Headlines

ဟားခါးမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေထဲ စားနပ်ရိက္ခာအခက်ခဲ ပိုကြုံနေရသူတွေကို ဆန်နဲ့ဆီ ထောက်ပံ့ပေးမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။

ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်မှာ စစ်ဘေးရှောင်နေထိုင်နေတဲ့ ပြည်သူတွေထဲကနေ စားနပ်ရိက္ခာနဲ့အခက်အခဲပိုကြုံနေရသူတွေကို ဆန်နဲ့ စားသုံးဆီ အနည်းငယ်ကို အသင်းတော်သင်းအုပ်ဆရာတွေကနေ တဆင့် ကူညီထောက်ပံ့သွားမှာဖြစ်တယ်လို့ Hakha Township Internally Displaced Persons Management Committee (HTIDPMC) ရုံးက ဇွန်လ ၉ ရက်နေ့က အသိပေးထားပါတယ်။

အခက်အခဲရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဟားခါးမြို့က အသင်းတော် ဘုရားကျောင်း အသီးသီးက သင်းအုပ်ဆရာတွေကနေ တဆင့် လာရောက်ဆက်သွယ်ပြီး ထုတ်ယူရမှာဖြစ်ပြီး ဘုရားကျောင်း တစ်ကျောင်းတစ်ခုက အိမ်ထောင်စု ၃ စုကနေ ၅ စုအထိ ထောက်ပံ့ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

HTIDPMC ရုံးမှာလည်း ဇွန်လ ၁၀ ရက်နေ့ကစလို့ ဇွန်လ ၂၆ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စားနပ်ရိက္ခာ အခက်အခဲ ပိုမိုအခက်ခဲကြုံနေရတဲ့ စစ်ရှောင်တွေအတွက် ဒီထောက်ပံ့ပေးမှုကို ဘုရားကျောင်းတွေ၊ အိမ်ထောင်စုတွေနဲ့ တစ်ဦးချင်း အလှူရှင်တွေက လှူဒန်းခြင်းဖြင့် စီစဉ်ဆောင်ရွက်တာလို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် ဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်ပြည်သူထောင်နဲ့ချီ ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *