အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်က NCA ကို ပြန်အသက်သွင်းပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် အယုံအကြည်မရှိဘူးလို့ CNF တုံ့ပြန်
ဧပြီလ ၂၁ ရက်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ် အယုံအကြည် မရှိနိုင်တဲ့အကြောင်း ချင်းအမျိုးသားတပ်ဦး ( CNF )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ CNF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က မနေ့ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦး ( CNF ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မင်းအောင်လှိုင်ဟာ NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်နေတာဆိုတော့ ဒုံယင်းပဲဖြစ်မှာပါ၊ ဆိုတော့ ကျနော်တို့အနေနဲ့…

