
ဩဂုတ်လ ၁၀ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးရာမှာ နာမည်ကြီးသူ မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်ကို ဓားဖြင့်ထိုးခဲ့တဲ့ တရားခံအပြင် တရားခံ၏ သားကိုပါ ကလေးမြို့မရဲစခန်းမှာ မတရားဖမ်းဆီးထားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်ဟာ ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက ဓားထိုးခံအိမ်သို့ ကွမ်းယာသွားရောက် တောင်းစားခဲ့ပြီး တရားခံ၏ သားဖြစ်သူမှ အိမ်တွင် ကွမ်းယာမရှိကြောင်း နဲ့ မိမိ၏ အရီးအိမ်တွင် ရှိကြောင်းပြောပြီး သွားရောက် သွားရောက် ကွမ်းယာနေစဉ် ဖြစ်ပွားခဲ့တဲ့ ပြဿဖြစ်ပြီး ဖြစ်စဉ်အပြီး ဦးစိုင်းမောင်ကြည်သာဟာ သူရဲ့ နေအိမ်သို့ပြေးကာ ခြံတံခါး အိမ်တံခါးတွေ ပိတ်ပြီး ရဲစခန်းကို တိုင်တန်းခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ သိရပါတယ်။
ကလေးမြို့ဒေသခံတစ်ဦးက “ ဓားထိုးခံရတဲ့ရတဲ့ အုပ်ကြီး အမျိုးသမီးက မကျေနပ်လို့ တရားခံရဲ့သားဖြစ်တဲ့ (ကွမ်းယာသွားရာပေးနေသူ) ကို မတရားပုဒ်မမျိုးစုံတပ်ပြီး ရဲစခန်းတိုင်တန်းအကြောင်းကြားခဲ့လို့ မြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းတာ ခံရတာဖြစ်တယ် အဲဒီကိစ္စကို ဖခင်ဖြစ်သူ တရားခံက ကြားသိလို့ မတရားခံရတဲ့ အမှုကိစ္စနဲ့ မပတ်သက်တဲ့ သူ့သားအတွက် မြို့မရဲစခန်းကို ကိုယ်တိုင်သွားပြီး ဖြေရှင်းခဲ့ပေမယ့် အမှုနဲ့ လုံးဝမသက်ဆိုင်တဲ့ သားဖြစ်သူကို လွတ်ပေးတဲ့အပြင် သားအဖနှစ်ယောက်လုံးကို စိုင်းမောင်ကြည်နဲ့ သူ့မယားက အငြိုးတွေ၊ အာဏာ၊ ငွေတွေသုံးပြီး ဖမ်းဆီးခိုင်းထားတယ်” လို့ပြောပါတယ်။
ဓားနဲ့ ထိုးတာခံခဲ့ရတဲ့ ဦးစိုင်းမောင်ကြည်ဟာ ဦးခေါင်း ၅ ချက်ချုပ်ရသလို လက်အနည်းငယ် ထိရှ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဦးစိုင်းမောင်ကြည်ဟာ မြို့သာရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် ဒီနှစ်အတွင်း (၆) လတာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် အနားယူထားပြီးဖြစ်ပေမယ့် မြို့တွင်း လူငယ်များ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဦးဆောင် နေသူတစ်ဦးဖြစ်တယ်လို့လည်း ကလေးမြို့ခံတွေက ပြောပါတယ်။

