Headlines

ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံခြင်းအစီအစဉ်ပြုလုပ်

ဩဂုတ်လ ၂၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က ဖလမ်းနှစ်ခြင်းအသင်းတော်မှာ ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မနက် ၁၀ နာရီမှာ ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံတဲ့ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ပြုလုပ်ခဲ့ပြီး လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအပြင် မြို့ခံပြည်သူတချို့လည်း ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဖလမ်းမြို့ကို စစ်ကောင်စီမှ အလုံးစုံထိန်းချုပ်ပြီးနောက် စစ်ရှောင်ဖလမ်းမြို့ခံပြည်သူများမှ နေရပ်သို့ အသီးသီးပြန်လာကြရာ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်သို့ မေလ(၆) ရက်နေ့မှ ဩဂုတ်လ(၂၇)ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၃၆၅၉)ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။

Read More

Chinland FC ရဲ့ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိကြောင်း၊မိခင်ဆီအရေးပေါ်ပြန်သွားလို့အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်။ Chinland FC ရဲ့ကစားသမား Pa Lung ကို ၇ ရက်အကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါတယ်လို့ ဒီနေ့ဩဂုတ်လ ၂၉ ရက်မှာ Chinland FC ကသတင်းထုတ်ပြန်ပါတယ်။ Myanmar League-1 မှာ ယှဉ်ပြိုင်နေတဲ့ Chinland FC ဘောလုံးအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာ”Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း…

Read More

ချင်းပြည်က သင်းအုပ်ဆရာနှင့် ရွာသားတစ်ဦး အသတ်ခံရမှု နိုင်ငံတကာ အရေးယူရန် BRI တောင်းဆို

ဩဂုတ် ၂၈ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်က အကြီးတန်း သင်းအုပ်ဆရာတော် Reverend William နဲ့ ရွာသားတစ်ဦးဖြစ်တဲ့ Mr. Nam Ceu တို့ကို စစ်ကော်မရှင်တပ်က တရားလက်လွတ် သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ Burma Research Institute (BRI) အဖွဲ့က အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဆရာတော် Reverend William နဲ့ Mr. Nam Ceu တို့ ဖမ်းဆီးခံရပြီး ၃ လကျော်အကြာ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်မှာ ဒေသခံပြည်သူတွေနဲ့ ဟားခါးမြို့က သင်းအုပ်ဆရာတော်တွေ…

Read More

စစ်ကောင်စီက မီဇိုရမ်အထိလာပြီး ငြိမ်းချမ်းရေးအတွက် ချဉ်းကပ်တာမျိုးလုပ်ခဲ့တယ်လို့ ချင်းပြည်(Chinland) ကောင်စီ ပြော

ဩဂုတ်လ ၂၈ ရက်။ အာဏာသိမ်း စစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့အထိ လာပြီး Third Party ကတဆင့်ချဉ်းကပ်တာမျိုးရှိခဲ့တယ်လို့ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းပြည်တည်ဆောက်ခြင်း – ချင်းပြည်သူတို့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပြီး ၂ နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr . Sui Khar ကပြောပါတယ်။ ချင်းပြည် ( Chinland) ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr . Sui Khar က ” ငြိမ်းချမ်းရေးတွက် တွေ့ဆုံဆွေးနွေးနိုင်ရေး…

Read More

Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ပျောက်ဆုံးနေ

ဩဂုတ်လ ၂၇ ရက်။ ဒီနှစ် Myanmar League -1 မှာ ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့အခြေစိုက် Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ပျောက်ဆုံးနေကြောင်း Chinland FC ဘောလုံးအသင်းမှ ဒီနေ့ ဩဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ Chinland FC ဘောလုံးအသင်းမှ “ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။ ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈…

Read More

ပလက်ဝမြို့နယ် ၊ မီးဇာရွာကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေပြော

ဩဂုတ်လ ၂၇ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ မီးဇာကျေးရွာကို စစ်ကော်မရှင်က မနေ့ သြဂုတ်လ ၂၆ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ညနေ ၄ နာရီကျော်ဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဂျက်ဖိုက်တာ ၅ စီးဖြင့် မီးဇာကျေးရွာနဲ့ အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သား ၁ ဦးသေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ မီးဇာကျေးရွာက ပလက်ဝမြို့အထက်ပိုင်းက ချင်းရွာပေါ့ ဒေသခံတွေပြောတာက ဂျက်ဖိုက်တာ ၅ စီးနဲ့ အလုံး ၅၀ ကျော်လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ ပြောတယ် ထိခိုက်ပျက်စီးမှုတွေတော့ များလောက်တယ် သူတို့ပြောပုံအရ ဆိုရင် စစ်ကော်မရှင်က…

Read More

ကလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်း သေဆုံးသူချင်းလူငယ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ သဂြိုလ်

ဩဂုတ်လ ၂၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အဌားယာဉ်မောင်းလိုက်နေတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့ကာ သူ့ရဲ့ရုပ်အလောင်းကို ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မှာ သဂြိုလ်ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ သူတွေဆီကနေသိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ Heilei ကျးရွာဇာတိကဖြစ်ပြီး ကလေးမြို့တွင် အဌားယာဉ်မောင်းလိုက် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အဌားယာဉ်မောင်းလိုက်နေစဉ် ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း…

Read More

MDF စစ်သင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိ

ဩဂုတ်လ ၂၆ ရက်။ ချင်းပြည်နယ်တောင်ပိုင်းက Maraland Defence Force (MDF) ရဲ့ စစ်သင်တန်းကျောင်းတစ်ခုကို မနေ့သြဂုတ်လ ၂၅ ရက်နေ့ညက စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၄ ဦးသေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ The Maraland Time က ဖော်ပြထားပါတယ်။ မနေ့ည ၁၁ နာရီလောက်မှာ MDF စစ်သင်တန်းကျောင်းတစ်ခုကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သင်တန်းသား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မရာဒေသခံတစ်ဦးက “ညက စစ်သင်တန်းစခန်းကို လေကြောင်းကနေ ဗုံးကြဲလို့ သင်တန်းသား ၄ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ပြောတယ် ဒဏ်ရာရသူတွေကိုလည်းအိုက်ဇောလ် ဘက်ကို ပို့ပြီး ဆေးကုသနိုင်အောင်…

Read More

ဖလမ်းမြို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံမယ့် အစီအစဉ်ပြုလုပ်မယ်လို့ သိရ

ဩဂုတ်လ ၂၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ဖလမ်းမြို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံမယ့် အစီအစဉ်ရှိပြီး လူဦးရေ ၃ ထောင်စာအတွက် ပြင်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ ဖလမ်းမြို့ကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အပ်နှံမယ့် အစီအစဉ်အခမ်းအနားအတွက် ဝတ်သားပိဿာ ၄၀၀ နဲ့ နွားနောက် အကောင်ကြီး တစ်ကောင်တို့ကို ပြင်ဆင်ဆင်ထားတယ်လို့လည်း တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ အဆိုပါအစီအစဉ် ဖြစ်မြောက်အဖို့အတွက် ငွေကျပ် သိန်း ၂ ရာ အသုံးပြုမှာဖြစ်ပြီး နေရာဒေသအသီးသီးမှာ ရှိကြတဲ့ ဖလမ်းဒေသခံတွေအနေဖြင့် ငွေကြေးအားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်းပါဝင် ပေးကြဖို့ကိုလည်း တာဝန်ရှိသူတွေဘက်က မေတ္တာရပ်ခံထားပါတယ်။ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက…

Read More

ပလက်ဝမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဩဂုတ်လ ၂၄ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ စိမ်းညှင်းဝကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဒီကနေ့ဩဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်ပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝမြို့အခြေစိုက် Paletwa Time ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပလက်ဝမြို့နယ် ၊ စိမ်းညှင်းဝကျေးရွာကို ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ပေါင် ၃၀၀ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ပြီး ရော့ကတ်သီး ၈ လုံးတို့ဖြင့်လည်း တိုက်ခိုက်ခဲ့ကာ၊အဆိုပါ စစ်ကော်မရှင်လေတပ်ကျဲချတိုက်ခိုက်လိုက်တဲ့ ဗုံးတွေဟာ ရွာဘုန်းကြီးကျောင်း ဓမ္မာရုံအဆောင်ကို ၁ လုံး၊…

Read More