Headlines

ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရလို့အရပ်သား ၉ ဦးသေဆုံးပြီးနောက် ဒေသခံတွေအနေဖြင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားဖို့ထုတ်ပြန်

ဧပြီလ ၂၉ ရက်။

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ ဦး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံတွေအနေဖြင့် နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်းတွေ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က ကျင်ဒွေးမြို့၊ ကျင်ဒွေးတံတားကို ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃) ဦး ရှိခဲ့ပြီး JCB စက်ကြီး (၁) စီး၊ Dayan ကား (၁) စီးနှင့် KENBO R (၄) စီး တို့လည်း ဗုံးကြဲတိုက်ခိုက်မှုတွင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ CPU/CPA က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေဖြင့် လက်ရှိအချိန်အတောတွင်း မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ လေကြောင်းရန်သတိထားနေထိုင်ကြဖို့ ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *