Headlines

စစ်မှုထမ်းဥပဒေမူကြမ်းအပါအဝင် အဆို ၁၇ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ MTC ထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။

တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးမှာ စစ်မှုထမ်းဥပဒေမူကြမ်း အပါဝင် အဆို ၁၇ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ Maraland Territorial Council ( MTC) က ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီအစည်းအဝေးကို မရာနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ကလူထုကိုယ်စားလှယ် ဗဟိုကောင်စီဝင်တွေ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ဗဟိုကောင်စီဝင်တွေ အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် ( ICNCC / CB) ဥက္ကဌ ဆလိုင်းထန်းချွန်းဖေ တို့အပြင် လေ့လာစောင့်ကြည့်သူအပါ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ပြီး အစည်းဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့MTC က ဆိုပါတယ်။

စစ်မူထမ်းအက်ဥပဒေမူကြမ်းကို ဆွေးနွေးအတည်ပြုတာ ကာကွယ်ရေးအက်ဥပဒေ နဲ့ မြို့နယ် တိုက်နယ် (သို့မဟုတ်) ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေး အက်ဥပဒေ တို့ကို ပြင်ဆင်ပြဌာန်းချက်တွေအပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခြင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေ တွေ ချမှတ်ခြင်းအပါအဝင် အဆိုပေါင်း ၁၇ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ MTC က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မရာနယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ လည်ပတ်နိုင်ရေး၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နိုင်ရေး၊ မရာလဲန်းကာကွယ်ရေး ( MDF ) ကို ပိုမိုစနစ်ကျတဲ့ ကာကွယ်ရေးတပ်အဖြစ်တည်ဆောက်ရေး အပါအဝင် စစ်ကောင်စီရဲ့ ထိုးစစ်တွေကို မဟာမိတ်တွေနဲ့အတူ ပူးပေါင်းခုခံကာကွယ်ဟန့်တားနိုင်ရေးတို့ကို ဆွေးနွေးသဘောတူညီခဲ့ကြတယ်လို့ MTC ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *