Headlines

မံဆောင်း မဏိပူရမြစ်ကူး တံတားကို လျှပ်စစ်ရှော့တိုက်ဖောက်ခွဲမှု ဖြစ်ပွား

ဇွန်လ ၇ ရက်။ ဒီကနေ့ ဇွန်လ ၇ ရက်နေ့ မနက် ၄ နာရီခွဲ အချိန်မှာ တီးတိန်-ရိဒ်ခေါ်ဒါရ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး ပေါ်ရှိ ဆောက်လက်စ မံဆောင်း မဏိပူရမြစ်ကူး တံတားရဲ့ နယ်စပ် ဘက်ခြမ်း ရေလယ်တိုင် တခုကို အမည်မသိရသေးသူများ မှ မိုင်းဖြင့် ‌လျှပ်စစ်ရှော့တိုက် ဖောက်ခွဲမှု ဖြစ်ပွားခဲ့တယ် လို့ လမ်ဇန်ရွာသားများ ထံမှ သိရှိရ ပါတယ်။ “ပေါက်ကွဲအားက အတော် ပြင်းထန်တယ်။ သေနတ်သံ မဟုတ်ဘူး။ လမ်ဇန် ရွာ အထိ တုန်ဟီး သွားတယ်။ ပေါက်ကွဲ အားကြောင့် မြစ်တဖက်ကမ်း က တဲအကာ သွပ်ပြား တချို့ပါ လွင့်စင်သွားတယ်။ တံတားကတော့ ပြိုကျ မသွားဘူး။…

Read More

ချင်းတောင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သိုင်းငင်း စခန်း ပြန်လည် တည်ဆောက်စဉ် ရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ၄ လ အကြာမှ သိရ

ဇွန်လ ၆ ရက်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ၄ လကြာ အဆက်အသွယ် ပြတ်တောက်သွားတဲ့ တီးတိန်မြို့နယ် Suahlim ရွာသား နှစ်ဦးကို ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ က သိုင်းငင်းရွာမှာ စစ် စခန်း ပြန်လည် တည်ဆောက်စဉ် ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူရဲ့ ဆွေမျိုးများ ထံမှ သိရှိရ ပါတယ်။ “ သူတို့ နှစ်ဦးက အသတ်ခံရတာ ဖြစ်တယ်လို့ အလင်းဝင် လာတဲ့ စကစ စစ်သား တဦး ကနေ တဆင့် သိရတာပါ။ Suahlim ရွာက သိုင်းငင်းရွာ နဲ့ ရွာ နီးချင်းပါ။ စကစ စစ်သားတွေ စစ်ကြောင်း ထိုးလာတော့ တခြားလူတွေ စစ်ရှောင်ပြီး…

Read More

မင်းတပ်နဲ့ကန်ပက်လက်ကို အင်အား ၂ ထောင်ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အောင်မြင်စွာ ခုခံဟန့်တားနေတယ်လို့ CPU ထုတ်ပြန်

ဇွန်လ ၄ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၂ ထောင်ဝန်းကျင်ကို ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ ခုခံဟန့်တားထားနိုင်ပြီး အခြေအနေမကောင်းတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ်ပေါင်းများစွာ လုပ်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံး(CPU)ထိန်းချုပ်နယ်မြေဖြစ်တဲ့ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အင်အား ၂ ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်သူ့တပ်မတော်နှင့်မဟာမိတ်ပူးပေါင်းတပ်များအကြား မေလ လယ်ဝန်းကျင်လောက်ကနေ စလို့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့လည်း CPU က ဆိုပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့ ပက်သက်ပြီး သင်းအမှား၊ ကောလာဟလသတင်းတွေ အတည်မပြုနိုင်တဲ့ သတင်းအမှားတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေပြီး သတင်းမှားတွေကြောင့် အများပြည်သူ…

Read More

ကန်ပက်လက်ဒေသခံလူငယ်တစ်ဦး ထန်တလန်မြို့နယ်မှာ မတော်တဆရေနစ်သေဆုံး

ဇွန်လ ၃ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ လေတပ်ရွာနားက ချောင်းမှာရေချိုးရင်း ကန်ပက်လက်မြို့နယ်က ဒေသခံလူငယ်တစ်ဦးဟာ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ မတော်တဆရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန်ပက်လက်မြို့နယ်၊ ငုံလောင်းရွာက အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းဟာ ထန်တလန်မြို့နယ်၊ လေတပ်ရွာအနားက ချောင်းမှာ မနေ့ညနေပိုင်းလောက်မှာ ရေချိုးရင်း မတော်တဆရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။ ရေနစ်သေဆုံးသွားတဲ့ အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းရဲ့ မိဘတွေဟာလည်း ကန်ပက်လက်မြို့နယ်မှာ လက်ရှိစစ်ကောင်စီထိုးစစ်ကြောင့် စစ်ဘေးရှောင်နေကြလို့ အဆက်အသွယ် မရသေးတဲ့ကြောင်းလည်း ဒေသခံတွေကပြောပါတယ်။ သေဆုံးသူ အသက် (၁၉)နှစ်အရွယ် မောင်လိန်းနိုင်းရဲ့ ရုပ်အလောင်းကို ထန်တလန်မြို့နယ် ၊ လေတပ်ရွာ ရပ်မိရပ်ဖတွေက လေတပ်ရွာခန်းမဆောင်မှာထားရှိပြီး သဂြိုလ်တာတွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ကွယ်လွန်သွားတဲ့ အသက် (၁၉)နှစ်အရွယ်…

Read More

မင်းတပ်မြို့နယ်မှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ၂ သောင်းနီးပါးခန့် ရှိလာနေပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် IDPs Committee ကအသိပေး

ဇွန်လ ၃ ရက်။ စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင် လူဦးရေဟာ ၁၇,၀၀၀ ဝန်းကျင် ခန့်ရှိနိင်ပြီး တိုက်ပွဲတွေလည်း မြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာ ဖြစ်ပွားနေတာဖြစ်လို့ ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမယ့် အနေအထားမှာ အကူအညီအထောက်ပံ့တွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် IDPs Committee က ဇွန်လ ၂ ရက်နေ့ ကထုတ်ပြန်ထားပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အားထောင်ကျော်နဲ့ မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင်လာနေပြီး မြို့နဲ့ (၁၀) မိုင်ခန့်အကွာမှာ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာဖြစ်လို့ ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမယ့် အနေအထားဆိုတာ မြင်သာနေတယ်လို့ ဆိုပါတယ်။ နှစ်ရှည်လများ အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ကြရတဲ့ မင်းတပ်မြို့နယ်မှာ စစ်အာဏာသိမ်းပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ…

Read More

ရိဒ်ခေါ်ဒါရ် – လိုင်တွီးရွာကြား လမ်းမကြီး ကို ပုံမှန်လမ်းအသုံးပြုချိန်အတိုင်း ဖြတ်သန်းသွားလာလို့ရပြီလို့ CDF – Hualngoram ထုတ်ပြန်

ဇွန်လ ၂ ရက်။ လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ – မြန်မာနယ်စပ်က ဖလမ်းခရိုင် ရိဒ်ခေါ်ဒါရ်မြို့အကြား လမ်းမကြီးကို အသုံးပြုချိန်ကန့်သတ်ထားခဲ့ရာကနေ ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန်အတိုင်း ဖြတ်သန်းအသွားလာလို့ရပြီလို့ ရိဒ်ခေါ်ဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram က ထုတ်ပြန်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကစလို့ ပုံမှန်လမ်းအသုံးပြုချိန် ( မနက် ၆ နာရီကနေ – ညနေ ၇နာရီ) အတိုင်း ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ CDF – Hualngoram က အသိပေးထုတ်ပြန်ထားပါတယ်။ လုံခြုံရေးလိုအပ်ချက်အရ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးခဲ့ကြတဲ့ လမ်းအသုံးပြုသည့် မိဘပြည်သူတွေအပေါ် အထူးကျေးဇူးတင်ရှိတယ်လို့လည်း CDF – Hualngoram…

Read More

ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ ကျောင်းသား/သူ ၂၃၀၁၀ ဦးရှိ

ဇွန်လ ၂ ရက်။ ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်အထိ ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား လူဦးရေ စုစုပေါင်းဟာ ၂၃,၀၁၀ ဦး ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝှမ်းစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ တီးတိန်နဲ့တွန်းဇံမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းတွေကိုလည်း စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာတွေကို စတင်သင်ကြားပေးနေပြီလို့ သိရပါတယ်။ တီးတိမြို့နယ်အတွင်း ဒီကနေ့ အထိ KG ကနေ Grade – 12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၅၇) ဦးနဲ့…

Read More

ချင်းပြည်နယ်က မြို့ ၃ မြို့အတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် ၈ တန် ကလေးမြို့ကို ရောက်ရှိ

ဇွန်လ ၁ ရက်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့တွေမှာ ပြန်လည် ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် APTERR အစီအစဉ်အရ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် (၈) တန် ဟာ မေလ ၃၁ ရက်နေ့ ကလေးမြို့ကို ရောက်ရှိလာပြီဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို အမြန်ဆုံး ပို့ ဆောင်ဖြန့်ဝေသွားမှာဖြစ် တယ်လို့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ဆန်ရိက္ခာ ပေးပို့ဖြည့်တင်းနိုင်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သက်ဆိုင်ရာဒေသတွေကို အချိန်မှီပို့ဆောင်နိုင်ရေး တို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံက လှူဒါန်းလိုက်တဲ့…

Read More

တွန်းဇံမြို့တွင်း ဒေသခံပြည်သူတွေ ပြန်လာနေထိုင်လို့ရပြီလို့ ZRA – EC ဘက်က အသိပေး ထုတ်ပြန်လာ

ဇွန်လ ၁ ရက်။ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ ကနေ့ ကစလို့ နေရပ်ပြန်လာလို့ ရပြီလို့ Zomi Revolutionary Army – Eastern Command (ZRA – EC) ဘက်က ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိဒေသတွင်း လုံခြုံရေးအခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ဒီကနေ့ ကစလို့ မိမိနေအိမ်ကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ပြီး ဒေသခံပြည်သူတွေ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း ZRA – EC ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။…

Read More

ပလက်ဝမြို့နယ်က စက်လှေသမားတစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ရင်း နေရပ်ပြန်မရောက်နိုင်လို့ မိသားစုဝင်တွေ စိတ်ပူပန်နေကြ

ဇွန်လ ၁ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာနေ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိ ချင်းအမျိုးသား တစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ဆောင်ခဲ့ရာကနေ ပြန်မရောက်တော့တာ ရက်သတ္တပတ် ကြာတဲ့အထိ ဘာသတင်းအစအနမှ မသိရတာကြောင့် မိသားစုဝင်တွေ စိတ်ပူနေတဲ့ကြောင်း Chin World Media ကို ပြောပါတယ်။ မိသားစုဝင်တစ်ဦးက “ စက်လှေနဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရင်း ပြန်မရောက်လာတာ (၇) ရက် တစ်ပတ်ပြည့်သွားပြီ သူ့အသက်က ၃၂ ဝန်းကျင်လောက်ရှိပြီ ။ စက်လှေကိုတော့ ရခိုင်ပြည်နယ်ရဲ့ ကျေးရွာတစ်ရွာမှာ ရှိနေတယ်လို့ ပြောကြပေမယ့် လူကိုတော့ ဘာသတင်းအစအနမှ မသိရဘူး အကယ်လို့ အေအေ လက်နက်ကိုင်တွေကအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ် ဘာလို့လဲဆိုရင် လှေသမားတွေက ပစ္စည်းပိုင်ရှင်တွေရဲ့ အလိုအတိုင်း…

Read More