ကလေးမြို့တွင်းက စစ်ကောင်စီတွေကို တိုက်ခိုက်တဲ့ ရက်ပေါင်း (၃၀)အတွင်း စစ်ကောင်စီဘက်က (၇) ဦးသေဆုံးပြီး ၃ ဦးဖမ်းဆီးရမိခဲ့တယ်လို့ Kalay UG ထုတ်ပြန်

ဇွန်လ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း မိုင်းခွဲတိုက်ခိုက်မှု ပြောက်ကျားဝင်ရောက်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၁) ဦး အပါအဝင် (၇) ဦး သေဆုံးခဲ့ပြီး၊ (၃) ဦးအား အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ (Kalay UG) တပ်ဖွဲ့က ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးတာတွေ အရှင်ဖမ်းဆီးရမိတာတွေအပြင် ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိခဲ့ပြီး ၎င်းတို့ထံကနေလည်း ကျည်ဆန်တွေနဲ့ လက်ဗစ်ဗုံးများအပါအဝင် ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Kalay UG တပ်ဖွဲ့အနေဖြင့် ရှေ့ဆက်၍လည်း မြို့တွင်းစစ်ဆင်ရေးများကို ခြေသံလုံလုံဖြင့် အထိရောက်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစား…

Read More

ကလေးမြို့ပေါ်မှာ အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းဖျောက်တာခံခဲ့ရ

ဇွန်လ ၁၆ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ လမ်းတွေမှာ ခြေကျင်နဲ့ လျှောက်ပြီး တံမြက်စည်းလိုက်ရောင်းတဲ့ အသက် ၃၃ နှစ်အရွယ် ရဲဇော်ဟာ ပြီးခဲ့တဲ့ အပတ်လောက်က သတ်ဖြတ်ခံရပြီး အလောင်းဖျောက်တာခံခဲ့ရတယ်လို့ မိသားစုတွေ ကြုံတွေ့ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်လောက်က ၃ ရက်အကြာပျောက်နေတဲ့ အသက် ၃၃ နှစ်အရွယ် ရဲဇော်ကို မိသားစုဝင်တွေက လိုက်စုံစမ်းကြရင်း ပြင်သာသုသာန်တွင် သေနတ်ဒဏ်ရာ ၂ ချက်နဲ့ ခန္ဓာကိုယ်နှိပ်ဆက်ခံထား အလောင်းကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာက “သူက လမ်းတွေမှာ ခြေကျင်နဲ့လျှောက်ပြီးတော့ တံမြက်စည်းလိုက်ရောင်းတဲ့သူဖြစ်တယ် အဲဒါသူပျောက်ပြီးတော့ ၃ ရက်မြောက်မှာ လိုက်စုံစမ်းရင်းနဲ့ ပြင်သာ သဂြိုလ်းမှာ မိသားစုတွေတွေ့တော့ မြှုပ်ခါစရှိသေးတယ် သုသာန်စောင့် သုဘရာဇာကို…

Read More

ကလေးမြို့မှာ ဒီကနေ့မနက် ကျောင်းသားတွေကို ကျောင်းလိုက်ပို့ပေးတဲ့ ဆိုက်တွဲမောင်း အမျိုးသား ၁ ဦး ကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေပြော

ဇွန်လ ၁၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို အတန်းတင်စာမေးပွဲအတွက် ကျောင်းသား (၄) ဦးကို ပို့ဆောင်ပေးတဲ့ ဆိုက်တွဲမောင်း အမျိုးသားကိုပါမချန် စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “ဒီနေ့က ကျောင်းနဲ့ ဝေးနေတဲ့သူတွေကို အတန်းတင်အတွက် ဝင်ခွင့်စာမေးပွဲဖြကြတာရှိတယ် အဲဒီမှာ ကလေးတွေကို လိုက်ပို့တဲ့ ဆိုက်တွဲသမားကိုဖမ်းသွားတယ် အခြေနေတော်တော်ဆိုးတယ် ကျောင်းသားတွေတော့မပါဘူး ကျောင်းသားတွေကဒီတိုင်းကျန်သွားတာ အခုက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသားတွေအတွက် အတန်းတင်စာမေးပွဲပေါ့” လို့ပြောပါတယ်။ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ လက်ပံချောင်း၊ နတ်မြောင်း လို ကလေးမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ကျောင်းနဲ့ဝေးကွာနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အသက်အရွယ်အလိုက် အတန်းတင်…

Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ခြေလှမ်း (၈၁,၀၀၀)၊(၈၁) ကီလိုမီတာ ပြေးရန်နှင့် ဘုရားသခင်ထံ ဆုတောင်းခြင်း (၈၁) ကြိမ် ဒေါက်တာဆာဆာ ပြုလုပ်နေ

ဇွန်လ ၁၂ ရက်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားအပေါင်းနှင့် မြန်မာပြည်သူလူထုအတွက် ခြေလှမ်း (၈၁,၀၀၀) လျှောက်လှမ်းရန်၊ (၈၁) ကီလိုမီတာ ပြေးရန်နှင့် ဘုရားသခင်ထံ ဆုတောင်းခြင်း (၈၁) ကြိမ် ပြုလုပ်ရန် သန္နိဋ္ဌာန်ချမှတ်ကာ လှုပ်ရှားမှုတွင် ပါဝင်နေပါတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ဝန်ကြီးဟောင်း ဒေါက်တာဆာဆာက သူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့အနေနဲ့ သူမ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ သူမ​၏သား ကိုထိန်လင်း (Kim Aris) က Proof of Life ကမ်ပိန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှု ပြုလုပ်နေပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ပါဝင်သူများအနေဖြင့်…

Read More

ကလေး – တမူး လမ်းမပေါ်က အရှေ့ခုံသာနဲ့ အနောက်ခုံသာကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေပြော

ဇွန်လ ၁၀ ရက်။ စစ်ကိုင်းတိုင်း ကလေး – တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့ အနောက်ခုံသာကျေးရွာတွေက အရပ်သားနေအိမ်တွေကို ကလေးမြို့ဘက်ကနေ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ကစလို့ မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ ဒီနေ့ မနက်ကစလို့ မီးရှို့နေပြီလို့ အရှေ့ခုံသာဘက်ကနေ ဒီဘက်ကိုပြေးလာတဲ့ သူတွေကပြောတယ် သူတို့ရွာဘက်က မိဘတွေ စိတ်ပူပြီး ဖုန်းဆက်ရင်း သိရတာ သူတို့ရွာခံတွေကိုယ်တိုင်ပြောတာ ။ အရှေ့ခုံသာ၊ အနောက်ခုံသာက ကလေး – တမူးလမ်းမကြီးပေါ်ပေါ့ ကလေးမြို့ဘက်ကနေ ထိုးတဲ့စစ်ကြောင်းက မီးရှို့တာပေါ့” လို့ပြောပါတယ်။ ကလေး – တမူးလမ်းမပေါ်က အရှေ့ခုံသာ ၊ အနောက်ခုံသာ ကျေးရွာတွေအပါအဝင်…

Read More

ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေ

ဇွန်လ ၉ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို ရပ်ကွက်နေရာအနှံ့မှာ စစ်ဆေးဖမ်းဆီးတာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့ပေါ်ရပ်ကွက်တွေကနေ တစ်နေ့တည်း လူငယ် အယောက် ၃၀ ဝန်းကျင်လောက်ကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာမျိုး ရှိခဲ့တယ်လို့လည်း ကလေးမြို့နေ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ ကလေးမြို့ဒေသခံလူငယ်တစ်ဦးက “ပြီးခဲ့တဲ့ လေးရက်လောက်ကထင်တယ် တစ်ရက်ထဲနဲ့ အယောက် ၃၀ လောက်ဆွဲခံရတယ် အခုနောက်ပိုင်းလည်း တချို့လူတွေ သတိမထားမိတဲ့ နေရာမျိုးတွေမှာလည်း များလာတယ် မင်္ဂလာဥယာဉ်ရပ်ကွက်က မိုးလေဝသ ရုံးရှိတဲ့ အဲ့နားမှာလည်းစောင့်ဖမ်းတယ် တခြားနေရာတွေလည်းပေါ့ မင်းကြီးရှေ့တော့ အမြဲလိုလိုဖမ်းတယ် တအားဆွဲတယ် ရပ်ကွက်ကြားထဲတွေထိသွားပြီးမှဖမ်းတာမျိုး မိုးလေဝသနားကဆိုရင် ဒီရက်ပိုင်းကဘဲ ပန်းရံဆင်း အလုပ်ပြန်တဲ့သူတွေ အလုပ်သိမ်းပြီး ပြန်လာတဲ့သူ ၄…

Read More

ကူကီးလူမျိုးတို့ရဲ့ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် ကန့်ကွက်

ဇွန်လ ၉ ရက်။ ကူကီးလူမျိုးတို့ရဲ့ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဇွန်လ ၇ ရက်မှာ ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာ အာဏာသိမ်းစစ်ကော််မရှင်နဲ့ ရှမ်းနီအဖွဲ့တို့ ဆွေးနွေးရာမှာ ဟုမ္မလင်း၊ ခန္တီး၊ ကလေးနဲ့ တမူး ဒေသတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊အဆိုပါဒေသတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ကူကီးလူမျိုးတွေရဲ့ သမိုင်းဝင်နယ်မြေတွေကို တခြားလူမျိုးတမျိုးရဲ့ ပိုင်နက်အောက် အတင်းအဓမ္မ ထည့်သွင်းတာကို လုံးဝလက်ခံမှာမဟုတ်ကြောင်း ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC)က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ UKSC ရဲ့ ထုတ်ပြန်ချက်မှာ ကိုလိုနီခေတ် “သွေးခွဲအုပ်ချုပ်ခြင်း” မူဝါဒတွေကြောင့် ကူကီးနယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာ ခွဲခြားခံခဲ့ရသလို၊ ၁၉၆၇ ခုနှစ်ကလည်း “ခါတော်မီစစ်ဆင်ရေး” ကြောင့်…

Read More

ကလေး – တမူး စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ အိန္ဒိယဘက်နဲ့ကလေးမြို့ကို စစ်ဘေးတိမ်းရှောင်နေရ

ဇွန်လ ၈ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးကားလမ်းကို စစ်ကောင်စီက နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာတာကြောင့် တမူးခရိုင် ၊ တမူးမြို့နယ် ကနန်ကျေးရွာနဲ့ ခမ်းပတ်မြို့နေ ဒေသခံပြည်သူအများစုဟာ အိန္ဒိယနဲ့ကလေးမြို့ဘက်ကို တိမ်းရှောင်နေကြရပြီး ကလေးမြို့ဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေ အိမ်ဌားစရာ မရှိဖြစ်နေကြရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကပြောပါတယ်။ ကနန်ဒေသခံတစ်ဦးက “ ကျမတို့က ကာနန်ဘက်ကကနေ စစ်ရှောင်လာတာ မနေ့တနေ့လောက်ကနေ စပြေးလာတာ ဟိုတနေ့ လေယာဉ်ကနေ ဗုံးကြဲတဲ့ချိန်လောက်ကနေ စလို့ ခမ်းပတ်ဘက်သူတွေ တော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်ကြတယ် ဒီနေ့ဆို ရာဇဂြိုလ်ဘက်ကနေ လမ်းတွေလည်း ပိတ်ကုန်ပြီ ကျမတို့နေရာက တမူး – ကလေးကနေ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးခံရတာဖြစ်လို့ ခမ်းပတ်၊ ကနန် ဘက်က ဒေသခံအများစု စစ်ဘေးရှောင်နေရတယ်…

Read More

ခမ်းပတ်မြို့ အနီးအနားဝန်းကျင်တွေကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့

ဇွန်လ ၄ ရက်။ အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်လမ်းကြောင်းတခုဖြစ်တဲ့ ကလေး – ခမ်းပတ် – တမူး လမ်းမ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားလာတာရှိပြီး ဒီကနေ့ ဇွန်လ ၄ ရက်နေ့ မနက်အစောပိုင်းကလည်း ခမ်းပတ်မြို့အနီးနားတဝိုက်ကို စစ်ကောင်စီတပ်က ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် လမ်းမပေါ်မှာရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ Y – 12 နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့…

Read More

သြစတြေးလျသံရုံးက ကယ်ဆယ်ထားတဲ့ အောက်ချင်းငှက် မိသားစု တိုးပွါးလာကြောင်းထုတ်ပြန်

မေလ ၁၄ ရက်။ လွန်ခဲ့သည့် ၃ နှစ်က မိုခါမုန်တိုင်းတိုက်ခတ်စဉ်အတွင်း ရန်ကုန်မြို့ရှိ ဩစတေးလျသံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ ထူးခြားသည့်အမှတ်တရအဖြစ် အဆိုပါအောက်ချင်းငှက်မိသားစု တိုးပွါးလာကြောင်း မေလ ၁၄ ရက်မှာ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။ အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး၊ ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ယနေ့ကျရောက်သည့် မိုခါမုန်တိုင်း ၃ နှစ်ပြည့် အမှတ်တရနေ့တွင် ဘေးဒဏ်သင့်ပြည်သူများကို ပြန်လည်သတိရခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်ကြားမှ လွတ်မြောက်လာသည့် အောက်ချင်းငှက်မိသားစုလေး၏ သတင်းကောင်းကလည်း စိတ်မကောင်းစရာများကြားမှ ကြည်နူးစရာ မှတ်တမ်းတစ်ခုအဖြစ် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ…

Read More