Headlines

ကလေးအကျဉ်းထောင်မှာအိန္ဒိယနိုင်ငံသားအကျဉ်းသားတစ်ဦး အာဟာရပြတ်လပ်လို့ သေဆုံးခဲ့၊အာဟာရပြတ်လပ်သူတွေ အများအပြားရှိ

အောက်တိုဘာလ ၂၀ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ မော်လိုက်ကလေး အကျဉ်းထောင်မှာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေးဆိုးရွာစွာ ၂ လကျော်ကြာခံစားခဲ့ရပြီး အိန္ဒိယနိုင်ငံသား Buskal (ခ) Busket ဆိုသူဟာ အောက်တိုဘာလ ၅ ရက်နေ့ မနက် ၅ နာရီမှာ သေဆုံးခဲ့ကာ၊ကလေးထောင်မှာ အာဟာရပြတ်လပ်သူတွေ အများအပြားရှိတယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ကလေးအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal (ခ) Busket ဆိုသူဟာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေး ဆိုးရွာစွာ နှစ်လ ကျော်ကြာခံစားနေရသော်လည်း အကျဉ်းထောင်အာဏာပိုင်ဘက်မှ ကျန်မာ‌ရေးစောင့် ရှောက်မှုလုံလောက်စွာ ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် သေဆုံးခဲ့ရတာလို့ အကျဉ်းဦးစီး နဲ့ နီးစပ်သူတွေဆီက နေသိရပါတယ်။ အကျဉ်းဦးစီးနဲ့…

Read More

ချင်းစကားများ အပါအဝင် Google Translate မှာ မပါတဲ့ တိုင်းရင်းသားဘာသာစကား ၁၇၄ မျိုးအတွက် ‘Lexnary’ အဘိဓာန် မိတ်ဆက်

အောက်တိုဘာလ ၁၆ ရက်။ Google Translate မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လူနည်းစု ဘာသာစကားတွေ အပါအဝင် ဘာသာစကားပေါင်း ၂၀၅ မျိုးကို အပြန်အလှန် ရှာဖွေနိုင်မယ့် ‘Lexnary’ အမည်ရှိ အခမဲ့ အဘိဓာန် ပလက်ဖောင်းတစ်ခုကို ကိုယ်တိုင် တည်ဆောက်ပြီး ဇိုမီတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော် (Zomi Khuado Pawi) ကို ဂုဏ်ပြုတဲ့အနေနဲ့ မျှဝေလိုက်တယ်လို့ နည်းပညာဖန်တီးသူ David Mung က ပြောပါတယ်။ Lexnary ကို စမ်းသပ်အသုံးပြုလိုပါက https://lexnary.com နဲ့ Facebook Page: https://www.facebook.com/profile.php?id=61595117946685 တို့မှာ ကြည့်ရူ့ လေ့လာနိုင်ပါတယ်။ အဆိုပါ Lexnary အဘိဓာန်မှာ ဘာသာစကား ၂၀၅ မျိုး ပါဝင်တဲ့အနက် ၁၇၄…

Read More

ပြည်နယ်အမည်တွေ ပြောင်းလဲသတ်မှတ်ဖို့ ဦးမင်းအောင်လှိုင်ပြော

အောက်တိုဘာလ ၁၆ ရက်။ ပြည်နယ်တွေကို ဒေသအတွင်း နေထိုင်အတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်နိုင်ရေး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ မနေ့အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံရောယှက် နေထိုင်ကြပြီး ဥပမာ အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့လည်း ဦးမင်းအောင်လှိုင်ကပြောပါတယ်။ “ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်…

Read More

CNF,KNU , ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ ဦးမင်းအောင်လှိုင် ထပ်မံဖိတ်ခေါ်

အောက်တိုဘာလ ၁၅ ရက်။ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်က ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် KNU ၊ ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။ NCA နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel မှာ ကျင်းပခဲ့တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က Video Message ကတဆင့် အဖွင့်မိန့်ခွန်းပြောတဲ့ချိန် အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF…

Read More

ကလေးမြို့နယ် စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးစတင်ဆောင်ရွက်နေပြီလို့ သိရ

အောက်တိုဘာလ ၁၄ ရက်။ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ကျေးရွာကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ကျေးရွာဒေသခံတစ်ဦးက “ရွာအတွင်း ပြန်လည်အခြေချ မနေထိုင်နိုင်တာ ကြာပြီ ဘာကြောင့်လည်းဆိုရင် စစ်တပ်နဲ့ တာ်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် စိုးရိမ်ပြီး မဝင်လာရဲကြတာတွေကြောင့် ဒီကနေ့ ကစလို့ မိုင်းရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်” လို့ပြောပါတယ်။ ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်မလာနိုင်တာ နှစ်တွေကြာပြီဖြစ်ပြီး ရပ်ကွက်လမ်း နေအိမ်တွေလည်း ချုံတွေ ပေါင်းတွေများစွာဖြင့် ဖုံးလွမ်းတာတွေဖြစ်ပြီး ကျေးရွာအတွင်း လမ်းတွေကိုလည်း JCB ကားအကြီးတွေနဲ့ ပြန်ရှင်းလင်းတာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။…

Read More

ကလေးမြို့က ပုဂ္ဂလိကဆေးရုံ ၂ ခုကို စစ်ကောင်စီက ပိတ်သိမ်းခိုင်း

အောက်တိုဘာလ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ Royal City ဆေးရုံနဲ့ ချမ်းမြေ့ဆေးရုံ တို့ကို လိုင်စင်သက်တမ်းမတိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံကို နှစ်ရက်အတွင်း အပြီးပိတ်သိမ်းခိုင်းကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပိတ်သိမ်းခံရမယ့် ဆေးရုံတွေဘက်ကတော့ မြို့နယ် ၊ တိုင်းအထိ သက်တမ်းတိုးဖို့ စာတင်ထားပေမယ့် အထက်ကို မရောက်ဘဲ အောက်ခြေမှာတင်ပျောက်နေတာလို့သိရပြီး အောက်တိုဘာလ ၁၂ ရက်နေ့ကစလို့ အပြီးပိတ်ကြောင်းကို ဆေးရုံတွေဘက်က စာတင်လိုက်ရတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နေဒေသခံတစ်ဦးက “ဆေးရုံဘက်က မြို့နယ်ရယ် တိုင်းအထိတင်တယ် ဒီကြားထဲ ဘယ်လိုဖြစ်လို့ မကျလဲမသိဘူးပေါ့နော် သူတို့အကြောင်းပြတာတော့ လိုင်စင်သက်တမ်းမတိုးလို့ဆိုပြီးမှ အကြောင်းပြတယ်တဲ့ ၂ ရက်အတွင်း အပြီး ပစ္စည်းတွေရွှေ့ခိုင်းတာ ပိတ်သိမ်းခိုင်းတာလို့ ကြားတယ် ချမ်းမြေ့နဲ့ Royal…

Read More

IBA Human Rights Award 2026 ဆုကို ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ရရှိ

အောက်တိုဘာလ ၁၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ချင်းအမျိုးသမီး ဒေါ်ဇာလီအေးကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့နှစ်ပတ်လည်ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ဆု ( IBA Human Rights Award 2026 )ဆု ကို လူကိုယ်တိုင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဂုဏ်ပြုဆုဟာ တစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်သာမက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတိုအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အတူတကွ ရပ်တည်ကြိုးပမ်းခဲ့ကြသူများအားလုံး၏ စေတနာ၊ ယုံကြည်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတိုကိုပါ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုတစ်ရပ်အဖြစ် ခံယူမိတယ်လို့လည်း ဒေါ်ဇာလီအေးက ၎င်းရဲ့ ဖေ့ဘုတ်မှာ…

Read More

ရန်ကုန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ချင်းအမျိုးသမီး ၁ ဦး သေဆုံး

အောက်တိုဘာလ ၁၁ ရက်။ မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ၊ မနက်ပိုင်း (၇) နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၆) ရပ်ကွက် ၊ မင်းဓမ္မလမ်း ၊ MCC ခန်းမရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မကျိန်လန်းကိန် ၃၄ နှစ် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ မနေ့ မနက်ပိုင်းက ကျား (၁) ဦး၊ မ (၄) ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာ ဓာတ်တိုင်ကို မတော်တဆ တိုက်မိခဲ့ပြီး ကျား (၁) ၊ မ (၂) ဦး သေဆုံးခဲ့ပြီး ကျန်တဲ့…

Read More

နေပြည်တော်မှာ အရှိုချင်းမိသားစုဝင် ၄ ဦး နေအိမ်အတွင်း လက်နက်ကိုင်တစ်စုရဲ့ ပစ်သတ်ခံရ

အောက်တိုဘာလ ၉ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာမှာ နေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား မိသားစုဝင် ၄ ဦး ဟာ အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်အတွင်း မိသားစုအလိုက် သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက လက်နက်ကိုင်ဆောင်ထားသူ လူ ၆ ဦးက နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက်ကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ နီးစပ်သူတွေဆီကနေသိရပါတယ်။ အရှိုချင်းအမျိုးသားတစ်ဦးက “ လိုင်းပေါ် သတင်းထွက်လာမှ ကျ​ေိနာ်လည်း သိရတာပါ နေအိမ်ထဲထိ ဝင်ပြီး သေနတ်နဲ့ မိသားစုဝင် ၄ ယောက်လုံးကို အနီးကပ် ပစ်သတ်သွားတယ်လို့ သိရတယ် သူတို့ မိသားစုက တောင်ယာလုပ်ကိုင်ကြတဲ့ မိသားစုတွေလည်း ဖြစ်တယ် ဘာကြောင့်…

Read More

မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ ဆောင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ် ဆက် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ (၈) ရက်နေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ – မလေးရှား နှစ်နိုင်ငံ တွေ့ဆုံပွဲအတွင်း တရားဝင် ပြောကြားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာဘက်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေး တောင်းဆိုချက်အပေါ် မြန်မာဘက်က အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့တာကို အထူးပဲ ကျေးဇူးတင်တယ်လို့ ဦးစွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ…

Read More