Headlines

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်မယ်

ဇွန်လ ၂၄ ရက်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို လာမယ့် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၄ နာရီမှာ စတင်ပြီး ထုတ်ပြန်သွားမှာဖြစ်သလို တရားဝင် ဝက်ဘ်ဆိုက်ကနေလည်း ဝင်ကြည့်နိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ ၂၂ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေဖြင့် အောင်စာရင်းထုတ်ပြန်တဲ့ချိန်တွင် http://result.dme.gov.mm ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်ကာ မိမိ ခုံအမှတ်တွေကို ရိုက်ထည့်ပြီး အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

အောင်စာရင်းတွေကို အဆိုပါ တရားဝင်ဝက်ဘ်ဆိုက်ကနေသာ ထုတ်ပြန်မှာဖြစ်ပြီး ဘယ် Application ကနေမှ ထုတ်ဝေမှာ မဟုတ်တဲ့ကြောင်းနဲ့ အတုအယောင် Link တွေကို အထူးဂရုစိုက်ကြဖို့ကိုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဘက်က သတိပေးထားပါတယ်။

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဟားခါးမြို့နယ်၊ အ.ထ.က (၁) ဟားခါးနဲ့ တီးတိန်မြို့နယ် အ.ထ.က (၁) တီးတိန် စာစစ်ဌာန ၂ ခုမှာသာ ကျင်းပခဲ့တာဖြစ်ပြီး ဖြေဆိုဖို့ စာရင်းပေးသွင်းတဲ့ ကျောင်းသူ/ ကျောင်းသား ၉၁၅ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၈ ဦး ရှိပြီး စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ချင်းပြည်နယ်ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အနည်းဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *