ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်
ဇူလိုင်လ ၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။ IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ…

