Headlines

စစ်ကောင်စီက တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေပြီး ပြည်သူတွေ စိုးရိမ်ထိတ်လန့်စရာမလိုဘူးလို့ CDF-Tonzang ကပြော

မေလ ၁၂ ရက်။ တွန်းဇံမြို့ကို လက်ရှိ CNA / CDF – Tonzang ၊ R – CDF ၊ Zo Chin Defense Force စတဲ့ (၄) ဖွဲ့က မြို့ထဲမှာ အခိုင်အမာ တပ်စွဲထားပြီး မြို့ကို ကာကွယ်ဖို့ အသင့်ရှိတာကြောင့် ပြည်သူတွေအနေဖြင့် စိုးရိမ်ထိတ်လန့်ပြီး စစ်ဘေးရှောင်တာတွေ လုပ်ဖို့ မလိုတဲ့ကြောင်းကိုလည်း CDF – Tonzang စစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။ တီးတိန်မြို့နယ် ၊ တွန်းဇံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ ဇိုမီးတပ်မတော် (ZRA) ပူးပေါင်းတပ်ဖွဲ့တွေ တွန်းဇံမြို့ဘက်ကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကတည်းကနေ ကလေးမြို့ကနေ…

Read More

စစ်ရေးအခြေအနေကြောင့် တွန်းဇံ – တီးတိန် လမ်းကို အရေးပေါ်ခရီးသွားလာခွင့်ပိတ်

မေလ ၁၁ ရက်။ ချင်းပြည်နယ်၊ တွန်းဇံ မြို့နယ်ထဲမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် တွန်းဇံ နဲ့ တီးတိန်မြို့ကြား လမ်းပိုင်းကို ဒီနေ့ မေလ ၁၁ ရက်နေ့ကစပြီး ခရီးသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တွန်းဇံ – တီးတိန် သွားလာတဲ့လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး မည်သူမှ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တွန်းဇံမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းရှိ ရွာတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ ခရီးသွားလာတာမျိုး လုံးဝ(လုံးဝ) မလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။ ဒေသတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် အထူးဂရုစိုက်ကြဖို့နဲ့…

Read More

ဖလမ်းမြို့ဒေသခံတွေ နေရပ်ပြန်ချင်ကြပေမယ့် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေးအဆမတန် မပေးနိုင်လို့ နေရပ်မပြန်ရဲဖြစ်နေကြ

မေလ ၁၁ ရက်။ ကလေး – ဖလမ်း ကားလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ ငွေကြေးအဆမတန် ကောက်ခံတာကြောင့် နေရပ်ပြန်ချင်တဲ့ ဖလမ်းမြို့ဒေသခံတွေ နေရပ်မပြန်ရဲဘဲ အခက်တွေ့နေကြရတယ်လို့ ဖလမ်းဒေသခံတွေကပြောပါတယ်။ ကလေးမြို့ကနေ ချင်းတောင်ဘက်သွားတဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တောင်ဖီလာဂိတ်၊ ၈ မိုင်တက္ကသိုလ်ဂိတ်၊ ၉ မိုင်ဂိတ်၊ ခိုင်ကမ်းရဲစခန်း၊ ခိုင်ကမ်း ဘီးခွန်တို့မှာရှိတဲ့ စစ်ကောင်စီဂိတ်က ဖြတ်သန်းသွားလာမယ့် ကားတွေကို ငွေးကြေးအဆမတန် တောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖလမ်းဒေသခံတစ်ဦးက “ကလေး – ဖလမ်း ကားလမ်းတလျှောက် ဂိတ်တွေက ပိုက်ဆံကောက်တဲ့နှုန်း အရမ်းများလွန်းလို့ ဖလမ်းကို ပြန်ချင်ကြတယ် ပြန်ရဲကြပေမယ့် Pajero တစ်စီးကိုတောင် သိန်း ၃၀ လောက် တောင်းတဲ့ခါကြတော့ ပြန်ချင်တဲ့သူတွေ မပြန်ရဲကြဘူး ကိုယ်ပိုင်မော်တော်ကားရှိသူတွေ ၊…

Read More

တိုက်ပွဲကြောင့် အရေးပေါ်ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဖလမ်း – ဟားခါးကြားက ဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေပြီး ကူညီပေးကြဖို့ထုတ်ပြန်

မေလ ၇ ရက်။ ဖလမ်း – ဟားခါး ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒေသခံတွေအတွက် အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေကြပြီး ကူညီပေးကြရန် ဟားခါးမြို့က Carson Baptist Church အသင်းတော်က မေလ ၆ ရက်နေ့မှာ ၎င်းတို့ အသင်းသူအသင်းသားတွေကို အသိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ဖလမ်း – ဟားခါးကြားက ဒေသခံတွေဟာ ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဟားခါးမြို့ပေါ်ကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာကြရတာဖြစ်ပြီး အလျင်အမြန် ထွက်ပြေးလာရသူတွေဖြစ်တာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေ လုံလောက်စွာ ယူဆောင်လာနိုင်ခြင်း မရှိကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ငွေကြေးအားဖြင့် ဖြစ်စေ၊ အိပ်ရာခင်းအဝတ်အစားတွေ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ လူနေမှုဘဝအတွက် လိုအပ်တဲ့ အရာတွေအားလုံးကို…

Read More

တီးတိန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF-Zoland ရဲဘော်အမျိုးသမီး ၄ ဦး အပါအဝင် ၇ ဦး ကျဆုံးခဲ့

မေလ ၇ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဖူနွမ်ကျေးရွာမှာ မနေ့မေလ ၆ ရက်နေ့က စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်တန်း ထောက်ပို့စခန်းက PDF – Zoland ရဲဘော်အမျိုးသမီး ၄ ဦးအပါအဝင် အမျိုးသား ၃ နဲ့ စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ စစ်ရေးအရှိန်မြင့်နေတဲ့ တီးတိန်မြို့နယ် ဖူနွမ်ကျေးရွာကို မေလ ၆ ရက်နေ့ ညနေပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမအကြိမ် ညနေ ၄ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီး ညနေ ၆ နာရီခွဲဝန်းကျင်မှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “…

Read More

ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်း ၁၀၀ ဝန်းကျင် ဖလမ်းမြို့ကို စေလွှတ်

မေလ ၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင် ကို စစ်ကောင်စီထိန်းချုပ်လိုက်တဲ့ ဖလမ်းမြို့ကို ဒီကနေ့ မေလ ၆ ရက်နေ့မှာ စေလွှတ်လိုက်ပြီလို့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ နေ့လည်လောက်မှာ စပြန်တဲ့ ဝန်ထမ်းလူဦးရေ အတိအကျတော့ မသိပေမယ့် အယောက် ၁၀၀ ဝန်းကျင်ရှိမယ်နဲ့တူတယ် အစိုးရဝန်ထမ်းတွေအတွက် ပြင်ဆင်ပေးတဲ့ ကားတွေနဲ့ တချို့လည်း ဆိုင်ကယ်နဲ့ သွားကြတယ်လို့သိရတယ် အတတ်နိုင်ဆုံး ဌာနဆိုင်ရာအစုံက ဝန်ထမ်းတွေပါတယ် အဓိကတော့ ထွေအုပ်၊ စည်ပင် ၊ EPC နဲ့ မီဒီယာ ၊ သတင်းနဲ့ ပြန်ကြားရေးတွေ စတာတွေ…

Read More

တီးတိန်မြို့နယ် ကနေဒီတောင်ကို စစ်ကောင်စီ ပြန်လည်သိမ်းပိုက်

မေလ ၆ ရက်။ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တီးတိန်မြို့နယ်ထဲက ကနေဒီတောင်ကို စစ်ကောင်စီက လေကြောင်းအဆမတန်ဗုံးကြဲတိုက်ခိုက်ပြီး မနေ့ မေလ ၅ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကနေဒီတောင်ကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့ စစ်ကောင်စီဟာ လေကြောင်းကနေ တရက်ကို တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၈ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သလို ဒရုန်းအမြောက်အများ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြေပြင်တိုက်ပွဲမှာတော့ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ အသာစီးရပေမယ့် စစ်ကောင်စီက လေကြောင်းကနေ အဆမတန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆုတ်ခွာပေးလိုက်ရတာလို့ သိရပါတယ်။ ကနေဒီတောင်ဟာ ဒေသတွင်း စစ်ရေးစိုးမိုးမှုနဲ့ ဆက်သွယ်ရေးတွေအတွက် အချက်အချာကြတဲ့ အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့နေရာဖြစ်ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်မှုဖြစ်စဉ် ၄…

Read More

ဖလမ်းမြို့ကို နေရပ်ပြန်လာကြမယ့်သူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မနှောက်ယှက်ကြဖို့ ထုတ်ပြန်

မေလ ၅ ရက်။ ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ နေရပ်ပြန်လာကြမယ့် သူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မနှောက်ယှက်ကြဖို့ ဖလမ်းငြိမ်းချမ်းရေးကော်မတီ ( Falam Remdaihnak Committee) က မေတ္တာရပ်ခံ ထုတ်ပြန်လာတာတွေ့ရပါတယ်။ ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်းကနေ တခြားဒေသကို ထွက်ပြေးတိမ်းရှောင်နေရသူတွေအနေဖြင့်လည်း ကိုယ့်အိမ်ကိုယ့်ဒေသကို ပြန်ရတဲ့နေ့ ရောက်လာမှာဖြစ်ပြီး အဲဒီချိန် ပြည်သူအချင်းအချင်းကြား ကိုယ့်ရပ်တည်ချက်နှင့် အမြင်မတူညီမှုတွေကြောင့် မုန်းတီးတာတွေ ၊ ရန်လိုတာတွေ အထင်မြင် လွဲမှားတာတွေ ရှိနိုင်တာကြောင့် ဖလမ်းငြိမ်းချမ်းရေးကော်မတီအနေဖြင့် ဘုရားသခင် နာမတော်ကို အမှီပြုပြီး လိုက်နာရမယ့် အချက် ၆ ချက် ကို ထုတ်ပြန် ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီထုတ်ပြန်ချက်တွေထဲမှာ CDM နဲ့ Non – CDM တွေအကြား…

Read More

တီးတိန်မြို့နယ်မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအလွန်အကျွံ အသုံးပြုနေ

မေလ ၄ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်) ထန်မွာလ်ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ မြေပြင်တွင် အထိနာနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အလွန်အကျွံ အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ဘက်ကို အင်အားဖြည့်တင်းဖို့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းလဲန်းကောင်စီ ၊ ချင်းညီနောင် နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မေလ ၂ ရက်နေ့ကစလို့ ကြားဖြတ်ဟန့်တားရာကနေ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်လည်း စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲဖြစ်နေတာက ထန်မွာလ် (ဒေသခေါ်) လေထန်ကုန်း…

Read More

အိမ်နီးနားချင်းကောင်းအဖြစ် ဆက်ရှိနေပေးရန် ထန်တလန်မြို့နယ်ကောင်စီက မီဇိုရမ်အခြေစိုက် အရပ်ဖက်အဖွဲ့များထံပြော

မေလ ၅ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang အနေနဲ့ မီဇိုရမ်ပြည်နယ်ရှိ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နေပြီး၊ မီဇိုရမ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုမှာ မိမိတို့ဘက်က အိမ်နီးနားချင်းကောင်း ဖြစ်ချင်သလို တစ်ဖက်အဖွဲ့အစည်းတွေကိုလည်း အိမ်နီးနားချင်းကောင်းတွေအဖြစ် ရှိနေပေးဖို့ ဖိတ်ခေါ်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ ထန်တလန်မြို့နယ်ကောင်စီနဲ့ လောင်တလိုင် (Lawngtlai) ခရိုင်က အကြီးဆုံး NGO အဖွဲ့ဖြစ်တဲ့ Young Lai Association (Central YLA) တို့ဟာ လောင်တလိုင်မြို့ရှိ Central YLA ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြသလို မေလ ပထမအပတ်အတွင်းမှာလည်း Young Mizo Association (YMA) Thingsai ဌာနခွဲနဲ့ သျှင်ဆိုင်း (Thingsai) ရွာမှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။…

Read More