မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်လေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ ကလေးငယ် ၃ ဦးသေဆုံး
ဇွန်လ ၂၉ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်း ၅ နာရီခွဲအချိန်ဝန်းကျင်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဂျက်ဖိုက်တာတစ်စီးဟာ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို တစ်ကြိမ်ဗုံးကို ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသမီးငယ် ၃ ဦးသေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ညနေတွင်လည်း မင်းတပ်မြို့အနီးတစ်နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံး ၄…

