Headlines

ဟားခါးမြို့မှာ စစ်ရှောင်နေတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူ ၁၀၀ ကျော် နေရပ်ပြန်ရောက်

ဇွန်လ ၁၂ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယာယီစွန့်ခွာနေရတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူ (၁၀၀) ကျော်ဟာ ဖလမ်းမြို့ကို မနေ့ ဇွန်လ ၁၁ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့ကနေ ဖလမ်းမြို့ကို နေရပ်ပြန်ကြတဲ့ ဖလမ်းမြို့စစ်ရှောင်ပြည်သူတွေကို ဖလမ်းမြို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မြို့မိမြို့ဖတွေက ထလန်လိုရပ်ကွက်ကနေ ကြိုဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုတန်မြှင့်တင် ဆောင်ရွက်လျက်သလို ဖလမ်းမြို့သူမြို့သားတွေ ဖလမ်းမြို့ကို နေရပ်ပြန်နိုင်ရေးအတွက်လည်း လိုအပ်တဲ့ အကူအညီတွေကို ဖြည့်ဆည်းပေးလျက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီပြန်လည် ထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့၊ တွန်းဇံမြို့နဲ့ တီးတိန်မြို့တွေအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို ကလေးမြို့ကနေတဆင့် ပို့ဆောင်ပေးလျက်နေတယ်လို့လည်း စစ်ကောင်စီက မကြာခဏ သတင်းထုတ်ပြန်လေ့ရှိပါတယ်။ ဖလမ်းမြို့ကနေ တခြားဒေသ အသီးသီးကို…

Read More

ပလက်ဝမြို့နယ်မှာ အသစ်ပေါ်ထွက်လာတဲ့ KPF လက်နက်ကိုင်တပ်ဖွဲ့က ဒေသခံတွေကို ဖမ်းဆီးကာ အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုးအထိ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြော

ဇွန်လ ၁၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသခံပြည်သူတချို့ကို အင်အားစုဆောင်းရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် မိသားစုဝင်တွေကို အသက်အန္တရာယ်ပါ ခြိမ်းခြောက်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁ ရက်နေ့က ပလက်ဝမြို့နယ်၊ သာယာကုန်းအုပ်စု၊ ကျောက်ပလ္လင်ကျေးရွာအတွင်းသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ည၉ နာရီအချိန်လောက်မှာ ဝင်ရောက်လာပြီး (ပနမ်း) မျိုးနွယ်စုဝင် (၇) ဦးကို Khumi People Front (KPF) လက်နက်ကိုင်အဖွဲ့က အင်အားစုဆောင်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “KPF အဖွဲ့ဘက်က ဤဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုရင် ကျန်ရစ်သူမိသားစုဝင်များကိုပါ “အကုန်သတ်ပစ်မယ်” လို့ အလွန်ရက်စက်သော…

Read More

ဟားခါး – ထန်တလန် လမ်းကြောင်း ပြန်ထိန်းချုပ်လိုက်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီ ထုတ်ပြန်

ဇွန်လ ၁၁ ရက်။ ချင်းပြည်နယ် ဟားခါးမြို့- ထန်တလန်မြို့အကြား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဟားခါး – ထန်တလန် ကြားက ဆက်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီလို့ သတင်းထုတ်ပြန်ပေမယ့် မြေပြင် အခြေအနေနဲ့ပတ်သက်ပြီး ဘာသတင်းမှ အသေးစိပ်မသိရသေးဘူးလို့ ချင်းအမျိုးသားတပ်ဦး(CNF / CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။ စစ်ကောင်စီဘက်တော့ နေရပ်စွန့်ခွာ ဒေသခံပြည်သူတွေ မိမိအရပ်ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနိုင်ရေးနဲ့ မိုင်းအန္တရာယ်ကင်းရှင်းစေဖို့တို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပျက်စီးယိုယွင်းသွားတဲ့ အဆောက်အအုံတွေကိုလည်း…

Read More

CDF – Zophei ဌာနချုပ်ကို စစ်ကောင်စီလေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့လို့ ကျန်းမာရေးဌာန အတွင်းရေးမှူး ၁ ဦးကျဆုံး

ဇွန်လ ၁၁ ရက်။ ချင်းပြည်နယ် ၊ထန်တလန်မြို့နယ်အတွင်းက ဇိုဖေရမ်ဒေသရှိ CDF – Zophei ဌာနချုပ်ကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ (၇) စီးအပြင် Y 12 လယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဇိုဖေရမ်ကောင်စီရဲ့ ကျန်းမာရေးဌာန အတွင်းရေးမှူး ဆရာမ Van Dawt Chin ကျဆုံးသွားခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “ဂျက်ဖိုက်တာ (၇) စီးနဲ့ကြဲတယ် ပြီးရင် Y 12 နဲ့လည်း ကြဲတယ် ဗုံးကြဲတာက ဌာနချုပ်အတွင်းကို ပတ်ကြဲတယ်လို့ သိရတယ် နေအိမ်အထိအခိုက်တွေတော့ ဌာနချုပ်အတွင်းမှာတော့ ရှိမှာပေါ့ အထိအခိုက်တွေလည်း ရှိနိုင်တယ် ဒါပေမယ့်…

Read More

တီးတိန်မြို့နယ် ဆွောင်းဆန် ရွာသား ၁ ဦးကို သတ်ဖြတ်သူမှာ မိမိတို့ အဖွဲ့အစည်းမှ မဟုတ်ကြောင်း ZNA ငြင်းဆို

ဇွန်လ ၁၁ ရက်။ တီးတိန်မြို့နယ် ဆွောင်းဆန်ရွာသား ၁ ဦး ဖြစ်တဲ့ Pa Pau Ngaih Mang (ခေါ်) Pa Mang လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မိမိတို့ အဖွဲ့အစည်း နဲ့ အဖွဲ့ဝင်များရဲ့ လက်ချက်မဟုတ်ကြောင်း တီးတိန်ခရိုင် အတွင်း အခြေပြု စစ်ရေး လှုပ်ရှားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်တဲ့ Zomi National Army (ZNA) က ဇွန်လ ၁၀ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန် ငြင်းဆိုလိုက် ပါတယ်။ Pa Mang (ခေါ်) Pa Pau Ngaih Mang ဟာ ဇွန်လ ၉ ရက်နေ့မှာ…

Read More

ဟားခါးမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေထဲ စားနပ်ရိက္ခာအခက်ခဲ ပိုကြုံနေရသူတွေကို ဆန်နဲ့ဆီ ထောက်ပံ့ပေးမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။ ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်မှာ စစ်ဘေးရှောင်နေထိုင်နေတဲ့ ပြည်သူတွေထဲကနေ စားနပ်ရိက္ခာနဲ့အခက်အခဲပိုကြုံနေရသူတွေကို ဆန်နဲ့ စားသုံးဆီ အနည်းငယ်ကို အသင်းတော်သင်းအုပ်ဆရာတွေကနေ တဆင့် ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ Hakha Township Internally Displaced Persons Management Committee (HTIDPMC) ရုံးက ဇွန်လ ၉ ရက်နေ့က အသိပေးထားပါတယ်။ အခက်အခဲရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟားခါးမြို့က အသင်းတော် ဘုရားကျောင်း အသီးသီးက သင်းအုပ်ဆရာတွေကနေ တဆင့် လာရောက်ဆက်သွယ်ပြီး ထုတ်ယူရမှာဖြစ်ပြီး ဘုရားကျောင်း တစ်ကျောင်းတစ်ခုက အိမ်ထောင်စု ၃ စုကနေ ၅ စုအထိ ထောက်ပံ့ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ HTIDPMC ရုံးမှာလည်း ဇွန်လ ၁၀ ရက်နေ့ကစလို့ ဇွန်လ ၂၆…

Read More

ဇွန်လ ဒုတိယအပတ်အတွင်း ကလေး၊ဟားခါးနဲ့ ရိခေါ်ဒါရ်မြို့ကနေ ဖလမ်းမြို့ပြန်ချင်တဲ့စစ်ရှောင်ပြည်သူတွေ နာမည်စာရင်းပေးလို့ရပြီလို့ တာဝန်ရှိသူတွေပြော

ဇွန်လ ၉ ရက်။ ဇွန်လ ဒုတိယအပတ်အတွင်း ကလေး၊ဟားခါးနဲ့ ရိခေါ်ဒါရ်မြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နေရပ်ပြန်ချင်တဲ့ စစ်ရှောင်ပြည်သူတွေ ကလေးမြို့က Central Chin Pawlpi ရုံးမှာ မနက်ဖြန် ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးကြဖို့ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။ ကလေးမြို့မှာရှိတဲ့ Central Chin Pawlpi ရုံးမှာ မနက် ၈ နာရီကနေ ၁၁ နာရီ၊ နေ့လည် ၁၂ နာရီကနေ ၃ နာရီအတွင်း နာမည်စာရင်းပေးနိုင်တယ်လို့ အသိပေးထားပါတယ်။ ကလေးမြို့ကနေ ဖလမ်းမြို့နေရပ်ပြန်မယ့်သူတွေအနေဖြင့် လူတစ်ဦးတွင် အိတ် ၃ အိတ်အထိ သယ်ဆောင်ပေးမှာဖြစ်ပြီး နေမကောင်းသူတွေ ဆိုင်ကယ်မစီးနိုင်တဲ့ အသက်ကြီးပိုင်းတွေအတွက်လည်း Mini Bus စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဟားခါးမြို့ဘက်ကနေ…

Read More

ဖလမ်းမြို့ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦး နေအိမ်အတွင်း သေဆုံး

ဇွန်လ ၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို နေရပ်ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦးကို မနေ့ဇွန်လ (၇) ရက်နေ့ နေ့လည်လောက်မှာ သူ့ရဲ့နေအိမ်အတွင်း သေဆုံးလျက် ခန္ဓာကိုယ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “အရက်သောက်တာများသွားလို့ ဆုံးသွားတာဖြစ်ဖို့များတယ်လို့ ထင်နေကြတယ် အခုဆုံးသွားတဲ့သူက ကျောင်းဆရာလို့ပြောတယ် ဖလမ်းကို ပြန်ရောက်လာတာလည်း မကြာသေးဘူးနဲ့တူတယ် သူ့အလောင်းကို မနေ့ နေ့လည်လောက်မှာတွေ့တာဖြစ်တယ် သူသေဆုံးတဲ့ရက်အတိအကျတော့ မသိရဘူး ဆုံးသွားတာ ၁ , ၂ , ၃ ရက်ကြာသွားတာလည်း ဖြစ်နိုင်တယ် သေဆုံးတဲ့အချိန်မှာတော့ နေအိမ်မှာ သူတစ်ယောက်ထဲ ရှိတယ်နဲ့တူတယ်” လို့ပြောပါတယ်။ ကွယ်လွန်သွားတဲ့ ကျောင်းဆရာ U Kim Za Piang ဟာ အိန္ဒိယ – မြန်မာနယ်စပ်…

Read More

မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ဖမ်းဆီးခံရတဲ့ ပလက်ဝဒေသခံ ချင်းလူမျိုး ၄၇ ဦးကို နေရပ်ပြန်မပို့သေးဘဲ ဆက်ဖမ်းဆီးစစ်ဆေးနေ

ဇွန်လ ၈ ရက်။ တိုက်ပွဲပဋိပက္ခတွေကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးစဉ် ဖမ်းဆီးခံရတဲ့ ပလက်ဝဒေသခံ ချင်းလူမျိုး ၄၇ ဦး လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဆက်ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ လုပ်နေတာဖြစ်လို့ နေရပ်ပြန်မပို့သေးဘူးလို့ ပလက်ဝဒေသခံတွေကပြောပါတယ်။ ပလက်ဝမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခိုလှုံဖို့သွားကြတဲ့ ပလက်ဝမြို့နယ်က ခူမီးတိုင်းရင်းသား ၄၇ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘန်ဒရီဘန်ခရိုင် ၊ သန်ချီနယ်စပ်ကနေတဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ သန်ချီမြို့နယ်၊ ရေမာခရီကျေးရွာအုပ်စုအတွင်းက ဟွိုင်ကိုခူမီးကျေးရွာ နေအိမ်တချို့မှာ ခိုလှုံနေစဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) တပ်ဖွဲ့တွေက စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့…

Read More

စစ်ကောင်စီတပ်က မင်းတပ်မြို့ကို ဒီနေ့လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

ဇွန်လ ၇ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇွန်လ ၇ မနက်ခင်းမှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့်နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံ HKL Mindat က Facebook မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်က ဇွန်လ ၇ ရက် မနက် ၁ နာရီမှာ တစ်ကြိမ်၊ မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်ကြိမ် စုစုပေါင်း လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတာခဲ့တာလို့ HKL Mindat က ပြောပါတယ်။ ဇွန်လ ၂ ရက်ကနေ ဒီကနေ့အထိ နေ့စဉ်ဆက်တိုက် စစ်ကောင်စီက မင်းတပ်မြို့နေရာအနှံ့ကိုဗုံးကြဲတိုက်ခိုက်နေပါတယ်။ Photo By HKL…

Read More