Headlines

ဂန့်ဂေါမြို့ ခလရ (၅၀) က စစ်ကော်မရှင်တပ်သားတစ်ဦး CDF – KKG ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ထုတ်ပြန်

မေလ ၃ ရက်။ ဂန့်ဂေါမြို့၊ ခလရ (၅၀)မှ ရဲဘော် ကောင်းခန့်(ခ) အာဇာနည် ဟာ Chinland Defense Force – Kalay Kabaw Gangaw ( CDF – KKG) တပ်ဖွဲ့ထံ ဧပြီလ ၁၉ ရက်နေ့က အလင်းဝင်လာတယ်လို့ CDF – KKG က ဒီကနေ့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကိုယ်ပိုင်အမှတ် (တ- ၅၄၆၇၉၅) ရဲဘော် ကောင်းခန့် (ခ) အာဇာနည် ဟာ ဧပြီလ ၁၉ ရက်နေ့က CDF – KKG ထံ MA 1 လက်နက် အမျိုးစား ၁…

Read More

တီးတိန်မြို့က စစ်ကော်မရှင်တပ်ကို PDF နှင့် KIA ပူးပေါင်းတိုက်ခိုက်မည့်သတင်းတွေကြောင့် ညီအစ်ကိုချင်း ထိခိုက်မှုမရှိစေရန် စဉ်းစားပေးဖို့ ZRA မေတ္တာရပ်ခံကြောင်းစာထုတ်ပြန်

မေလ ၁ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကော်မရှင်တပ် ခလရ ၂၆၉ ကို PDF Zoland ဦးဆောင်မှုနဲ့ အချို့သော PDF တွေနဲ့ KIA တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် တိုက်ပွဲဖော်ဆောင်ရာမှာ ကူညီပေးနေတဲ့ KIA အနေနဲ့ ညီအစ်ကိုချင်း အပြန်အလှန် ထိခိုက်နာကျင်မှုတွေ မဖြစ်စေဖို့ အထူးစဉ်းစားပေးစေလိုတယ်လို့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဒီကနေ့ မေလ ၁ ရက်နေ့မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ တီးတိန်မြို့ဟာ ဇိုမီးလူမျိုးတွေအတွက် အလွန်အရေးကြီးတဲ့ နေရာဖြစ်တာကြောင့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မပြုလုပ်ကြဖို့ ZRA အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဆိုပါတယ်။ KIA ရဲ့ လုပ်ဆောင်ချက်တချို့ဟာ မသင့်လျော်တဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရလို့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း တွန်းဇံမြို့နယ်အတွင်း KIA က CNA/PDF တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဇိုမီးလူမျိုးတွေ နာကျင်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်…

Read More

ဖလမ်းမြို့နယ်ကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

မေလ ၁ ရက်။ အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ ဂျက်ဖိုက်တာတစ်စီးနဲ့ ကြဲသွားတယ် ရွာလယ်တည့်တည့်ကို ကြဲသွားတာမျိုးဖြစ်တယ် အဲဒီမှာကလေးငယ် တွေအပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးသွားတယ် ၉ ဦးလောက်ဒဏ်ရာရတယ်လို့သိရတယ် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာရှိတယ် တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲနဲ့ အခုလိုတိုက်ပွဲနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်သင့်နေပြီ” လို့ပြောပါတယ်။ ဒီကနေ့ နေ့လည်မှာ စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်သွားတဲ့ Khawpuichhip ကျေးရွာမှာ…

Read More

စစ်ကော်မရှင်ဒရုန်းဗုံးကြဲမှုကြောင့် ဖလမ်းမြို့နယ်က ဒေသခံ အသက် (၁၇) နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရ

မေလ ၁ ရက်။ ချုင်းပြည်နယ် ၊ဖလမ်းမြို့နယ်၊ Thlanrawn ကျေးရွာနေ အသက် (၁၇)နှစ်အရွယ် ဒေသခံအမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ မနေ့ဧပြီလ ၃၀ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ Lungrang ကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းတွေ အသုံးပြုကာ Thlanrawn ကျးရွာ တောင်ယာဘက်ရှိ စစ်ဘေးရှောင်တဲတွေပေါ် မနေ့မနက်ပိုငး ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်မှုကြောင့် Thlanrawn ဒေသခံ အမျိုးသမီး မငွန်နှမ်တီလ် ( Mai Ngun Hnen Tial ) ဟာ သေဆုံးခဲ့ရတာလို့လည်း…

Read More

အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့ တီးတိန်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်

ဧပြီလ ၃၀ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်နယ်စပ်ကနေ ကီလိုမီတာ ၂၀ ဝန်းကျင်သာကွာဝေးတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာ နှင့်Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို စစ်အုပ်စုက ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီခန့်လောက်မှာလေကြောင်းတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိမိတာမျိုးတော့ မရှိဘူးလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တီးတိန်မြို့နယ်က Heilei ကျေးရွာ နှင့် Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို ဒီကနေ့မနက်ပိုင်း ၇ နာရီ ၄ မိနစ် နှင့် ၇ နာရီ ၈ မိနစ်ခန့်တွင် တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့ Yak-130 ဂျက်ဖိုက်တာ…

Read More

ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရလို့အရပ်သား ၉ ဦးသေဆုံးပြီးနောက် ဒေသခံတွေအနေဖြင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ အဆင်သင့်ထားဖို့ထုတ်ပြန်

ဧပြီလ ၂၉ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၉ ဦး ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပြီးနောက် ဒေသခံတွေအနေဖြင့် နေအိမ်၊ ဈေးဆိုင်တွေမှာ ဗုံးခိုကျင်းတွေ ကတုတ်ကျင်းတွေ အဆင်သင့်ထားရှိဖို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ( CPU / CPA) သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်က ကျင်ဒွေးမြို့၊ ကျင်ဒွေးတံတားကို ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူ (၉) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၃) ဦး ရှိခဲ့ပြီး JCB…

Read More

ချင်းတောင်ပိုင်းနှင့် ယောဒေသအစပ်မှာ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲပြီး အင်အားနှင့် ရိက္ခာများ ဆက်တိုက်ဖြည့်တင်းနေ

ဧပြီလ ၃၀ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ လေကြောင်းကနေ အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ထဲကိုလည်း လေယာဉ်တွေနဲ့ ရိက္ခာနဲ့ ခဲယမ်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ တံတားဦး၊ မကွေးနဲ့ အေလာ လေတပ်စခန်းတွေက တက်လာတဲ့ ဂျက်ဖိုက်တာ ၅ စီးဟာ မင်းတပ်နဲ့ ကျောက်ထုအစပ်က နေရာတစ်ခုတည်းကိုတင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ အလားတူ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း တံတားဦးနဲ့ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေက ချင်းပြည်နယ်၊ ကျင်ဒွေးမြို့အနီးရှိ…

Read More

ကျင်ဒွေးမြို့လေကြောင်းတိုက်ခိုက်ခံရကာ အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ သိရ

ဧပြီလ ၂၉ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးပြောတာက “သေဆုံးတာကိုက ၁၀ ဦးလို့ ကြားတယ် တော်တော်တော့ ဆိုးတယ် ထိခိုက်ဒဏ်ရာရ ဦးရေ အရေအတွက်တော့ မသိရသေးဘူး သေဆုံးသူတွေလည်း ကလေးငယ်တွေလည်း ပါဝင်တယ်လို့သိရတယ်” လို့ပြောပါတယ်။ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ ၊ မုန်းချောင်းတံတား အနီးဝန်းကျင်ကို စစ်အုပ်စုက ဒီကနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့…

Read More

တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့လူဦးရေ ထက်ဝက် နေရပ်စွန့်ခွာ တိမ်းရှောင်

ဧပြီလ ၂၉ ရက်။ တီးတိန်မြို့နယ် အတွင်း အခြေစိုက် စစ်ရေး လှုပ်ရှားနေသော ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ PDF-Zoland အပါအဝင် ဒေသ တော်လှန်ရေး အင်အားစုတွေက တီးတိန်မြို့သိမ်း စစ်ဆင်ရေး ပြုလုပ်လာမှာကို စိုးရိမ်တဲ့ အတွက် လူ ၁ သောင်းခွဲ ခန့်နေထိုင်တဲ့ တီးတိန် မြို့လူဦးရေ ရဲ့ ထက်ဝက် ခန့် ဟာ နေရပ် စွန့်ခွာပြီး လုံခြုံရာကို တိမ်းရှောင် ရွေ့ပြောင်း နေကြတယ်လို့ တီးတိန်မြို့မှ တိမ်းရှောင်လာသူ တဦး ထံမှ သိရှိရ ပါတယ်။ “စစ်ပွဲ ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင် တိမ်းရှောင် ကြတာပါ။ တီးတိန်မြို့ လူဦးရေ ရဲ့ ၅o %…

Read More

မလေးရှား သွားရင်း လမ်းမှာကွယ်လွန်သွားတဲ့ ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဇာတိရွာမှာ ဂူသွင်း သင်္ဂြိုလ်

ဧပြီလ ၂၈ ရက်။ မလေးရှားသွားရင်း လမ်းခုလပ် ထိုင်းနိုင်ငံဆုန်ခလာ ခရိုင်မှာ သေဆုံးခဲ့သော အသက် ၂၂ နှစ်အရွယ် ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်မှာ သူ့ဇာတိရွာ ဖြစ်တဲ့ တီးတိန်မြို့နယ် တွီးဗျာလ်းရွာမှာ ဂူသွင်း သင်္ဂြိုလ် ခဲ့ပြီဖြစ်တယ် လို့ ဆွေမျိုးများ ထံမှ သိရှိခဲ့ ရပါတယ်။ Tg Pau Lam Kim ဟာ မလေးရှားနိုင်ငံကို အောက်လမ်းကနေ သွားရာ လမ်းမှာ ကား လူကြပ်တဲ့ ဒဏ်ကြောင့် ဧပြီလ ၁၁ ရက်နေ့မှာ အသက်ရှုကြပ် သေဆုံးခဲ့တာ…

Read More