Headlines

ဆမီးမြို့ကို မနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရ

ဩဂုတ်လ ၁၃ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို မနေ့သြဂုတ်လ ၁၂ ရက်ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆမီးမြို့အဝင်ဝနဲ့ စစ်ကောာင်စီရဲ့ ဗျူဟာစခန်းဟောင်းနေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ညအချိန်မှာ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦးခန့်ဟာလည်း ထိခိုက်ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့ကလည်း ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနားကို လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ခဲ့လို့ ဒေသခံ ချင်းလူမျိုး အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *