
စက်တင်ဘာလ ၁ ရက်။
ဟားခါးမြို့နယ်၊ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေတွေကို သက်ဆိုင်ရာဌာန ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ၊ ခွင့်ပြုချက်မရှိဘဲ တောင်ယာမြေခုတ်ထွင်ခြင်း၊ လယ်ယာမြေပြုလုပ်ခြင်းနဲ့ နယ်နိမိတ်တိုင်းတာ တာတွေ မပြုလုပ်ရဘူးလို့ ဆဲန်ထန်ဗဟိုကောင်စီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာဌာန ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ခွင့်ပြုချက်မရှိဘဲ ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေတွေကို ခုတ်ထွင်ရှင်းလင်းတာ တောင်ယာမြေခုတ်ထွင်တာနဲ့ လယ်ယာမြေပြုလုပ်တာ နယ်နိမိတ်တိုင်းတာဒါတွေ ပြုလုပ်ရင် ဆဲင်ထန်ဗဟိုကောင်စီရဲ့ သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။
ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေရဲ့ လိုလားချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါကြောင့် ပြည်သူ့လုံရေးကို ရှေ့ရှုကာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ Non – CDM တွေ ဒလန်တွေကို တော်လှန်ရေးကာလအတွင်း ပြဌာန်းထားတဲ့ သက်ဆိုင်ရာဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆဲန်ထန်ဗဟိုကောင်စီဟာ ချင်းပြည် ( Chinland) ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ ဒေသန္တရအစိုးရ မြို့နယ်နဲ့ ဒေသ ၁၉ တွင် မျိုးနွယ်စုနှင့် ဒေသကို အခြေခံဖွဲ့စည်းထားတဲ့ထဲက တစ်ခုလည်းဖြစ်ပါတယ်။

