ကလေးမြို့မှာ ညဘက် လုယက်တဲ့စစ်ကောင်စီစစ်သား ၃ဦး ကို ရပ်ကွက်လုံခြုံရေးများ ဖမ်းမိပြီး ရဲလက်သို့ အပ်

ဇူလိုင် ၄ ရက်။ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၈ နာရီခန့်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက် အတွင်း လုံခြုံရေး ကင်းလှည့်နေတဲ့ ရပ်ကွက် လူငယ်များမှ ရပ်ကွက်အတွင်းဆိုင်ကယ် လုယက်အနုကြမ်းစီးတဲ့ စစ်ကောင်စီ ထောက်ပို့ တပ်ရင်းမှ စစ်သား ၃ ဦးကို ဖမ်းမိပြီး ရဲလက်သို့ အပ်နှံ လိုက်ကြောင်း ရပ်ကွက်လူငယ် ၁ ဦး ထံမှ သိရှိရ ပါတယ်။ “တပ်ဦးသီတာ ရပ်ကွက် လူငယ်တွေ အနေနဲ့ ညနေ ၇ နာရီ နောက်ပိုင်း အနုကြမ်းမှုတွေ ခဏခဏ ကြုံရတော့ ရပ်ကွက် လုံခြုံရေး အတွက် ည ၉ နာရီ အထိ ကင်းလှည့်ဖို့…

Read More

ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလအတွင်း ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယအများဆုံး ပြည်နယ်ဖြစ်နေ

ဇူလိုင်လ ၃ ရက်။ ချင်းပြည်နယ်ဟာ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလအတွင်း ဧပြီလ ၂၀ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်ခံရမှု တိုင်းနဲ့ ပြည်နယ်တွေထဲမှာ ဒုတိယ အများဆုံးနေရာဖြစ်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်း ကာလ အခုလက်ရှိ ရက်ပေါင်း ၇၀ ကျော်အတွင်းမှာတင် စစ်အုပ်စုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှု အထိ ကျူးလွန်ထားပြီးဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။ အဆိုပါပြစ်မှုကျူးလွန်တဲ့ထဲမှာ အရပ်သားပြည်သူတွေကို…

Read More

ကလေး – တမူးလမ်းမပေါ်က ကနန်ကျေးရွာကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်ပေမယ့် မြေပြင်မှာ တိုက်ပွဲပြင်းထန်နေ

ဇူလိုင်လ ၁ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကနန်ကျေးရွာကို ထပ်မံသိမ်းပိုက်ရရှိပြီလို့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပေမယ့် မြေပြင်မှာ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ခမ်းပတ်မြို့နဲ့ တဆက်တည်းမှာတည်ရှိတဲ့ ကနန်ကျေးရွာကို ခမ်းပတ်မြို့သိမ်းပိုက်ခံရပြီး ရက်ပိုင်းအကြာမှာဘဲ စစ်ကောင်စီက ကနန်ရွာထဲ ပြန်ဝင်ရောက်လာနိုင်တာဖြစ်ပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကနန်ရွာကို ဝင်လာပြီလို့တော့ ပြောလို့ရတယ် ဒါပေမယ့် နှစ်ဖက်စစ်ဆိုင်နေကြတုန်းပါ တိုက်ပွဲက ဖြစ်နေဆဲအခြေအနေမျိုး စစ်ကောင်စီဘက်က အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး ဝါဒဖြန့်ဖို့အတွက် အလျင်မြန်ရိုက်ပြီးတင်တာမျိုးပါ ” လို့ပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး…

Read More

ကလေးမြို့ကို စစ်ရှောင်နေကြတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော် စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့နေရာအတွက် အခက်ခဲကြုံတွေ့နေကြ

ဇူလိုင်လ ၁ ရက်။ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့ ခမ်းပတ်မြို့က စစ်ရှောင်ပြည်သူထောင်ကျော်ဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ နေရာအခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့သူတွေဆီကနေသိရပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်မှာတည်ရှိတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ဆန်းပိုင်းလောက်ကစလို့ မြေပြင်ထိုးစစ်တွေ အပြင် လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ခဲ့တာကြောင့် ခမ်းပတ်မြို့ပေါ်နေ ဒေသခံ အများစုဟာ ကလေးမြို့နယ်နဲ့ မြို့ပေါ်တွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ခမ်းပတ်ကနေ လက်ရှိကလေးမြို့ကို စစ်ရှောင်လာတဲ့သူတွေက လူဦးရေနဲ့ဆိုရင်ထောင်ဂဏန်းရှိတယ် တချို့အိမ်ဌားနိုင်တဲ့သူက အိမ်ဌားကြတယ်၊ တချို့က ဆွေမျိုးနီးစပ်သူတွေအိမ်တွေမှာနေကြတယ် တချို့ကကြတော့ ဘုရားကျောင်းတွေမှာ နေထိုင်ကြတယ် အခုလို ကုန်ဈေးနှုန်းကြီးတဲ့ ကာလမှာ အစစအရာရာကလည်းဈေးကြီးတာရော…

Read More

ချင်းလူငယ်အနုပညာရှင် Pau Za Langh ရဲ့တကိုယ်တော် ပန်းချီ ပြပွဲ ပြင်ဦးလွင်မှာ ကျင်းပမယ်

ဇွန်လ ၂၇ ရက်။ ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို “Between” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery မှာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ “Between လို့နာမည် ပေးထားတာက လက်ရှိ ကျွန်တော် သဘောကျတဲ့ ရေးဟန် နဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ traditional ကို ပေါင်းစပ်ဖန်တီးပြီးတော့ ရေးဆွဲ ထားတာ ဖြစ်တယ်။ ခေတ်ဟောင်း ဘိုးဘေးတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကို ခေတ်သစ်လူငယ်တွေက…

Read More

ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကို လက်ဆင့်ကမ်းပြီးစစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲသွားမယ်လို့ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် (၅၀) ပြည့်နှစ်မှာ ဗကသ၊ခကသနဲ့ CDF-Asho ကထုတ်ပြန်

ဇွန်လ ၂၆ ရက်။ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ချင်းကျောင်းသားသမဂ္ဂ(မြန််မာ)နဲ့ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) က ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ်(၅၀) ပြည့်မြောက်တဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ အသီးသီးထုတ်ပြန်ပါတယ်။ ၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့သူ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာရပ်တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများမှာ လူထုကို ဦးဆောင်ခဲ့တဲ့…

Read More

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်မယ်

ဇွန်လ ၂၄ ရက်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို လာမယ့် ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၄ နာရီမှာ စတင်ပြီး ထုတ်ပြန်သွားမှာဖြစ်သလို တရားဝင် ဝက်ဘ်ဆိုက်ကနေလည်း ဝင်ကြည့်နိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေဖြင့် အောင်စာရင်းထုတ်ပြန်တဲ့ချိန်တွင် http://result.dme.gov.mm ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကာ မိမိ ခုံအမှတ်တွေကို ရိုက်ထည့်ပြီး အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။ အောင်စာရင်းတွေကို အဆိုပါ တရားဝင်ဝက်ဘ်ဆိုက်ကနေသာ ထုတ်ပြန်မှာဖြစ်ပြီး ဘယ် Application ကနေမှ ထုတ်ဝေမှာ မဟုတ်တဲ့ကြောင်းနဲ့ အတုအယောင် Link တွေကို အထူးဂရုစိုက်ကြဖို့ကိုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဘက်က သတိပေးထားပါတယ်။ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဟားခါးမြို့နယ်၊…

Read More

ခမ်းပတ်မြို့ နေရာအများစု စစ်ကောင်စီပြန်သိမ်းပိုက်ပြီး အရပ်သားတချို့သတ်ဖြတ်ခံရ၊နေအိမ်တွေမီးရှို့ခံရ

ဇွန်လ ၂၃ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ် ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့က မြို့ရဲ့ နေရာအများစုကို ပြန်သိမ်းပိုက်ခဲ့ပြီးတိုက်ပွဲအတွင်းပိတ်မိတဲ့ အမှတ် – ၄ ရက်ကွက်က ဒေသခံတစ်ဦးကို ဇွန်လ ၂၁ ရက်နေ့က စစ်ကောင်စီကဖမ်းဆီး ပစ်သတ်ခဲ့ကာ လက်ရှိကျန်နေတဲ့ အမှတ် – ၁ ရပ်ကွက်ထဲကို စစ်ကောင်စီ ဝင်ရောက်ကာ အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “ကျနော်တို့သိရသလောက်က စစ်ကောင်စီစစ်ကြောင်းတွေက အမှတ် – ၁ ထဲ စဝင်တာနဲ့ အိမ်ကောင်းတွေကို မီးရှို့တော့တာပဲလို့ သိရတယ် အခုချိန် အသွယ်ကလည်း ပြတ်နေသေးတော့ သေးစိပ်အခြေအနေ…

Read More

မန္တလေးကနေ တီးတိန် သယ်လာတဲ့ ငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်း ကလေးဝမြို့မှာ ဖမ်းဆီးရမိ

ဇွန်လ ၂၂ ရက်။ မန္တလေးကနေ ချင်းပြည်နယ် တီးတိန်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ကီလိုခန့် နဲ့ စိတ်ကြွဆေးပြား ၁၀ သိန်းကျော် နဲ့ လက်နက်ခဲယမ်းတွေကို ကလေးဝမြို့၊ ချင်းတွင်းတံတားတွင် ရဲတပ်ဖွဲ့က ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကလေးဝမြို့ ချင်းတွင်းတံတားမှာ ဂိုးရှင်းမန် (ခ) ရှင်းမန် မောင်းလာတဲ့ PRDO ယာဉ်ပေါ်မှာ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို ၊ ဂင့်ကပ်ခိုင် (ခ) ခိုင်ခိုင်မောင်းနှင်လာတဲ့ PRDO ယာဉ်ပေါ်မှာ ဘိန်းဖြူ ၄ ဒသမ…

Read More

ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်

ဇွန်လ ၂၀ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG)ရဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ(၂၀)ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ပြန်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက Chin World Media ကိုပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတွေက ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ပြီလို့သိရတယ် ရပ်ကွက်ကြီး ၄ ခုထဲက ရပ်ကွက်ကြီး ၃ ခုကိုသိမ်းလိုက်ပြီ နေရာအများစု သိမ်းလိုက်နိုင်တဲ့သဘောပေါ့ နောက်ဆုံးကျန်တဲ့ အမှတ် – ၁ ရပ်ကွက်ကို ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် အခုချိန်ထိတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ ဆက်ရှိနေသေးတယ်လို့ ကြားသိရတယ်” လို့ပြောပါတယ်။…

Read More