
စက်တင်ဘာလ ၂၄ ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေ ကလေးမြို့ Zomi Youth Association (ZYA) ရုံးအတွင်းမှာ လာရောက်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေး တစ်ဦးဟာ စက်တင်ဘာလ ၂၃ ရက်နေ့က ZYAရုံးဝန်းအတွင်း ရုံးရဲ့ မော်တော်ယာဉ် တိုက်မိလို့ အခင်းဖြစ်ပွါးရာနေရာမှာ သေဆုံးသွားတယ်လို့သိရပါတယ်။
သေဆုံးသူ Tg.Thang Lam Kiim နဲ့ သူအစ်ကို တို့ဟာရေချိုးနေစဉ် ZYA ရုံးကားတစ်စီးဟာ ရုံးဝန်းအတွင်း ဝင်ရောက်လာတဲ့ ရုံးကားက အရှိန်မထိန်းနိုင်ဘဲ ရေချိုးနေတဲ့ ညီအစ်ကို ၂ ဦးကို တိုက်မိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ အသက် ၁၁ နှစ်အရွယ် Tg.Thang Lam Kiim ဟာ သေဆုံးခဲ့ပြီး ၎င်း အစ်ကိုဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ZYA မော်တော်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ကလေးတွေကို တိုက်မိတဲ့အပြင် ရုံးရဲ့ ခြံစည်းရိုးနဲ့ အဆောက်အအုံတွေကိုလည်း ဝင်တိုက်မိသွားတယ်လို့ သိရပါတယ်။
မော်တော်ယာဉ်တိုက်မိလို့ သေဆုံးတဲ့ ကလေးဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Saizang Village ကနေ ကလေးမြို့ အခြေစိုက် Zomi Youth Association ရုံးဝန်းထဲမှာ မိသားစုနဲ့အတူ နေထိုင်ကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

