Headlines

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁ ဦးစီကိုငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့မယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ပြော

ဧပြီလ ၆ ရက်။ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁ ဦးစီကိုငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့မယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က မနေ့ဧပြီလ ၅ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့်အဆောက်အအုံ ထိခိုက်ပျက်စီးတဲ့အပေါ် မူတည်ပြီး ထောက်ပံ့တာတွေကိုလည်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အစည်းအဝေးမှာပြောပါတယ်။ ၄၊၄၊၂၀၂၅ ညနေ ၆ နာရီအချိန်အထိစာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရသူ ၄၅၀၈ ဦး၊ ပျောက်ဆုံး ၂၂၀ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦးရှိလာ၊ဒဏ်ရာရသူ ၄၅၀၈ ဦး၊ပျောက်ဆုံး ၂၂၀ ဦး

ဧပြီလ ၅ ရက်။ ၄၊၄၊၂၀၂၅ ညနေ ၆ နာရီအချိန်အထိစာရင်းများအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရသူ ၄၅၀၈ ဦး၊ ပျောက်ဆုံး ၂၂၀ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ဧပြီ ၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ငလျင်ကြောင့် လူသေဆုံး၊အထိအခိုက် အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး သေဆုံးသူ ၂၁၂၂ ယောက်နဲ့ ဒဏ်ရာရသူ ၂၆၀၉ ယောက်၊ ဒုတိယအများဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး သေဆုံးသူ ၆၁၅ ယောက်နဲ့ ဒဏ်ရာရသူ ၈၄၃ ယောက်၊စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၅၀၇ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၆၈၈ ယောက်၊ ရှမ်းပြည်နယ်မှာ သေဆုံး ၆၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၃၃ယောက်၊ ပဲခူးတိုင်းမှာ သေဆုံးသူ ၄၄…

Read More

ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူလူထုအား စာနာထောက်ထားသောအားဖြင့် ဧပြီ ၂ မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း စစ်ကောင်စီ ထုတ်ပြန်

ဧပြီ ၂ ရက်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် ဧပြီ ၂ မှ ၂၂ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ကိုဒီကနေ့ဧပြီလ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ၁။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ…

Read More

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် အဖြစ် ဧပြီ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သတ်မှတ်ကြောင်း NUG ကြေညာ

ဧပြီလ ၂ ရက်။ လက်ရှိကာလ ပူဆွေးနေရမှုများအတွက် ပြည်သူမှ ပြည်သူသို့ အချင်းချင်း အားပေးနှစ်သိမ့်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၁၃-၄-၂၀၂၅ နေ့မှ ၂၀-၄-၂၀၂၅ နေ့အထိကို နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့တွင် အင်အား ၇.၇ ပမာဏရှိ ငလျင်ကြီး (Major Earthquake) နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်းနိုင်ငံများတွင် အသက် အိုးအိမ် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့၏ စိုးမိုးနယ်မြေများတွင် ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ…

Read More

ငလျင်ဘေးသင့်မြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာပါဝင်နေတဲ့ ကလေးမြို့ကလူမှုကူညီရေးအဖွဲ့များ

မြန်မာပြည်သူထောင်ချီသေဆုံးခဲ့ရပြီး ပြည်သူသိန်းချီအိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ငလျင်ဘေးကြီးမှာ မြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ လူမှုကူညီရေးအသင်းအဖွဲ့များစွာရှိတဲ့အနက် ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ကလေးမြို့က လူမှုကူညီ ရေးအဖွဲ့များလည်းအပါအဝင်ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်တင်ဖို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မတ်လ ၃၀ ရက်နေ့မှာ စတင်ထွက်ခွာသွားတဲ့ ကလေးမြို့က လူမူ့ကူညီရေးအသင်းအဖွဲ့တွေရဲ့ ကားတွေဟာ ငလျင်ဗဟိုချက်ဖြစ်ခဲ့တဲ့ စစ်ကိုင်းမြို့ကို မတ်လ ၃၁ ရက် နေ့လည် ၁ နာရီခွဲလောက်မှာ ရောက်ရှိနေပြီလို့ ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း (ZYA) ဥက္ကဌ Ko Khup Boih က ပြောပါတယ်။ ကလေးမြို့က ကာယကံမေတ္တာ လူမူ့ကူညီရေး၊ ပုညကုတလ လူမူ့ကူညီရေး၊ မွန်ထာလူမူကူညီရေး၊ ကြိုးသုံးပင် လူမူ့ကူညီရေး၊ ZYA (HQ)၊ Tahan ZYA စတဲ့လူမူ့ကူညီရေး အသင်းအဖွဲ့ ၆ ခုက လူဦးရေ…

Read More

စစ်ပညာသင်တန်းတက်ရောက်နေတဲ့ ရဲဘော်၊ စစ်မေတွေအတွက် ရိက္ခာ၊အစားအသောက်တွေ လိုအပ်နေပြီး လှူဒါန်းပေးဖို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)ထုတ်ပြန်

ဧပြီလ ၁ ရက်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၆ မှာတက်ရောက်သင်ယူနေကြတဲ့ ရဲဘော်၊ စစ်မေတွေ စစ်ပညာသင်တန်းကို နောက်ကြောင်းရှင်းရှင်း အင်အားအပြည့်နဲ့ တက်ရောက်နိုင်ဖို့ ရိက္ခာ၊အစားအသောက်တွေ လိုအပ်နေပြီး လိုအပ်တဲ့ ရိက္ခာ၊ အစားအသောက်တွေကို ပါဝင်လှူဒါန်းပေးကြဖို့ ACDF က ဒီကနေ့မှာ ဧပြီလ ၁ ရက်နေ့မှာ မေတ္တာရပ်ခံ ထုတ်ပြန် နှိုးဆော်ထားပါတယ်။ ACDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေ က “အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ အပတ်စဉ်က ထုတ်ပြန်ထားတဲ့ အထဲက လူဦးရေဝန်းကျင်ပေါ့ သူတို့တွေအတွက် အဓိကတော့ အစားအသောက်နဲ့ ရိက္ခာတွေ လိုအပ်လျက်ရှိနေပါတယ်” လို့ပြောပါတယ်။ လှူဒါန်းလိုသူများအနေနဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ Page မှတစ်ဆင့် တာဝန်ရှိသူများနှင့်…

Read More

အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးဖို့နဲ့ ကပ်ဘေးကာလအတွင်း အင်တာနက်ဆက်လက်ပိတ်ထားမှုဟာ အကြပ်အတည်းကို ပိုမိုဆိုးရွားစေ ကြောင်း IPCM က ထုတ်ပြန်

ဧပြီလ ၁ ရက်။ အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးဖို့နဲ့ ကပ်ဘေးကာလအတွင်း စစ်ကောင်စီက အင်တာနက်ဆက်လက်ပိတ်ထားမှုဟာ အကြပ်အတည်းကို ပိုမိုဆိုးရွား စေ ကြောင်း၊ နိုင်ငံတကာအကူအညီများထဲတွင် အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်များလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီအနေဖြင့် အလျင်အမြန် လက်ခံ အသုံးပြုသင့်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နောက်ပြီး နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန်ကိုလည်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကတောင်းဆိုထားပါတယ်။ လက်ရှိငလျင်ဒဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြန်လည်ထူထောင်ရေး ကာလအထိ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်လို့ ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေသာမက သတင်းမီဒီယာသမားတွေမြေပြင်ကွင်းဆင်းပြီး လုံခြုံလွတ်လပ်စွာ…

Read More

ငလျင်ဘေးသင့်မြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ Chinland Foundation

ဧပြီလ ၁ ရက်။ မြန်မာပြည်သူထောင်ချီသေဆုံးခဲ့ရပြီး ပြည်သူသိန်းချီအိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ငလျင်ဘေးကြီးမှာ မြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ လူမှုကူညီရေးအသင်းအဖွဲ့များစွာရှိတဲ့အနက် ပြည်တွင်း/ပြည်ပက ချင်းလူမျိုးစေတနာရှင်တွေနဲ့စုစည်းထားတဲ့ Chinland Foundation လည်းအပါအဝင်ဖြစ်ပါတယ်။ လက်ရှိမှာ Chinland Foundation ဟာ ရန်ကုန်မြို့ကနေ ငလျင်ဘေးသင့်မန္တလေးမြို့မှာ စေတနာ့ဝန်ထမ်း ၂၀ ကျော်နဲ့သွားရောက်လုပ်အားပေးကူညီရင်း ငလျင်ဘေးသင့်ပြည်သူတွေကို သူတို့ယူဆောင်လာတဲ့ ငွေကြေး/ပစ္စည်းလှူဒါန်းနေပါတယ်။ လက်ရှိမှာ ငလျင်ဘေးသင့် မန္တလေးမြို့ကိုရောက်နေပြီး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ Chinland Foundation အသင်းဥက္ကဌ Saya TT@ Saya Thawng Tha Thang က ဒီကနေ့ ဧပြီလ ၁ ရက်မနက်မှာ စစ်ကိုင်း၊ မန္တလေး ကယ်ဆယ်ရေးလုပ်ငန်းအတွက်သိန်း ၅၀၀ ထပ်လှူပါ့မယ် လို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။ “ စစ်ကိုင်း၊ မန္တလေး ကယ်ဆယ်ရေးလုပ်ငန်းအတွက်သိန်း…

Read More

ငလျင်ဘေးကာလမှာ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဖို့ စစ်ကောင်စီကို CNF ကတိုက်တွန်း

မတ်လ ၃၁ ရက်။ မြေငလျင်သဘာဝဘေးအန္တရာယ် အရေးပေါ်ကာလမှာပင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရပြီး မြန်မာပြည်သူတွေဟာ မြေငလျင်ဘေးဒဏ်သာမက စစ်ကောင်စီလက်ချက် နဲ့ သေဆုံးမှုတွေလည်း ဆက်လက်ရှိနေတာကြောင့် ထိုလုပ်ရပ်ကို စစ်ကောင်စီအနေနဲ့ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရာမှာ ပြည်သူများနဲ့အတူ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုကာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ အခြားဒေသအသီး သီးတို့မှာ လူဦးရေ…

Read More

မြန်မာမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာ၊အသက်ကယ်ကုသမှုတွေလုပ်နိုင်ဖို့အတွက်အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေတယ် လို့ WHOက ထုတ်ပြန်

မတ်လ ၃၁ ရက်။ ဒီကနေ့ မတ်လ ၃၁ ရက် ညနေ ၆ နာရီအထိ စာရင်းတွေအရ မြန််မာနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက အားပြင်းငလျင်ဒဏ်သင့်ခဲ့သူတွေကို အသက်ကယ်ဆယ် ကုသမှုတွေ လုပ်နိုင်ဖို့အတွက် အကူအညီငွေ ဒေါ်လာ ၈ သန်း အရေးပေါ် လိုအပ်နေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဒီကနေ့မတ်လ ၃၁ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ မြန်မာက ငလျင်ဒဏ်ခံရသူတွေအတွက် ၂၄ နာရီအတွင်း အရေးပေါ် ဆေးအထောက်အပံ့ပစ္စည်း ၃ တန်နီးပါး ပေးပို့ခဲ့ပြီး ကမ္ဘာတဝန်း အရေးပေါ် ဆေးကုသရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့WHO…

Read More