
HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်
ဇူလိုင်လ ၅ ရက်။ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့…