
ဇွန်လ ၇ ရက်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ဇွန်လ ၇ မနက်ခင်းမှာ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့်နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ မင်းတပ်ဒေသခံ HKL Mindat က Facebook မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဇွန်လ ၇ ရက် မနက် ၁ နာရီမှာ တစ်ကြိမ်၊ မနက် ၁၁ နာရီဝန်းကျင်မှာ နှစ်ကြိမ် စုစုပေါင်း လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတာခဲ့တာလို့ HKL Mindat က ပြောပါတယ်။
ဇွန်လ ၂ ရက်ကနေ ဒီကနေ့အထိ နေ့စဉ်ဆက်တိုက် စစ်ကောင်စီက မင်းတပ်မြို့နေရာအနှံ့ကိုဗုံးကြဲတိုက်ခိုက်နေပါတယ်။
Photo By HKL Mindat

