Headlines

အပစ်ရပ်ဆွေးနွေးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့မှာ CNO အဖွဲ့ပါဝင်

ဇူလိုင်လ ၃၁ ရက်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ အပစ်ရပ်ဖို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ပြီဆိုတဲ့ ခံယူချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အားလုံးကို တွေ့ဆုံဆွေးနွေးဖို့အမြဲဖိတ်ခေါ်ခဲ့ပါတယ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေအားလုံး မည်သည့်ကြိုတင်ကန့်သတ်ချက်မထားဘဲ တွ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ထပ်မံဖိတ်ခေါ်ခဲ့ပါတယ် ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့ တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ သူ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

ဦးမင်းအောင်လှိုင် ရက် ၁၀၀ ပြည့် မိန့်ခွန်းနဲ့ ပတ်သက်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)အဖွဲ့ဘက်က တာဝန်ရှိသူတွေကို မေးမြန်းထားဆဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တိုက်ခိုက်လာတဲ့ ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)အဖွဲ့ဟာ ချင်းညီနောင်(CB) အဖွဲ့ဝင်ဖြစ်ပြီး CNO ဟာ ဖလမ်းမြို့ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မှာ ပြန်လက်လွှတ်လိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *