Headlines

admin

ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံတဲ့ ကျောင်းသား/သူ ၂၃၀၁၀ ဦးရှိ

ဇွန်လ ၂ ရက်။ ချင်းပြည်နယ်မှာ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ဇွန်လ ၂ ရက်အထိ ကျောင်းအပ်နှံ ပညာသင်ကြားလျက်ရှိတဲ့ ကျောင်းသူ၊ ကျောင်းသား လူဦးရေ စုစုပေါင်းဟာ ၂၃,၀၁၀ ဦး ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝှမ်းစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ တီးတိန်နဲ့တွန်းဇံမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းတွေကိုလည်း စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာတွေကို စတင်သင်ကြားပေးနေပြီလို့ သိရပါတယ်။ တီးတိမြို့နယ်အတွင်း ဒီကနေ့ အထိ KG ကနေ Grade – 12 အထိ ကျောင်းသား၊ ကျောင်းသူ (၁၀၄၅၇) ဦးနဲ့…

Read Full News

ချင်းပြည်နယ်က မြို့ ၃ မြို့အတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် ၈ တန် ကလေးမြို့ကို ရောက်ရှိ

ဇွန်လ ၁ ရက်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့တွေမှာ ပြန်လည် ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် APTERR အစီအစဉ်အရ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ဆန် (၈) တန် ဟာ မေလ ၃၁ ရက်နေ့ ကလေးမြို့ကို ရောက်ရှိလာပြီဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေကို အမြန်ဆုံး ပို့ ဆောင်ဖြန့်ဝေသွားမှာဖြစ် တယ်လို့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ တွန်းဇံမြို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ဆန်ရိက္ခာ ပေးပို့ဖြည့်တင်းနိုင်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို သက်ဆိုင်ရာဒေသတွေကို အချိန်မှီပို့ဆောင်နိုင်ရေး တို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံက လှူဒါန်းလိုက်တဲ့…

Read Full News

တွန်းဇံမြို့တွင်း ဒေသခံပြည်သူတွေ ပြန်လာနေထိုင်လို့ရပြီလို့ ZRA – EC ဘက်က အသိပေး ထုတ်ပြန်လာ

ဇွန်လ ၁ ရက်။ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ ကနေ့ ကစလို့ နေရပ်ပြန်လာလို့ ရပြီလို့ Zomi Revolutionary Army – Eastern Command (ZRA – EC) ဘက်က ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိဒေသတွင်း လုံခြုံရေးအခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ဒီကနေ့ ကစလို့ မိမိနေအိမ်ကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ပြီး ဒေသခံပြည်သူတွေ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း ZRA – EC ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။…

Read Full News

ပလက်ဝမြို့နယ်က စက်လှေသမားတစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ရင်း နေရပ်ပြန်မရောက်နိုင်လို့ မိသားစုဝင်တွေ စိတ်ပူပန်နေကြ

ဇွန်လ ၁ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကိုဖေရှေကျေးရွာနေ အသက် ၃၂ နှစ်ဝန်းကျင်အရွယ်ရှိ ချင်းအမျိုးသား တစ်ဦး ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းပို့ဆောင်ခဲ့ရာကနေ ပြန်မရောက်တော့တာ ရက်သတ္တပတ် ကြာတဲ့အထိ ဘာသတင်းအစအနမှ မသိရတာကြောင့် မိသားစုဝင်တွေ စိတ်ပူနေတဲ့ကြောင်း Chin World Media ကို ပြောပါတယ်။ မိသားစုဝင်တစ်ဦးက “ စက်လှေနဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်ရင်း ပြန်မရောက်လာတာ (၇) ရက် တစ်ပတ်ပြည့်သွားပြီ သူ့အသက်က ၃၂ ဝန်းကျင်လောက်ရှိပြီ ။ စက်လှေကိုတော့ ရခိုင်ပြည်နယ်ရဲ့ ကျေးရွာတစ်ရွာမှာ ရှိနေတယ်လို့ ပြောကြပေမယ့် လူကိုတော့ ဘာသတင်းအစအနမှ မသိရဘူး အကယ်လို့ အေအေ လက်နက်ကိုင်တွေကအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ် ဘာလို့လဲဆိုရင် လှေသမားတွေက ပစ္စည်းပိုင်ရှင်တွေရဲ့ အလိုအတိုင်း…

Read Full News

နာမည်အမျိုးမျိုးနဲ့ပြန့်ကြဲနေကြတဲ့ လူမျိုးစုကြီးကို Joshua Van က စုစည်းပေးနိုင်ခဲ့ပြီ

မေလ ၃၁ ရက်။ မေလ ၃၀ ရက်ညက ကျင်းပတဲ့ Mizoram MISMA ပွဲမှာ အိန္ဒိယနိုင်ငံ၊Mizoram ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က “ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကြောင့် နိုင်ငံအသီးမှာ အကွဲကွဲအပြားပြား နာမည်အမျိုးမျိုးနဲ့ပြန့်ကြဲနေကြတဲ့ ချင်း/မီဇို/ကူကီး စတဲ့ လူမျိုးစုကြီးကို UFC ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van က စုစည်းပေးနိုင်ခဲ့ပါပြီ” လို့ပြောကြားခဲ့ပါတယ်။ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မေလ ၂၉ ရက်နေ့မှာ နယူးဒေလီမြို့မှတဆင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်နေ့ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ MISMA Fight Night” ပွဲစဉ်ကို အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်ကို အလည်အပတ်ရောက်ရှိလာတဲ့…

Read Full News

ချင်းပြည်နယ်တောင်ပိုင်းအတွင်း စစ်ကော်မရှင်ရဲ့ အလုံးအရင်း ထိုးစစ် အလားအလာ ဘယ်လိုရှိနေပါသလဲ ?

ချင်းပြည်နယ်တောင်ပိုင်း၊ ယောဒေသနဲ့ ပုံတောင်ပုံညာဒေသတစ်ကြောမှာ ပြီးခဲ့တဲ့ မေလလယ်ကစပြီး စစ်ကော်မရှင်တပ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ယနေ့အထိ ၁၀ ရက်ဝန်းကျင်ခန့် ထိတွေ့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ စစ်ကော်မရှင်ဟာ ယောနယ်တောင်ပိုင်းကိုဦးတည်ပြီး မေလ ၁၁ ရက်နေ့ကတည်းက ကပစ (၂၄) မှ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအင်အား ၁,၅၀၀ ဝန်းကျင်၊ စစ်ကားအစီးရေ ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တာပါ။ မေလ ၂၆ ရက်နေ့မှာတော့ ကျောက်ထုမြို့ရှိ အမတ (၃၆၈) တပ်အတွင်းကို ဝင်ရောက်စခန်းချပြီး ကျောက်ထုဘုရားကုန်း၊ စိုက်ပျိုးရေးရုံး၊ ကျောက်ထုဘဏ်နဲ့ ဂုံဘိုရပ်ကွက် ရေသန့်စက်တွေအနီးမှာ အင်အားဖြန့်ကြက် နေရာယူထားပါတယ်။ မေလ ၂၈ ရက် နံနက်ပိုင်းမှာတော့ ကျောက်ထု အမတ (၃၆၈) ကနေ အင်အား ၃၀၀…

Read Full News

CDF – Hakha တပ်ဖွဲ့ရဲ့ ဦးဆောင်သူ အချင်းချင်း စကားများရာကနေ ဒုဥက္ကဌဟောင်း သေနတ်မှန်ကျဆုံးခဲ့ရ

မေလ ၁၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling ) တို့ မေလ ၁၅ ရက် စကားများရာကနေ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆလိုင်းဆန်လင်း ကျဆုံးခဲ့ရတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဆလိုင်းဇကျုံးလျန် ( Salai Za Cung Lian ) နဲ့ ဒုဥက္ကဌ ဟောင်း ဆလိုင်းဆန်လင်း ( Salai Sang Ling) တို့အကြား ပုဂ္ဂိုလ်ရေး အငြင်းပွားရာကနေ ဆလိုင်းဇကျုံးလျန်…

Read Full News

ကလေးမြို့အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက တန်းတူညီမျှခွင့်အတွက် အစာငတ်ခံဆန္ဒပြခဲ့

မေလ ၁၅ ရက်။ ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် တန်းတူညီမျှခွင့် ရရှိရေးအတွက် မေလ ၂ ရက်နေ့တွင် ထောင်မှကျွေးသော ထမင်းကို မစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ( PPNM) ရဲ့ ဒီကနေ့ မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလို ဆန္ဒဖော်ထုတ်ရခြင်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်သည် အကျဉ်းသားများအကြား တရားမျှတမှုနှင့် တန်းတူညီမျှမှု လုံးဝမရှိခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်၍ ခွဲခြားဆက်ဆံခြင်းတို့ကြောင့် ဖြစ်တယ်လို့လည်း PPNM က ဆိုပါတယ်။ ဆန္ဒပြပွဲတွင်…

Read Full News

ချွန်ကျုံးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်မှ ၄ ဦး သေဆုံး၊၈ ဦး ဒဏ်ရာရ

မေလ ၁၅ ရက်။ ဖလမ်း – ဟားခါး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သွားကြိုဖို့ ထွက်လာတဲ့ ဟားခါး စစ်ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကြောင်းဟာ မနေ့မေလ ၁၄ ရက်နေ့က ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးမှာ (Chinland Council ) အစိုးရ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ဗျူဟာမှူးနဲ့ အရာအရှိ အပါအဝင် တပ်သား ၈ ဦး ဒဏ်ရာရကာ ၊ ၄ ဦး သေဆုံးခဲ့ပြီး ချွန်ကျုံးရွာကိုက နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF / CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက ပြောပါတယ်။ CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “…

Read Full News

မလေးရှားဒုက္ခသည်စခန်းမှသည် UFC ကမ္ဘာ့ချန်ပီယံဆီသို့

မေလ ၁၅ ရက် အောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေ ရှိစမြဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော UFC တိုက်ခိုက်ရေးသမား Joshua Van အတွက်တော့ အဲဒီခရီးလမ်းဟာ မလေးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကနေ စတင်ခဲ့တာဖြစ်ကြောင်း အမေရိကန်အခြေစိုက် နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ The Straits Times က ‘ဒုက္ခသည်စခန်းမှသည် ကမ္ဘာ့ချန်ပီယံဆီသို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အထူးတလည် ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က New Jersey ပြည်နယ်၊ Newark မြို့မှာ ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာ Joshua Van ဟာ ဂျပန်နိုင်ငံသား Tatsuro Taira ကို အလဲထိုး (TKO) နဲ့ အနိုင်ယူပြီး သူရဲ့ UFC Flyweight ကမ္ဘာ့ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာရှမှာမွေးဖွားပြီး UFC ချန်ပီယံဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အမျိုးသား တိုက်ခိုက်ရေးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မွေးဖွားခဲ့တဲ့ Joshua Van ဟာ အသက် ၁၀ နှစ်သားအရွယ်မှာ နိုင်ငံရေးနဲ့…

Read Full News