Headlines

admin

မင်းတပ်မြို့နယ်ကပြည်သူတွေကို လေကြောင်းသတိရှိဖို့ CDF-Mindat ကအသိပေး 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကပြည်သူတွေကို မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများနှင်လေကြောင်းပျံသန်းမှုများကိုဆက်တိုက်ပြုလုပ်နေသည့်အတွက် လေကြောင်းသတိ ၊လေကြောင်းသတိရှိပေးကြပါရန် အသိပေးအပ်ကြောင်း CDF-Mindat က ဒီနေ့ဩဂုတ်လ ၁၁ ရက်မှာအသိပေးကြေညာထားပါတယ်။   ဩဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့မင်းတပ်မြို့ပေါ်၊ အရှေ့ပြင်ရပ်ကွက်၊ ဘန်ကလိုအနီးရှိ ဥယျာဉ်ခြံထဲမှာဒေသခံအသက် ၃၀ ကျော် အမျိုးသမီးတဦး သေဆုံးပြီး သမီးဖြစ်သူ လက်နဲ့ ခေါင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ The Mindat Post ရဲ့သတင်းအရသိရပါတယ်။  ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်က မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့သောလို့စာသင်ကျောင်း နှင့် အရပ်သားနေအိမ်တချို့ထိခိုက်ပျက်ဆီးသွားတယ်လို့မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။  မင်းတပ်မြို့နယ်အတွင်း ယခုရက်ပိုင်းအတွင်းစစ်ကောင်စီက လက်နက်ကြီး…

Read More

မတူပီမြို့အတွင်း ပြည်သူတွေ မကြာမီဝင်ရောက်နေထိုင်နိုင်တော့မယ်လို့ မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့အသိပေး

ချင်းပြည်နယ် မတူပီမြို့အတွင်း ပြည်သူတွေ မကြာမီ ဝင်ရောက်နေထိုင်နိုင်တော့ မယ့်အကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၈ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။ မတူပီမြို့တွင်း ပြည်သူတွေနေထိုင်နိုင်ဖို့ လိုအပ်ချက်လုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီဖြစ်လို့ ပြည်သူတွေ မကြာမီ ဝင်ရောက်နေထိုင်နိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတူပီမြို့အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်ရေရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ CDF-Matupi တပ်မဟာ(၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ဇွန်လ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Read More

ကျီခါးမြို့နဲ့ တွန်းဇံမြို့နယ်တို့မှာ ZRO/A အနေနဲ့ တပ်စွဲနေရာယူခြင်း မလုပ်ဖို့ CDF – Tonzang က သတိပေးတားမြစ်

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ကျီခါးမြို့အပါဝင် တွန်းဇံမြို့နယ်တစ်ခုလုံးမှာ  ZRO/ZRA တပ်ဖွဲ့တွေအနေနဲ့ တပ်စွဲနေထိုင်ခြင်း မပြုလုပ်ဖို့  CDF – Tonzang က ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က တွန်းဇံမြို့နယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျီခါးမြို့နဲ့တွန်းဇံမြို့နယ်တစ်ခုလုံးမှာ  Chinland Council ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတပ်စွဲနေရာယူခဲ့ပြီးဖြစ်လို့  ZRO/A အနေနဲ့ တပ်စွဲနေရာယူခြင်း လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်။ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRO/A) အနေနဲ့ တားမြစ်ချက်တွေကို လိုက်နာမှုမရှိပါက စစ်ရေးဖြင့် ပြင်းထန်စွာ အရေးယူမယ်လို့လည်း CDF – Tonzang က သတိပေးထုတ်ပြန်ထားပါတယ်။ တွန်းဇံမြို့ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က အပြီးသတ်…

Read More

ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခြင်း ခံရသော်လည်း ZCD ပါတီအနေဖြင့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေး အတွက် ဆက်လက် လုပ်ဆောင်မယ်လို့ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်ခြင်း ခံရတဲ့ ချင်းပြည်နယ်အခြေစိုက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်Zomi Congress for Democracy (ZCD)ပါတီ အနေဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက် People’s Representative Committee for Federal (PRCF) အတွင်းရှိ မဟာမိတ် အဖွဲ့များ နှင့်အတူ ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ် လို့  ဩဂုတ်လ ၉ ရက်မှာ ZCD ပါတီက ဇိုမီးချင်းဘာသာ စကားဖြင့် ကြေညာချက်ထုတ်ပြန်သွားပါတယ်။ ZCD ပါတီ ဥက္ကဌ ပူဂင့်ကမ်းလျန်း မှ ဒီနေ့ဩဂုတ်လ ၉ ရက်မှာ ရုပ်သံမိန့်ခွန်း ပြောကြားရာမှာ “၁၉၉၂ တုန်းကလည်း ၁၉၉၃ မှာ ကျင်းပမယ့် အမျိုးသား…

Read More

ချင်းပြည်နယ်ကနေ AA ထွက်ခွာပေးဖို့ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်မြို့မှာ ချင်းစစ်ဘေးရှောင်တွေကဦးဆောင်ပြီး ဆန္ဒ ထုတ်ဖော် 

  ချင်းပြည်နယ်ကနေ ရက္ခိုင့်တပ်တော် (AA) ထွက်ခွါပေးဖို့ အိန္ဒိယနိုင်ငံ၊မီဇိိုရမ်ပြည်နယ် ၊လောင်တလိုင်မြို့မှာ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ချင်းစစ်ဘေးရှောင်တွေက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။  “ချင်းပြည်နယ်မှ AA ထွက်ခွါပေးရန် ၊ချင်းပြည်ကောင်စီကို ထောက်ခံသည် “ စတဲ့ စာတန်း၊အကြောင်းအရာတွေကို ဆန္ဒပြတဲ့ ချင်းစစ်ဘေးရှောင်လူစုက ပိုစတာကိုင်ဆောင်တာ ၊ မိန့်ခွန်းပြောတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။   ဒီနေ့ပြုလုပ်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေထဲက မတူပီမြို့နယ်က စစ်ဘေးရှောင်တွေက အဓိက ဦးဆောင်ပြီး ထန်တလန်၊ ဟားခါးနယ်ဘက်က စစ်ဘေးရှောင်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ 

Read More

မင်းတပ်မှာ ၆ လ အတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးကာ၊ပြည်သူ ၅၀ ကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၆ လတာအတွင်း အပြစ်မဲ့ပြည်သူ ၈ ဦး(မြို့နယ်ပြင်ပသို့ ကယ်ရီသမားအဖြစ်သွားခဲ့ကြသည့်ပြည်သူ ၆ ဦး အပါအ၀င်) နှင့် CDF တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၁၁ ဦးသေဆုံးကာ ၊ပြည်သူ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ် )ကဒီကနေ့ သြဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၆ လတာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၈၆) ကြိမ်လုပ်ခဲ့ပြီး အရပ်သား ပြည်သူနေအိမ် ၅၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း ၁ လုံး နဲ့ စာသင်ကျောင်း ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့ပြင်…

Read More

ရိဒ်နယ်စပ်ဂိတ်အား ၂ ပတ် ကြာတဲ့အထိ အိန္ဒိယအာဏာပိုင်များက ပြန်မဖွင့်သေးလို့နယ်စပ်ကုန်သွယ်ရေးရပ်တန့် နေ 

  ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် ၂ နယ်စပ်ဂိတ်ဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်အား ကွမ်းသီးခြောက်များ အိန္ဒိယနိုင်ငံထဲသို့ တရားမဝင်တင်သွင်းနေတယ်ဆိုတဲ့တိုင်ကြားချက် ကြောင့် အိန္ဒိယအာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ ယာယီပိတ်ထားကြောင်းသိရပြီးဒီနေ့ ဩဂုတ်လ ၈ ရက် အထိ ၂ ပတ် ကြာတဲ့အထိကုန်ပစ္စည်းသယ်ယူခွင့်ကို အိန္ဒိယဘက်က ပြန်မဖွင့်သေးလို့ နယ်စပ်ကုန်သွယ် ရေးရပ်တန့် နေ ကြောင်း နယ်စပ်ကုန်သည် တွေဆီကသိရပါတယ်။ မြန်မာဘက်မှ ပဲမျိုးစုံနှင့် အခြားကုန်စည်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အိန္ဒိယဘက်မှ ဆေးဝါးနှင့် အခြား ကုန်စည်များကို အဓိက တင်သွင်းနေတာဖြစ်ပါတယ်။အိန္ဒိယနယ်စပ်အနီးဝန်းကျင်က ဒေသခံတွေ စားသောက်ဖို့ တနိုင်တပိုင် ဝယ်ယူဖို့ကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ မြန်မာ – အိန္ဒိယ…

Read More

ဟားခါး-ထန်တလန်အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ

  CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့မကြာသေးမီရက်ပိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် ဩဂုတ်လ ၆ ရက်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A )ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကChin World Media ကိုပြောပါတယ်။ “ထန်တလန်မြို့ထဲ စစ်ရေး ပြင်းထန်ဆဲပါ၊ ဖိုက်တာလည်းဆက်တိုက်လာနေတယ်၊ထန်တလန်က တိုက်တာ အဆောက်အဦးတွေများတော့ စကစ အတွက် ပုန်းခိုမည့်နေရာတွေ များတယ်၊ကျနော်တို့ရပြီးသားနေရာတွေကို ဗုံးကြဲနေတယ်”လို့ ဆလိုင်းထက်နီကပြောပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီးဩဂုတ်လ ပထမအပတ်အတွင်း ဟားခါး-ထန်တလန်အကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်ရဲ့ အဓိကစခန်းဖြစ်တဲ့ ခလရ (၂၆၉) တပ်ကုန်းအပါအ၀င် ဟားခါး-ထန်တလန်းကြား စစ်ကောင်စီစခန်း ၇ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးလည်း လက်နက်အပြည့်အစုံဖြင့် ဩဂုတ်လ…

Read More

မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ် ကာလအတွင်း(၂၀၂၂၊ဇူလိုင်လမှ ၂၀၂၄ ၊ဇူလိုင်လ)စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာများအပါအဝင် အဆောက်အဦ ၁၃၇ လုံး ပျက်စီးခဲ့ ေကြာင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်က မင်းတပ် – မတူပီလမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ လေတပ်က အသွားအပြန်နှစ်ကြိမ်ထက်မနည်း ဗုံးကျဲ တို၊က်ခိုက်ခဲ့လို့ လူ၁ ေယာက် မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ေန အိမ် ၂ လုံးထိခိုက်ခဲ့ ေကြာင်းသိရပါတယ်။ဇူလိုင် ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နဲ့ ၅…

Read More

ဖမ်းထားတဲ့ ယာဉ်မောင်း ၁၃ ဦးကို သြဂုတ်လ ၂၃ ရက်နေ့ကျရင်ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်တွေကို ချိုးဖောက်မှု၊ ပြည်သူလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်တဲ့ ရဲဘော်တွေကို ရိုက်နှက်ဆဲဆို အကြမ်းဖက်တာတွေကြောင့် ဇူလိုင်လ ၈ ရက်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်ယာဉ်မောင်း ၁၃ ဦးကို ပြစ်ဒဏ် ၄၅ ရက်ပြည့်မယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ဒေသခံတချို့ဆီက သိရပါတယ်။ ကလေးခရိုင်၊ကလေးဝမြို့နယ် မဟာမြိုင်လမ်းပေါ်က အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လဆန်းကစလို့ ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့စဉ် ယင်းလမ်းပေါ်မှာ စစ်ရေးအခြေအနေအရ ဖြတ်သန်းခွင့် ၁ လ အကြာ ပိတ်ခဲ့ရာတိုက်ပွဲနဲ့ သုံးမိုင်အကွာမှာ ကုန်တင်ယာဉ်အစီး ၃၀၀ နီးပါး ပိတ်မိခဲ့တယ်လို့လည်း သိရပါတယ်။ ဇူလိုင်လ ၈ ရက်က တားမြစ်ဧရိယာကို ကုန်ကားတွေ မောင်းနှင်လာလို့ တားဆီးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို…

Read More