Headlines

ချင်းတောင်ပိုင်းနှင့် ယောဒေသအစပ်မှာ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲပြီး အင်အားနှင့် ရိက္ခာများ ဆက်တိုက်ဖြည့်တင်းနေ

ဧပြီလ ၃၀ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ထဲကိုလည်း လေယာဉ်တွေနဲ့ ရိက္ခာနဲ့ ခဲယမ်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ တံတားဦး၊ မကွေးနဲ့ အေလာ လေတပ်စခန်းတွေက တက်လာတဲ့ ဂျက်ဖိုက်တာ ၅ စီးဟာ မင်းတပ်နဲ့ ကျောက်ထုအစပ်က နေရာတစ်ခုတည်းကိုတင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ အလားတူ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း တံတားဦးနဲ့ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေက ချင်းပြည်နယ်၊ ကျင်ဒွေးမြို့အနီးရှိ…

Read More

ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရကာ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ သိရ

ဧပြီလ ၂၉ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးပြောတာက “သေဆုံးတာကိုက ၁၀ ဦးလို့ ကြားတယ် တော်တော်တော့ ဆိုးတယ် ထိခိုက်ဒဏ်ရာရ ဦးရေ အရေအတွက်တော့ မသိရသေးဘူး သေဆုံးသူတွေလည်း ကလေးငယ်တွေလည်း ပါဝင်တယ်လို့သိရတယ်” လို့ပြောပါတယ်။ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ ၊ မုန်းချောင်းတံတား အနီးဝန်းကျင်ကို စစ်အုပ်စုက ဒီကနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့…

Read More

တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့လူဦးရေ ထက်ဝက် နေရပ်စွန့်ခွာ တိမ်းရှောင်

ဧပြီလ ၂၉ ရက်။ တီးတိန်မြို့နယ် အတွင်း အခြေစိုက် စစ်ရေး လှုပ်ရှားနေသော ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ PDF-Zoland အပါအဝင် ဒေသ တော်လှန်ရေး အင်အားစုတွေက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ပြုလုပ်လာမှာကို စိုးရိမ်တဲ့ အတွက် လူ ၁ သောင်းခွဲ ခန့်နေထိုင်တဲ့ တီးတိန် မြို့လူဦးရေ ရဲ့ ထက်ဝက် ခန့် ဟာ နေရပ် စွန့်ခွာပြီး လုံခြုံရာကို တိမ်းရှောင် ရွေ့ပြောင်း နေကြတယ်လို့ တီးတိန်မြို့မှ တိမ်းရှောင်လာသူ တဦး ထံမှ သိရှိရ ပါတယ်။ “စစ်ပွဲ ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင် တိမ်းရှောင် ကြတာပါ။ တီးတိန်မြို့ လူဦးရေ ရဲ့ ၅o %…

Read More

မလေးရှား သွားရင်း လမ်းမှာကွယ်လွန်သွားတဲ့ ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဇာတိရွာမှာ ဂူသွင်း သင်္ဂြိုလ်

ဧပြီလ ၂၈ ရက်။ မလေးရှားသွားရင်း လမ်းခုလပ် ထိုင်းနိုင်ငံဆုန်ခလာ ခရိုင်မှာ သေဆုံးခဲ့သော အသက် ၂၂ နှစ်အရွယ် ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်မှာ သူ့ဇာတိရွာ ဖြစ်တဲ့ တီးတိန်မြို့နယ် တွီးဗျာလ်းရွာမှာ ဂူသွင်း သင်္ဂြိုလ် ခဲ့ပြီဖြစ်တယ် လို့ ဆွေမျိုးများ ထံမှ သိရှိခဲ့ ရပါတယ်။ Tg Pau Lam Kim ဟာ မလေးရှားနိုင်ငံကို အောက်လမ်းကနေ သွားရာ လမ်းမှာ ကား လူကြပ်တဲ့ ဒဏ်ကြောင့် ဧပြီလ ၁၁ ရက်နေ့မှာ အသက်ရှုကြပ် သေဆုံးခဲ့တာ…

Read More

မလေးရှားသွားရင်း လမ်းမှာ ကွယ်လွန်ခဲ့သူ ချင်းလူငယ်ရဲ့ ရုပ်အလောင်း ဒီကနေ့ ကလေးမြို့ရောက်ရှိ

ဧပြီလ ၂၇ ရက်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရင်း ထိုင်းနယ်စပ် လမ်းခုလပ် ကားပေါ်မှာ လူများလို့ အသက်ရှုမဝဖြစ်ပြီး ကွယ်လွန်ခဲ့သူ ချင်းလူငယ်ရဲ့ ရုပ်အလောင်းဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ရောက်ရှိကာ တီးတိန်မြို့နယ်ကသူ့ဇာတိရွာကို ဆက်လက်ပို့ဆောင်သွားကြမှာဖြစ်တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ ကွယ်လွန်သူရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထိုင်းနိုင်ငံ Hat Yai မြို့ဆေးရုံကနေ ထုတ်ပြီး ကွယ်လွန်သူရဲ့ဇာတိနေရပ် မြန်မာပြည်၊ချင်းပြည်နယ် တွီးဗျာလ်းရွာကို ပို့ဆောင်ဖို့ မြဝတီ – ပဲခူး – မန္တလေး ကနေတဆင့် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဒီကနေ့ နေ့လည်ဝန်းကျင်လောက်မှာ…

Read More

ပခုက္ကူမြို့အ၀င် ပျူစောထီးဂိတ်မှာ အဖမ်းခံရတဲ့ မင်းတပ်လူငယ် ၂ ဦးအဆက်အသွယ်ပြတ်နေ

ဧပြီလ ၂၆ ရက်။ ခရီးသွားနေတဲ့ မင်းတပ်လူငယ်နှစ်ဦးကို မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်မှာ ဂိတ်ထိုးထားတဲ့ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးဂိတ်က ဧပြီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အခုအချိန်အထိ ရဲစခန်းကိုလည်း ပို့ဆောင်ခြင်းမရှိသလို ဘယ်နေရာကို ခေါ်သွားမှန်းမသိရဘဲ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မင်းတပ်ဒေသခံတွေဆီက သိရပါတယ်။ ယမန်နေ့ ဧပြီလ ၂၅ ရက်၊ မနက် ၈ နာရီအချိန်ခန့်မှာ ဆောမြို့ကနေ ပခုက္ကူမြို့ကို လိုင်းကားနဲ့ လိုက်ပါလာတဲ့ အသက် ၁၈ နှစ်အရွယ် မင်းတပ်လူငယ်နှစ်ဦးဟာ ပခုက္ကူမြို့အဝင် သံလမ်းအကျော်မှာရှိတဲ့ ပျူစောထီးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီဂိတ်မှာရှိတဲ့ အုပ်ကြီးနဲ့ ပျူစောထီးတွေဟာ လူငယ်နှစ်ဦးရဲ့ အထုပ်အပိုးတွေကိုပါ ချခိုင်းပြီး ဖမ်းဆီးသွားခဲ့တာဖြစ်သလို အဲဒီဂိတ်ဟာ တပ်သားသစ်စုဆောင်းဖို့အတွက် လူငယ်တွေကို မကြာခဏ…

Read More

ဖလမ်းမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ချင်းကာကွယ်ရေးတပ်တွေကအတည်ပြု

ဧပြီလ ၂၅ ရက်။ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ မြေပြင်၊ ဝေဟင်ကနေ အသည်းအသန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အတည်ပြုပါတယ်။ Chinland Council / ချင်းပြည်အစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ Nai John Kim က “လေယာဉ်ကွင်းနဲ့ တပ်ကုန်းကိုရပြီ အလုံးစုံရတဲ့ သဘောပါ၊ အနီးအနားမှာတော့ တိုက်ပွဲတော့ ဆက်ရှိနေသေးတယ် အားလုံးပြန်ရတဲ့ အနေအထားလို့ပြောလို့ရပါတယ်” လို့ပြောပါတယ်။ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တဲ့ ဖလမ်းမြို့က ဓာတ်ပုံတွေကိုလည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဒီကနေ့ ဧပြီလ…

Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာ မနေ့က စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် အမြောက်အများ သေဆုံးတယ်လို့သိရ

ဧပြီလ ၂၄ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ မနေ့ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မနေ့ဧပြီလ ၂၃ ရက်နေ့က ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီး ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးအပါအဝင် စစ်ကော်မရှင်ဘက်က အမြောက်အများ ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ သေဆုံးသွားတဲ့ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးဟာ တပ်မ (၇၇) လက်အောက်ရှိ တပ်တစ်ခုက တပ်ရင်းမှူး ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဖလမ်းမြို့နယ်မှာ စစ်အုပ်စုဟာ စစ်ကြောင်း ၂ ခုခွဲပြီး ဗားရ်တံတားဘက်ကနေ ထိုးစစ် ၁ ကြောင်း…

Read More

ဖလမ်းမြို့နားမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ထဲ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ဆို

ဧပြီလ ၂၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ ဖလမ်းမြို့ထဲ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ ဖလမ်းမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “စစ်ကြောင်းက မြို့ထဲမဝင်သေးပါဘူး ဗားရ်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတစ်ခုနဲ့ ဆူရ်ဘုန်လေဆိပ်ကိုသွားတဲ့ စစ်ကြောင်း ၂ ခုလုံးနဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ် မနက်စောစော မိုးမလင်းခင်ကတည်း ကနေ ဂျက်ဖိုက်တာတွေနဲ့လည်း တိုက်ခိုက်တာတွေရှိတယ်” လို့ပြောပါတယ်။ ဖလမ်းမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ဗားရ်တံတား နဲ့ ဖလမ်းမြို့နားက…

Read More

IKACC/PC နဲ့ CPU/CPA အကြား ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်

ဧပြီလ ၂၂ ရက်။ ထောက်ပို့လမ်းကြောင်း အသုံးပြုရေးကိစ္စ အပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို Chinland Council အဖွဲ့ဝင် ကြားကာလ ခူမီးချင်းမျိုးနွယ်စု များရေးရာ အတိုင်ပင်ခံကောင်စီ/ ပလက်ဝကောင်စီ (IKACC/PC) နဲ့ ချင်းပြည်သူ့အစည်းအရုံး-Chin People Union/ Chin people Army (CPU/CPA) တာဝန်ရှိသူများ အကြား မတူပီမြို့မှာ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ IKACC/PC က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က မတူပီမြို့မှာ အပြုသဘောဆောင် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး CPU/CPA ဘက်ကလည်း ဥက္ကဌ ဆလိုင်းထန်ချွမ်းဖေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ IKACC/PC အနေဖြင့်…

Read More