations along the highway linking Kale (Kalay) in Sagaing Region and Gangaw in Magway Region have advanced into neighboring Chin State and carried out arson attacks in Harkharlay Village, Falam Township. Junta troops advancing along the Kale-Gangaw Road to retake resistance-held areas captured Natchaung and Chaunggwa villages in…

Read Full News

ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာ ၆ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ ထုတ်ပြန်

နိုဝင်ဘာလ ၃ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသလိုက်နှင့် နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ အရှေ့ဘက်က ရွေ့လျားလာသော လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ အထက်ပင့်တက် လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းတဲ့အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊…

Read Full News

နတ်ရေကန်ဗျူဟာကုန်းမှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲကာလ ၂ လအတွင်း CDF – Asho ဘက်က ၂ ဦးကျဆုံးခဲ့ပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းထုတ်ပြန်

နိုဝင်ဘာလ ၂ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း စခန်းကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲကာလ ၂ လ အတွင်း ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho) တပ်ဖွဲ့ဝင် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ခြေလက်အင်္ဂါဆုံးရှုံးသူနှစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင် ၇ ဦး ရှိခဲ့တယ်လို့ CDF – Asho က နိုဝင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလဆန်းကစလို့ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာရောက်တဲ့ စစ်ကော်မရှင်မရှင် စစ်ကြောင်းတွေကို အခြားတော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလျှက် ကြားဖြတ်တိုက်ခိုက်ခြင်းဖြင့် ခုခံ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေတဲ့ကြောင်းကိုလည်း ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ကလည်း နတ်ရေကန်ဗျူဟာကုန်း မကျရှုံးရေးအတွက် လေကြောင်းပစ်ကူ၊…

Read Full News

ကလေး – ဂန့်ဂေါ လမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဟားခါးလေးရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရ

နို၀င်ဘာလ ၁ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ကလေး – ဂန့်ဂေါ ကားလမ်းတလျောက် ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ဟားခါးလေးရွာဘက်ကို မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာဝင်ရောက်ခဲ့ပြီး မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကလေး – ဂန့်ဂေါလမ်းကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ နတ်ချောင်း နဲ့ ချောင်းခွရွာကို ထိန်းချုပ်ပြီး အဲဒီမှာ ကျန်ခဲ့တဲ့ နောက်ချန်အင်အား စစ်ကြောင်းတစ်ခုက ဖလမ်းမြို့နယ် ဟားခါးလေးရွာဘက်ကို မနေ့မနက်က တက်ပြီး ညနေပိုင်းလောက်မှာ ရွာတွင်း အရပ်သားပြည်သူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ ၁ ရက်နေ့အထိ နက်ချောင်းရွာတွေကို မီးရှို့တုန်းဖြစ်တယ် ဟားခါးလေးဘက်တွေက စစ်ကောင်စီက…

Read Full News